-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာဓာတ်ပုံတွေကို သက်ဝင်လှုပ်ရှားလာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်း (၁၅) ခု

ပုံတစ်ပုံက စာလုံးတစ်ထောင်နဲ့ ညီတယ်လို့ ပြောကြပါတယ်။ မာဘိုရိုကြော်ငြာထဲက နွားကျောင်းသားပုံ၊ Puerto Rico နဲ့ ပြင်သစ်အတွက် Elliott Erwitt ရဲ့ပုံတွေက ဒါမျိုးသက်သေပြနိုင်တဲ့ နမူနာကောင်းတွေပါ။

အခု ခင်ဗျားရဲ့ ကြော်ငြာပုံကို သက်ဝင်အောင် လုပ်ပေးမယ့် နည်းလမ်း ( ၁၅ ) ခု ကို ရေးထားပါတယ်။

၁။ ပုံရဲ့အကြောင်းအရာက အရေးကြီးပါတယ်။ မှတ်မှတ်ထင်ထင်ဖြစ်စေမယ့် အကြောင်းအရာမပါရင် ကောင်းပါတယ်ဆိုတဲ့ ဓါတ်ပုံဆရာလည်း မကယ်နိုင်ဘူး။

၂။ စာဖတ်သူရဲ့စိတ်ဝင်စားမှုကို လှုံဆောင်ပေးနိုင်တာက ပုံတစ်ပုံရဲ့ အခက်ဆုံးအပိုင်း ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က ပုံလေးကိုကြည့်ပြီး “ ဘာလေးပါလိ့မ် ” ဆိုပြီး သိချင်လာမယ်။ ပြီးရင် ခင်ဗျားရေးထားတဲ့ ကြော်ငြာစာသားကို ဖတ်မယ်။

Harold Rudolph က ဒီလိုဆန်းကျယ်တဲ့ ဖြစ်စဉ်လေးကို “ Story Appeal ” “ ဇာတ်ကြောင်းပြော ” လို့ခေါ်ပြီး၊ ကိုယ်ရိုက်တဲ့ပုံထဲကို ဒီဂုဏ်သတ္တိလေးများများ ထည့်နိုင်လေ၊ လူများများက ခင်ဗျားကြော်ငြာကို စိတ်ဝင်စားလေပါပဲ။

၃။ ပြစရာဇတ်လမ်း မရှိဘူးဆိုရင်၊ ကုန်ပစ္စည်းပုံကိုပဲ ဇတ်လမ်းအဖြစ် တည်သင့်ပါတယ်။

၎။ နောက်ဆုံးရလာဒ်ကို သေချာပြပါ။ မသုံးခင်နဲ့ သုံးပြီးပုံယှဉ်ပြတာတွေက သုံးစွဲသူတွေရဲ့ စိတ်နှလုံးကို ဖမ်းစားနိုင်တယ်။ ရောင်းအားသိရတဲ့ ကမ်ပိန်း ၇၀ ကို လေ့လာချက်အရ၊ မသုံးခင်နဲ့ သုံးပြီးပုံပြရောင်းတဲ့ ကြော်ငြာတွေမှာ ရောင်းအားမတက်ခဲ့တာ တစ်ခုမှမရှိပါဘူး။

သင့်ကြော်ငြာအတွက် Impression နဲ့ Reach ဘယ်ဟာသုံးမလဲ

၅။ ကျွန်တော်မက်ဒီဆင်ရိပ်သာကို ရောက်ချိန်မှာ၊ ကြော်ငြာမှာပါတဲ့ ပုံတော်တော်များများက ပန်းချီပုံတွေပါ။ နောက်ပိုင်းဓါတ်ပုံကို လူတွေစိတ်ပိုဝင်စားတာ၊ ပိုယုံတာ၊ ပိုမှတ်မိလွယ်တာ တွေ့ရပါတယ်။

