-->
×

Warning

JUser: :_load: Unable to load user with ID: 29


Online Shopping ကနေ တကယ်ဆိုင်ဖွင့်ချင်သူတွေအတွက် Idea ကောင်းများ

Online Shopping ကနေ တကယ်ဆိုင်ဖွင့်ချင်သူတွေအတွက် Idea ကောင်းများ Google

 

Online Shopping လုပ်ရတာ အပြိုင်အဆိုင်တွေများလာတယ်။ မရောင်းရတော့ ပစ္စည်းတွေကျန်နေတယ်။

ကိုယ်ဟာကို သုံးလိုက်တာနဲ့ အရင်းထိသွားတယ်။ လူတွေက စုံစမ်းတယ်၊ မေးခွန်းတွေအများကြီးလဲ ဖြေပြီးရော မဝယ်ကြတော့ဘူး။ ကိုယ့် Online Page လေးက Fan နည်းတော့ သိပ်မယုံကြဘူးလား မသိဘူးဆိုတဲ့သူတွေအတွက် အောက်မှာအသုံးဝင်စေမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဘယ်မှာရောင်းတာလဲ။ Customer တွေလာလို့လွယ်တဲ့ ဘယ်နေရာမဆို ရပါတယ်။ ကိုယ့်အိမ်မှာ၊ တိုက်ခန်းအလွတ်မှာ၊ ဆိုင်ခန်းအလွတ်မှာ၊ ကားဂိုထောင်မှာ။ ကိုယ်နဲ့သိတဲ့ သူများဆိုင်မှာ ဥပမာ အလှပြင်ဆိုင်၊ စာအုပ်ဆိုင်၊ ကော်ဖီဆိုင်။ ကိုယ့်အတွက် နေရာအတွက် အကုန်အကျမရှိလေ ကောင်းလေပဲ။

၂။ ဘယ်လောက်ကြာကြာလုပ်မှာလဲဆိုတာကတော့ အမျိုးမျိုးပေါ့။ ၁ ပါတ်ကို ၁ ရက်၊ ၁ ပါတ်ဆက်တိုက်။ ဒါမှမဟုတ် ၂ ရက်တည်း။ Customer တွေက အချိန်မရွေးသွားဝယ်လို့ရတာနဲ့ယှဉ်ရင် အချိန်ကာလ Limited ဖြစ်ရင် အဲဒီအချိန်အတွင်းမှာ လာဖို့ပို အားသန်ပါတယ်။

၃။ အချို့ Customer တွေက မိတ်ဆွေရောင်းတဲ့ပစ္စည်းကို စိတ်ဝင်စားပြီးသား ဒါပေမယ် သူတို့ကဘာဝယ်ဝယ် ကိုင်ကြည့်၊ နမ်းကြည့်ပြီးမှ ဝယ်လေ့ရှိတဲ့လူတွေ။ အဲဒီလိုလူတွေအတွက် အခွင့်အရေးပေးလိုက်ပါ။

၎။ ရောင်းမထွက်တဲ့ ပစ္စည်းတွေလည်းရောင်းနိုင်ပါတယ်။ Color, Size မစုံတော့လို့ ရောင်းရခက်နေတဲ့ ပစ္စည်းတွေ အစွံထုတ်နိုင်ပါတယ်။ (ဟောင်းနေတာတို့၊ အနည်းငယ် ပျက်စီးတာတွေကိုလဲ လျှော့ဈေးနဲ့ ရောင်းနိုင်ပါတယ်။) Bundle Deal - ပစ္စည်း ၄-၅ မျိုးလောက် စုပေါင်းပြီး အပုံလိုက်လည်းရောင်းနိုင်တယ်။

အဲလိဇဘက် ဘုရင်မကြီးမှ လူမှုကွန်ရက်များကို စီမံခန့်ခွဲဖို့ Manager ငှားရမ်း

၅။ ကိုယ့်ဖောက်သည်တွေနဲ့ မျက်နှာချင်းဆိုင် ထိတွေ့ဆက်ဆံနိုင်ပါတယ်။ သူတို့နဲ့ တကယ့် Relationship တည်ဆောက်နိုင်တယ်။ သူတို့ဆီက အကြံဥာဏ်တွေတောင်း။ Feedback တွေ တောင်းနိုင်တယ်၊ သူတို့ရဲ့ ပစ္စည်းတွေလိုက်ကြည့်ရင်း ဘယ်လို တုန့်ပြန်နေကြလဲဆိုတာ တိုက်ရိုက်လေ့လာနိုင်တယ်။

၆။ Pop Up Store မှာ ဝယ်ရင် Delivery အတွက် ငွေမကုန်တော့ နဲနဲပါးပါး ဈေးလျှော့ပေးနိုင်တယ်။ ဒါမှမဟုတ် လာလည်တဲ့ Customer တွေကို အအေး၊ ကော်ဖီနဲ့ ဧည့်ခံနိုင်တယ်လေ။

၇။ ပစ္စည်းအသစ်တမျိုး အများကြီးဝယ်မရောင်းခင် Pop Up Store မှာ နဲနဲပါးပါး စမ်းရောင်းကြည့်နိုင်ပါတယ်။

Myanmar Advertising Directory

Read times
Rate this item
(0 votes)