-->
×

Warning

JUser: :_load: Unable to load user with ID: 29


တမူထူးခြား တဲ့ ခေါင်းဆောင်ကောင်းဖြစ်အောင် ဘယ်​လိုလုပ်​မလဲ ?

တမူထူးခြား တဲ့ ခေါင်းဆောင်ကောင်းဖြစ်အောင် ဘယ်​လိုလုပ်​မလဲ ? google.com

နယူးယော့ခ်မြို့မှာရှိတဲ့နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ NEXT JUMP မှာ Charlie Kim ဟာ CEO အဖြစ်နဲ့တာဝန်ထမ်းဆောင်နေတာပါ။

သူဟာ တင်ပြချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီအချက်ကတော့ -

အကယ်၍များ သင့်မိသားစုမှာ ခက်ခဲကျပ်တည်းတဲ့အချိန်ကာလတစ်ခု ရှိလာခဲ့ပြီဆိုရင်၊

သင်ဟာ သင့်ကလေးတစ်ယောက်ကို မိသားစုဝင်အဖြစ်ကနေ ထုတ်ပယ်ပစ်ဖို့ စဉ်းစားခဲ့ဖူးပါသလား ?

ကျွန်တော်တို့ဘယ်တုန်းကမှ စဉ်းစားခဲ့မှာ မဟုတ်ပါဘူး။

အဲဒီလိုပဲ ကျွန်တော်တို့ရဲ့အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့လူတွေကိုလည်း ဘာကြောင့်ကျွန်တော်တို့ဟာ ထုတ်ပယ်ပစ်ဖို့စဉ်းစားကြရမှာပါလဲ။

Charlie ဟာ တစ်သက်တာအလုပ်ခန့်ထားမှု ဆိုတဲ့ မူဝါဒကို အကောင်အထည်ဖော်ခဲ့ပါတယ်။

သင်ဟာ NEXT JUMP မှာအလုပ်ဝင်ခဲ့တယ်ဆိုရင် စွမ်းဆောင်ရည်ဆိုင်ရာကိစ္စကြောင့် ဘယ်တော့မှ အလုပ်ထုတ်ခံရမှာမဟုတ်ပါဘူး။

တကယ်တမ်း စွမ်းဆောင်ရည်လိုအပ်တာရှိရင် သူတို့က သင့်ကိုသင်ကြားပြသပေးမယ်၊ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေပေးသွားပါလိမ့်မယ်။

ကျောင်းမှာ အဆင့် Grade-C ရလာတဲ့ကလေးကို မိသားစုဝင်တွေက ဝိုင်းဝန်းအားပေးကူညီ ကြသလိုမျိုးနဲ့ ဆင်တူပါလိမ့်မယ်။

ဒီအကြောင်းအရာဟာ လူအများစုတွေ့နေရတဲ့ မသိစိတ်ထဲကနေ မုန်းတီးစရာကောင်းတဲ့၊ ဒေါသထွက်စရာကောင်းတဲ့ မတန်တဆလစာတွေ၊

ဆုကြေးခံစားခွင့်တွေယူထားတဲ့ CEO တွေနဲ့တော့ လုံးဝကို ကွာခြားနေပါလိမ့်မယ်။

အဲဒီလို CEO ဆိုးတွေဟာ ခေါင်းဆောင်မှုဆိုတဲ့ အဓိပ္ပာယ်ကို ချိုးဖောက်ဖျက်ဆီးပစ်လိုက်တာပါပဲ။

သူတို့ဟာ အခြေခိုင်မာနေရမယ့် ပေါင်းသင်းဆက်ဆံမှု ဆိုတာကို ဖျက်ဆီးလိုက်တာပါပဲ။

သူတို့ဟာ သူတို့ရဲ့ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့အတွက် သူတို့လူတွေက စွန့်လွှတ်အနစ်နာခံမယ်ဆိုရင်လည်း သူတို့ခွင့်ပြုလိုက်မှာပါပဲ။

ပိုဆိုးတာက လူတွေကို စွန့်လွှတ်အနစ်နာခံခိုင်းပြီးသူတို့ကတော့ ကိုယ်ကျိုးစီးပွားကိုပဲ ကာကွယ်နေတာမျိုးပါ။

ကျွန်တော်တို့ ဂန္ဒီ ကို ငွေသန်း ၁၅၀ ပေးပြီးလူတစ်ယောက်ယောက်ကို ဖိနှိပ်စော်ကားခိုင်းလို့ ရပါမလား ?

