-->
×

Warning

JUser: :_load: Unable to load user with ID: 29


Google Analytics ကို ၁၅ မိနစ်အတွင်း ဘယ်လို တည်ဆောက်မလဲ ( ၂ )

Revenue ဆိုတာက သင့်ရဲ့ လုပ်ငန်းအတွက် ၀က်ဆိုဒ်မှာ ငွေပေးချေမှုတွေ လုပ်ဖို့ လိုအပ်တယ်ဆိုရင် ပြန်ကြည့်လို့ ရတာမျိုးပါ။ အမြတ်နဲ့ ၀င်ငွေ ဘယ်လောက်ရနေပြီလဲ ဆိုတာပါ ကြည့်လို့ ရပါတယ်။

Acquisition ဆိုတာက သင့်ရဲ့ ၀က်ဆိုဒ်မှာ လူဘယ်နှစ်ယောက် Sign Up လုပ်သွားလဲ ဆိုတာ အသေးစိတ် ကြည့်လို့ ရတာမျိုးပါ။

Inquiry ဆိုတာက B2B ဖြစ်ဖြစ် B2C ဖြစ်ဖြစ် ထုတ်ကုန်နမူနာ တောင်းခံတာမျိုး၊ ဆက်သွယ်ရမယ့် အချက်အလက်တွေ တောင်းခံတာမျိုးကို ကြည့်လို့ ရတာမျိုးပါ။

Google Analytics Setting up Goals Part 3

Engagement ဆိုတာကတော့ သင့်ဝက်ဆိုဒ်နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ခြေရာခံပြီး Complete ဖြစ်မဖြစ်ကို ကြည့်လို့ ရတာမျိုးပါ။

Custom ဆိုတာကတော့ အပေါ်မှာ ဖော်ပြထားတဲ့ ( ၄ ) ခု အပြင် အခြား မိမိသိလိုတဲ့ အကြောင်းအရာတွေ အချက်အလက်တွေကို စိစစ်ပြီး ကြည့်လို့ ရတာမျိုး ဖြစ်ပါတယ်။

အင်တာနက်မှာ တစ်ခုခုရှာတဲ့အခါ သင့်လုပ်ငန်းကို အရင်ဆုံး မြင်ရအောင်

ဒီထဲက လေးခုထဲက တစ်ခုခုကို ရွေးချယ်ပြီးပြီဆိုရင် Goal Description ကို နှိပ်ပြီး နာမည်တစ်ခု ထည့်ပါ။၊ ပြီးရင် Goal Details ကို ဆက်ဖြည့်ပါ။

c6

အဆင့် ၎

သင့်ရဲ့ Google Analytic ကို ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်တာက Site Search ဖြစ်ပါတယ်။ သင့်ဝက်ဆိုဒ်မှာ Search Box ပါတယ်ဆိုရင် သင့်အတွက် အသုံးဝင်နိုင်တဲ့ Site Search Report တစ်ခုကို ထုတ်လို့ ရပါတယ်။

လူတွေဟာ သင့်ရဲ့ ၀က်ဆိုဒ်ထဲမှာ ဘာတွေ ရှာနေလဲ၊ ဘာတွေဖတ်နေလဲ ဘယ်လို Keywords တွေကို အသုံးများကြလဲ ဆိုတာတွေကို ဒီ Report က အသေးစိတ် ပြောပြနိုင်ပါတယ်။

Google Analytics ကို ၁၅ မိနစ်အတွင်း ဘယ်လို တည်ဆောက်မလဲ ( ၁ )

Site Search လုပ်ဆောင်ဖို့ဆိုရင် ဘယ်ဘက်အောက်ဆုံးက Setting ပုံလေးကို ထောက်ပါ။ ညာဘက်အစွန်ဆုံးရဲ့ ပထမဆုံးမှာ View Settings ဆိုတာ ရှိပါတယ်။ အဲဒီမှာ လိုတဲ့ အချက်အလက်လေးတွေ ဖြည့်ပါ။

Google Analytics Site Search Part 1

ပြီးတဲ့အခါ အောက်ကို ဆက်ကြည့်လိုက်ရင် Query Parameters ဆိုတာကို တွေ့ပါမယ်။ အဲဒါက ဘာလဲဆိုတော့ Google မှာ Google လို့ ရိုက်ပြီး ရှာကြည့်လိုက်ပါ။ အဲဒီထဲက Search? ရဲ့ နောက်မှာ q ဆိုတာလေး တွေ့ပါလိမ့်မယ်။ Query Parameters ဆိုတာ အဲဒါကို ပြောတာပါ။ တစ်ခါတစ်လေ q မပေါ်ဘဲ a ဒါမှမဟုတ် s လည်း ပေါ်တတ်ပါတယ်။ ပေါ်တဲ့တစ်လုံးကို ထည့်ပေးရမှာ ဖြစ်ပါတယ်။

ss1

အပိုင်း ၃ ဆက်ဖတ်ရန်... Google Analytics ကို ၁၅ မိနစ်အတွင်း ဘယ်လို တည်ဆောက်မလဲ ( ၃ )

Read times
Rate this item
(2 votes)