-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရက်သတ္တပတ်ရဲ့ အစဖြစ်တဲ့ Monday မှာအားအင်အပြည့်နဲ့ ဖြစ်သန်းကြည့်ပါ...

ရက်သတ္တပတ်ရဲ့ အစဖြစ်တဲ့ Monday မှာအားအင်အပြည့်နဲ့ ဖြစ်သန်းကြည့်ပါ... google.com

တော်တော်များများက Monday ဆိုရင် "မပြီးစီးတဲ့ အလုပ်တွေဆက်လုပ်ရမှာ ရုံးသွားရမှာတွေ"ကို တွေးပြီး Fresh မဖြစ်ကြတာ များပါတယ်...

 

Friday ဆိုရင်တော့ "Weekend Holidays မှာ ဘာလုပ်မယ်၊ ဘယ်သွားမယ်"ဆိုတာတွေးပြီး ပျော်နေကြတယ်...

Monday ဆိုတာ နေ့တစ်နေ့ပါပဲ!

Friday ဆိုတာလဲ နေ့တစ်နေ့ပါပဲ!

တွေးကြတဲ့ အတွေးပေါ်မူတည်ပြီး ကွဲပြားသွားကြတာပေါ့

ကဲ ဒီလိုဆိုရင် Monday ကိုလဲ ဘယ်လိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြမလဲ??

တနင်္လာနေ့ကိုလည်းတခြားနေ့တွေလိုဘဲပျော်ပျော်ရွှင်ရွှင်၊ အောင်အောင်မြင်မြင်ဖြတ်သန်းသွားချင်တယ်ဆိုရင် တနင်္လာနေ့မှာလည်းပျော်စရာလေးတွေမြင်ကြည့်ပါ၊ တွေးကြည့်ပါ။

တနင်္လာနေ့သည်ဟာလည်းသာယာလှပလာပါလိမ့်မယ်။

နေ့တွေထဲမှာတနင်္လာနေ့တစ်ခုတည်းရှိတာမဟုတ်ပါဘူး။

အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးလည်းရှိပါတယ် ! သောကြာလည်းလာပါလိမ့်မယ်။

အရာရာတိုင်းက မိတ်ဆွေတို့ တွေးနေတဲ့ အတွေးပေါ်မှာပဲ မူတည်နေပါတယ် ။

ဘယ်အရာကိုပဲ လုပ်လုပ်၊ ဘာတွေပဲ ဖြစ်ချင်ပါစေ ကောင်းမွန်တဲ့ ရလာဒ်တွေကိုပဲ တွေးပြီး လုပ်ဆောင်ပါ။

နေ့ရက်တိုင်း ၊ Monday တိုင်းဟာ သာယာလှပတဲ့ နေ့ရက်လေးတွေ အဖြစ်တည်ရှိနေမှာပါ။

ဒီစာလေးက မိတ်ဆွေတို့ရဲ့ Monday အတွက် အားအင်ဖြစ်စေခဲ့တယ်ဆိုရင် ကိုယ့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေအတွက်လဲ ပြန်လည်မျှဝေပေးလိုက်ပါဦး။

Recommended for you-ကြောက်နေရင် တစ်သက်လုံးရှုံးမှာပဲ...

Credit; pyaykhaing

Read times
Rate this item
(1 Vote)