မာသာထရီဇာ ကို သန်း ၂၅၀ ပေးပြီး သူတစ်ပါးအပေါ်ထိခိုက်အောင်လုပ်ခိုင်လို့ ရပါမလား ?

လုံးဝ လုံးဝ မရနိုင်ပါဘူး။

ထူးကဲတဲ့ခေါင်းဆောင်ကောင်းတွေဟာ ငွေကြေးတွေအတွက် လူတွေကို ဘယ်တော့မှ မစတေးပါဘူး။

လူတွေကို ကယ်ဆယ်ဖို့အတွက်သာ ငွေကြေးတွေကို စတေးပါလိမ့်မယ်။

" Berry Wehmiller " လို့ခေါ်တဲ့ ထုတ်လုပ်မှုလုပ်ငန်းကြီးတစ်ခုရဲ့ခေါင်းဆောင် " Bob Chapman " ဟာ

၂၀၀၈ ခုနှစ်မှာ စီးပွားပျက်ကပ်ကြောင့် အလွန်အမင်းထိခိုက်မှုကြုံရပြီး သူတို့အရောင်းစာရင်းရဲ့ ၃၀% လောက်ဟာ ညတွင်းချင်း ကျဆင်းသွားခဲ့ပါတယ်။

ကြီးမားတဲ့ထုတ်လုပ်မှု ကုမ္ပဏီကြီးအတွက် ဒါဟာ အလွန်ကိုများပြားတဲ့ပမာဏဖြစ်ပြီး

သူတို့ဟာ အလုပ်သမားစားရိတ်တွေကို နောက်ထပ်ရေရှည်ထပ်တောင့်မခံထားနိုင်တော့ပါဘူး။

ဒီနေ့ခေတ်ကုမ္ပဏီတွေကြုံရသလိုမျိုးပဲ သူတို့လည်း ကုန်ကျစားရိတ်ငွေ ၁၀ သန်းလောက်လျှော့ချရဖို့ ဖြစ်လာပါတော့တယ်။

ဘုတ်အဖွဲ့အစည်းအဝေးထိုင်ပြီး သူတို့ဝန်ထမ်းတွေ လျှော့ဖို့ ဆွေးနွေးကြပါတယ်။ ဒါပေမယ့် Bob Chapman ကလုံးဝလက်မခံခဲ့ပါဘူး။

Bob ဟာ ဦးနှောက်ရဲ့အဆုံးအဖြတ်ထက်၊ နှလုံးသားရဲ့အဆုံးအဖြတ်ကိုပဲ ယုံကြည်သူဖြစ်ပါတယ်။

နှလုံးသားရဲ့ စေစားမှုကို ဆန့်ကျင်ရတာဟာ ပိုပြီးခက်ခဲပါတယ်။

အဲဒီအတွက် သူတို့ဟာ " Furlough Program " ကို ဖော်ထုတ်ခဲ့ကြပါတယ်။

အဲဒီအစီအစဉ်မှာ ကုမ္ပဏီရဲ့CEO က အစ၊ အတွင်းရေးမှုးတွေ အလယ်၊ ဝန်ထမ်းတွေအဆုံး အားလုံးဟာ တစ်နှစ်ကို လေးပါတ် လစာမဲ့အနားယူပေးကြရပါတယ်။

အဲဒီ လေးပါတ်ကို သူတို့နှစ်သက်ရာ အချိန်မှာနားလို့ရပါတယ်။ အဲဒီလေးပါတ်ဟာ ဆက်တိုက်လည်း ဖြစ်စရာမလိုပါဘူး။

