-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်​ရဲ့ Product တွေ​ရောင်းအားတတ်​ဖို့ ဘယ်​လို​ကြော်​ငြာသင့်​လဲ?

သင့်​ရဲ့  Product တွေ​ရောင်းအားတတ်​ဖို့ ဘယ်​လို​ကြော်​ငြာသင့်​လဲ? google.com

ကျွန်တော်ပြောပြချင်တဲ့ အကြောင်းအရာကတော့ Facebook မှာ အရင်လို ကုန်ပစ္စည်းနဲ့ ပုံတွေပဲတင်လို့ ရောင်းအားမတက်တော့ဘူးဆိုတာပါ။

ဒီတော့ရောင်းအား တက်ချင်ရင် ဘာလုပ်ရမလဲ?

မိမိ Page ကို လူပိုသိအောင် ဘယ်လို လုပ်မလဲ ဆိုတာ အချက်ကလေးတွေနဲ့ ပြောပြပေးပါမယ့်။

ပထမဆုံး Page ကို like တက်ချင်တယ်ဆိုတဲ့ စကား ကျွန်တော်တို့ ခဏခဏကြားရပါတယ်။

Os လုပ်တဲ့ ညီမလေးတွေ၊ ဒါမဟုတ်ရင် ကုမ္ပဏီက လူတွေပေါ့။ အာ့တော့ Page Like တက်အောင် လုပ်ချင်ရင် အောက်က အချက်လေးတွေကို လိုက်လုပ်ကြည့်ပါ။

- သင့်ရဲ့ Page မှာ သင့်ကုန်ပစ္စည်းအကြောင်းပဲ အမြဲတင်နေတာလား။

ဒါဆိုရင်တော့ ခုကစပြီး ပြောင်းလိုက်ပါ။

လူတွေက ခုနောက်ပိုင်းမှာ အသိပညာ၊ ဗဟုသုရမဲ့ ပိုစ်တွေ၊ သူတို့ကို တစ်ခုခု စဉ်းစားခိုင်းတာမျိုးတွေ ကိုပိုပြီး စိတ်ဝင်စားကြတာပါ။

သူတို့မသိစိတ်က သိချင်နေတဲ့ အကြောင်းအရာလေးတွေ၊ သင့်ကုန်ပစ္စည်းနဲ့လဲ ဆက်စပ်နေတဲ့ အကြောင်းအရာပေါ့။

ဒါမျိုးလေးတွေ တင်ပေးပါ။ တစ်ပါကို 5 ရက်မှာ 2 ရက်လောက် သင့်ကုန်ပစ္စည်းအကြောင်းတင်ပြီး

3 ရက်လောက်က ဗဟုသုတပေးတာမျိုးတွေတင်ရင် သင့် Page ကို လူတွေ စိတ်ဝင်စားပါလိမ့်မယ်။

- နောက်တစ်ခု သင့်စာအရေးအသား အရမ်း ရှည်နေလား၊ သင့်စာကြောင့် ကြော်ငြာချင်တဲ့ အဓိက အချက် ပျောက်သွားမျိုးလဲ မဖြစ်ပါစေနဲ့။

ဒါဆိုလဲ ပြင်ရပါမယ်။ လူတွေက စာတစ်ပုဒ်ကို ဖတ်လိုက်တာနဲ့ ပျင်းစရာဖြစ်နေရင်လဲ ရှေ့ဆက်မဖတ်တော့ပါဘူး။

- ပြီးတော့ သင်ရေးတဲ့စာမှာ အပိုင်း ၃ ပိုင်းရှိပါတယ်၊ နိဒါန်း-စာကိုယ်-နိဂုံး ဆိုပြီးတော့။ အချိတ်အဆက်မိပါစေ၊ တစ်ခုနဲ့တစ်ခုက။

- ပိုစ့်တင်တိုင်းမှာ နောက်ဆံးကနေ အကြောင်းအရာအကျဉ်းချုပ်ထည့်ပေးပါ။

သင်ဘာကိုဆိုလိုလဲဆိုတဲ့ အချက်လေးတေပေါ့။

- လူတွေကို စဉ်းစားခိုင်းတာမျိုး၊ တစ်ခုခုကို အခြေတည်ပြီး ဗဟုသုတရမဲ့ အကြောင်းအရာလေးတွေ တင်ပေးပါ။

ဥပမာ- ရန်ကုန်မြို့မှာ ပထမဆုံး ဂုံးကျော်တံတားက ဘယ်ဟာလဲ? စသည်ပေါ့။

- သင့်ပိုစ့်က ပုံတွေ အတတ်နိုင်ဆုံး Ads Policy နဲ့ကိုက်ညီမှုရှိပါစေ။

- ဒီလို အချက်တွေ ပြည့်စုံရင် သင့်ပိုစ့်ဟာ ငွေအစားသက်သာစွာနဲ့ Like Reach Engagement တွေ တက်လာမှာပါ။

Post ကိုလူများများ သိအောင် ပစ္စည်းတွေ ရောင်းရအောင် ဘယ်လို လုပ်မလဲ ? ဆိုရင်တော့…

- အရေးအကြီးဆုံးအချက်ကတော့ သင့်ကုန်ပစ္စည်းရဲ့ အားသာချက်ကို သင်ကိုယ်တိုင် သေသေချာချာ သိပါစေ၊ ဒါမှ သူများကို ပြောပြနိုင်မှာ ဖြစ်ပါတယ်။

Online မှာလုပ်တဲ့အလုပ်က လွယ်တယ်ဆိုပေမဲ့ အန္တရာယ်များပါတယ်။

- သင့် ကုန်ပစ္စည်းကို မရောင်းပါနဲ့၊

ကုန်ပစ္စည်းရဲ့ အားသာချက်၊ အသုံးဝင်မှုကိုရောင်းပါ။

ကုန်ပစ္စည်းက လူတိုင်း ရောင်းနေတာပါ၊ ကိုယ်က သူများတွေထက် ပိုပြီး ရောင်းချင်ရင် ပိုပြီး လေ့လာပါ။

ကုန်ပစ္စည်းတိုင်းမှာ အားသာချက်ဆိုတာ ရှိပါတယ်၊ အာ့ကို လူတွေသိအောင် လုပ်ပေးပါ။

- Messager Reply ပြန်ပါ။ ကျေးဇူးတင်ကြောင်းထည့်ပြောပါ။

- Ads Policy နဲ့ အတတ်နိုင်ဆုံးကိုက်ညီပါစေ။

- Os များ ကုန်ပစ္စည်းကို ဓာတ်ပုံရိုက်ပီး Org အတိုင်းတင်ပါ။ ထူးခြားပါလိမ့်မည်။

အရေးကြီးဆုံး အချက်ကတော့ သင့်ကိုယ် အလွယ်တကူ ဆက်သွယ်ရနိုင်ပါစေ။

လိပ်စာ၊ ဖုန်း၊ အတိအကျထည့်ပေးပါ။

ခုလောက်ဆိုရင် အတော်များများ အဆင်ပြေလောက်ပါပြီ။

Recommended for you-သင့်ရဲ့ ရောင်းအား အခုထက်ပိုပြီး ဆပွားတိုးလာချင်လား?

Credit;TN graphic

Read times
Rate this item
(1 Vote)