-->
×

Warning

JUser: :_load: Unable to load user with ID: 29


GitHub ကို Microsoft နဲ့ အပြိုင်ဝယ်ယူရာမှာ Google ဘာကြောင့် ရှုံးနိမ့်ခဲ့ရတာလဲ?

GitHub ကို Microsoft နဲ့ အပြိုင်ဝယ်ယူရာမှာ Google ဘာကြောင့် ရှုံးနိမ့်ခဲ့ရတာလဲ? google.com

Google ဟာ Microsoft နဲ့ အပြိုင် GitHub ကို ဝယ်ယူမှုမှာ ရှုံးနိမ့်ခဲ့တယ်လို့ ကုမ္ပဏီအမှုဆောင်တစ်ဦးက ဝန်ခံပြောကြားသွားပါတယ်။

မနေ့က ပြုလုပ်သွားခဲ့တဲ့ Fortune Magazine အခမ်းအနားမှာ "ကျွန်မတို့ အနေနဲ့ GitHub ကုမ္ပဏီ ဝယ်ဖို့ စိတ်ထဲ အရမ်းမထားပါဘူး။ အဆင်ပြေပါတယ်"

လို့ Google ရဲ့ cloud အကြီးအကဲဖြစ်သူ ဒိုင်ယန်ဂရင်း ကပြောခဲ့ပါတယ်။

Google ဟာ Microsoft ရဲ့ ကမ်းလှမ်းမှုတွေနဲ့ အပြိုင် GitHub ကိုဝယ်ယူဖို့ ကြိုးစားခဲ့တယ်လို့ ကောလာဟလ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

GitHub တည်ထောင်သူ ခရစ္စဝမ်စရတ်က အမှုဆောင် အရာရှိချုပ် ဆတ်ရာနာဒယ်နဲ့ ဆက်ဆံရေးကောင်းမွန်မှုကြောင့် Microsoft ကိုရွေးချယ်လိုက်တယ်လို့ သတင်းက ဖော်ပြခဲ့ပါတယ်။

GitHub ဟာ စီမံကိန်းတွေ ၊ သတင်းအချက်အလက်နဲ့ code တွေကို host လုပ်ဖို့ developer တွေနဲ့ ကုမ္ပဏီတွေက အသုံးပြုနေတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ အလွန်ကျော်ကြားတဲ့ code သိမ်းဆည်းထားရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Apple, Amazon, Facebook, Google နဲ့ အခြားနည်းပညာ ကုမ္ပဏီကြီးတွေ များစွာလည်း GitHub ကို အသုံးပြုကြပါတယ်။ GitHub ပေါ်မှာ host လုပ်ထားတဲ့ စီမံကိန်း ၈၅ သန်းရှိပြီး developer ၂၈ သန်း ပါဝင်ထောက်ပံ့ထားပါတယ်။

Microsoft က GitHub ဝယ်ယူလိုက်တာနဲ့ ပတ်သက်ပြီး developer တွေက စိုးရိမ်နေပါတယ်။ "Microsoft က GitHub ကို ကြားနေအဖြစ် ဆက်လက်ထားရှိဖို့ မျှော်လင့်ပါတယ်" လို့ ဒိုင်ယန်ဂရင်းက GitHub ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး မှတ်ချက်ချခဲ့ပါတယ်။

Recommended for you-google shortening ၀န်ဆောင်မှုကို ရပ်ဆိုင်းတော့မယ့် Google

Ref:TheVerge

Source; internet

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသော စာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

 

Directory Book 1

Read times
Rate this item
(1 Vote)