Bob ဟာ စိတ်ထိခိုက်စွာ ဒီအစီအစဉ်ကို ကြေငြာခဲ့တာပါ။

" ကျွန်တော်တို့အားလုံး အနည်းငယ်စီ ဆုံးရှုံးကြရတာဟာ တစ်ဦးတစ်ယောက် အားလုံးဆုံးရှုံးသွားတာ၊

စိတ်ဓာတ်ထိခိုက်ကျဆင်းသွားတာထက် အများကြီးပိုကောင်းပါတယ် " လို့ သူကပြောခဲ့ပါတယ်။

သူတို့ဟာ ဒေါ်လာသန်း ၂၀ ချွေတာနိုင်ခဲ့ပါတယ်။ ငွေသန်း ၂၀ ထက်အရေးကြီးတာက

ဝန်းထမ်းတွေဟာ သူတို့ရဲ့အဖွဲ့အစည်း၊ သူတို့ရဲ့ခေါင်းဆောင်တွေရဲ့ ကာကွယ်ပေးမှုနဲ့ လုံခြုံမှုကို ခံစားမိလိုက်တာပါပဲ။

အဲဒီအတွက် သူတို့ဆီက တုန့်ပြန်မှုက ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေပါပဲ။

နောက်ပြီး ဘယ်သူမှမမျှော်လင့်ထားတာတစ်ခုကလည်း အလိုအလျောက်ဖြစ်လာခဲ့ပါတယ်။

ပိုပြီး ငွေကြေးတတ်နိုင်တဲ့သူတွေက သိပ်မတတ်နိုင်တဲ့သူတွေအတွက် အလဲအလှယ်လုပ်ပေးတာပါ။

တတ်နိုင်တဲ့သူက ငါးပါတ် လစာမဲ့ခွင့်ယူပေးလိုက်တဲ့အတွက် မတတ်နိုင်တဲ့သူက သုံးပါတ်ပဲ လစာမဲ့ခွင့် ယူစရာလိုပါတော့တယ်။

အောင်မြင်တဲ့ အဖွဲ့အစည်းတွေမှာ တွေ့ရလေ့ရှိတဲ့ Teamwork ကိုပြသွားတာပဲဖြစ်ပါတယ်။

Bob ရဲ့စစ်မှန်တဲ့ ခေါင်းဆောင်မှုကို လေးစားစရာကောင်းလွန်းလို့ သူ့နောက်လိုက်တွေဆီပါကူးစက်သွားတာဖြစ်ပါတယ်။

ဒီနေရာမှာ Bob သာဝန်ထမ်းတွေ လျှော့ဖို့ဆုံးဖြတ်ခဲ့မယ်ဆိုရင် အခုလို Teamwork အတွေ့အကြုံမျိုးကို ရနိုင်မှာမဟုတ်ပါဘူး။

ဒီအချင်းအရာတွေကြည့်လိုက်ခြင်းအားဖြင့် ခေါင်းဆောင်မှုနယ်ပယ်မှာ Emotional Quotient EQ ရဲ့ အရေးပါပုံကို နားလည်သဘောပေါက်လိမ့်မယ်ထင်ပါတယ်။

“စစ်မှန်သောခေါင်းဆောင်မှုဆိုတာ အတွင်းမှစတင်သည်” ဆိုတဲ့စကားလဲရှိပါတယ်။

ကျွန်တော်ကတော့ “စစ်မှန်သောခေါင်းဆောင်မှု ဆိုတာ နှလုံးသားဖြင့်ဦးဆောင်ခြင်းပင်ဖြစ်ပါတယ်” လို့ အဆိုပြုရင်း အနှစ်ချုပ်ပါရစေ။

Recommended for you-ဒီနေ့ထက် မနက်ဖြန်မှာ ပိုတိုးတက်စေဖို့ကိုယ့်ကိုယ်ကို စိန်ခေါ်လိုက်ပါ!

Credit ; Simon

Read times
Rate this item
(1 Vote)