ကျွန်တော် “ ဗြိတိန်ကို အလည်လာပါ ” ဆိုတဲ့ ကမ်ပိန်းကို ကိုင်ထားချိန်မှာ၊ အရင်အေဂျင်စီသုံးခဲ့တဲ့ ပန်းချီပုံနေရာမှာ၊ ဓါတ်ပုံနဲ့ အစားထိုးခဲ့ပါတယ်။ ဖတ်ရှုသူ ၃ ဆ တိုးသွားပါတယ်။ ခရီးသွားလုပ်ငန်းလည်း ကောင်းမွန်ခဲ့ပါတယ်။

တစ်ဦးခြင်းရောင်းချတဲ့ ကြော်ငြာသမားတွေကလည်း ဓါတ်ပုံကို ပန်းချီပုံထက် ပိုပြီးစိတ်ဝင်စားကြကြောင်း တွေ့ရှိထားပါတယ်။ ကုန်တိုက်စတိုးတွေမှာလည်း ဓါတ်ပုံကပိုပြီး ရောင်းအားကောင်းကြောင်း တွေ့ရပါတယ်။

သို့ပေမယ့် ဓါတ်ပုံကို တစ်ချို့သတင်းစာတွေက ပုံနှိပ်ဖော်ကြရာမှာ ပုံနှိပ်အရည်အသွေး အတော်ကျဆင်းသွားတတ်တဲ့အတွက် ဒါမျိုးမဖြစ်စေချင်ရင် သဘာဝကျကျပုံတွေကို လိုင်းဆွဲပန်းချီနဲ့ ပြနိုင်ပါတယ်။ Thom McCan ရှုးဖိနပ်အတွက်တော့ ခဲကြမ်းပန်းချီက ဓါတ်ပုံထက် ပိုရောင်းအားကောင်းကြောင်း တွေ့ခဲ့ပါတယ်။

၆။ သိပြီးသားဇတ်ဆောင်တွေကို သုံးပေးရင် ရုပ်မြင်သံကြားကြော်ငြာကို ကြည့်ဖူးတဲ့ လူတွေအတွက် Print ကြော်ငြာကို ထပ်ဖတ်ဖို့ တွန်းအားပေးနိုင်ပါတယ်။

၇။ ပုံကို ရှင်းနိုင်သမျှ ရှင်းရှင်းထားပြီး ပြပါ။ လူတစ်ဦးတစ်ယောက်ကို ဦးတည်ချက်ထားပါ။ ပြတာတွေများပြီး ဘာဆိုလိုချင်မှန်းမသိတဲ့ ပုံတွေက စာဖတ်သူကို မဆွဲဆောင်နိုင်ပါဘူး။

သင်က အခုမှ Online စီးပွားရေးလုပ်ငန်းကို စတင်လုပ်ကိုင်မယ့်သူဆိုရင်

၈။ လူမျက်နှာပုံပြရင် အပြင်မှာရှိတဲ့လူထက် ပိုမကြီးပါစေနဲ့။ လူတွေကို လှန့်သွားစေနိုင်ပါတယ်။

၉။ သမိုင်းဆိုင်ရာ အကြောင်းအရာတွေက စာဖတ်သူ အများစုကို ပျင်းရိစေနိုင်ပါတယ်။

၁၀။ ကိုယ့်ကို စိတ်ဝင်စားစေတဲ့ အကြောင်းအရာက စားသုံးသူကို တရားသေ ဆွဲဆောင်နိုင်မယ်လို့ မထင်ပါနဲ့။ စားဖိုမှူးဟောင်းတစ်ယောက်အနေနဲ့ စားဖိုမှူးဆိုရင် လူတိုင်းစိတ်ဝင်စားတယ်လို့ ထင်ထားခဲ့ပါတယ်။ စားဖိုမှူးပုံကို ကြော်ငြာမှာ မသုံးခင်အထိပေါ့။ အိမ်ရှင်မတွေကို ဦးတည်ထားတဲ့ ကြော်ငြာမှာ စိတ်ပျက်စရာ ရလာဒ်ထွက်ခဲ့ပါတယ်။

ကမ်းဘဲလ်စွပ်ပြုတ်ရည်ကုမ္ပဏီက မိတ်ဆွေတစ်ဦးကလည်း အိမ်ရှင်မတွေအတွက် စားဖိုမှူးဟာ ကြော်ငြာမှာ ဆွဲဆောင်မှုရှိသူတစ်ဦး မဟုတ်တာကို တွေ့ရှိခဲ့ကြောင်း ပြောဖူးပါတယ်။

၁၁။ ဒေးလီးမေရာသတင်းစာရဲ့ လန်ဒန်မြို့ခံ အယ်ဒီတာတစ်ယောက်ကို ဘယ်လိုပုံမျိုးက စာဖတ်သူကို အဆွဲဆောင်နိုင်ဆုံးလဲလို့ ကျွန်တော့်ရဲ့အစ်ကို ဖရန်စစ်က မေးဖူးပါတယ်။

သူကပြောပါတယ်။ ကလေးငယ်လေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားပုံ၊ တိရိစ္ဆာန်နဲ့ ခပ်မိုက်မိုက်အမျိုးသားပုံ၊ နောက်တစ်ခုကတော့ ခင်ဗျားတို့ပြောနေကြတဲ့ လိင်ဆွဲဆောင်မှုရှိတဲ့ပုံတွေ ဖြစ်ပါတယ်။ အဲ့ဒီ့အချက်တွေက ဒီနေ့အထိမှန်နေတုန်းပါပဲ။

ကုမ္ပဏီတွေအတွက် အဓိကထားထုတ်လုပ်လိုက်တဲ့ Google Currents

၁၂။ Dr. Gallup အတွက် အလုပ်လုပ်ပေးနေခဲ့တုန်းက၊ ရုပ်ရှင်ကြည့်သူတွေဟာ ဆန့်ကျင်ဖက်လိင်ထက် ကိုယ်နဲ့လိင်ခြင်းတူတဲ့ သရုပ်ဆောင်တွေကို ပိုပြီးနှစ်သက်ကြကြောင်း ကျွန်တော်သိခဲ့ပါတယ်။

လူတွေက သူတို့အတုယူရမယ့် သရုပ်ဆောင်တွေကို ပိုပြီးတွေ့လိုပါတယ်။ ဒီတွန်းအားက ကြော်ငြာလုပ်ငန်းအတွက်လည်း အတူတူပါ။ အမျိုးသမီးပုံကို ကြော်ငြာတွေမှာသုံးရင် အမျိုးသားတွေက စိတ်ဝင်စားမှာ မဟုတ်ပါဘူး။

၁၃။ ၄ ရောင်စပ်ကြော်ငြာပုံတွေက အဖြူအမဲပုံတွေထက် ကုန်ကျစရိတ် ၅၀% ပိုပါတယ်။ ဒါပေမယ့် အကြမ်းအားဖြင့် ရောင်စုံပုံနဲ့ကြော်ငြာတွေက အဖြူအမဲကြော်ငြာတွေထက် ၁၀၀% ပိုပြီး မှတ်မိနိုင်စေပါတယ်။ ထိုက်သင့်တဲ့ အရင်းအနှီးမျိုးပါပဲ။

၁၄။ ပုံအသုံးပြုခြင်းနဲ့ ပတ်သက်ပြီး အကြံကောင်းပေးတဲ့ ဒီကဗျာတိုလေးရဲ့ဆွဲဆောင်မှုကို မငြင်းဆန်သာပါ။
ကလိုင်းယန့်က သက်ပြင်းချ - လိုဂိုနှစ်ဆပြ
မကြိုက်သေးဘူး ချေးထပ်များ - စက်ရုံပုံထုတ်ကြွား
အကြိုက်တွေ့ဖို့ အမြန်ဆုံး - သူ့ဓါတ်ပုံယူသုံး

၁၅။ အချက်အပြုတ်ပစ္စည်းတွေကို ကြော်ငြာတဲ့အခါ၊ ပါဝင်ပစ္စည်းထက်စာရင် နောက်ဆုံးချက်ပြုတ်ပြီးလို့ ရလာမယ့်ပုံစံ ဓါတ်ပုံကောင်းကောင်းကို ပြတာက ပိုပြီးဆွဲဆောင်မှုရှိစေတယ်။

Peter Soe Moe ( Ogilvy on Advertising by David Ogilvy )
Myanmar Advertising Directory

Read times
Rate this item
(1 Vote)