-->
×

Warning

JUser: :_load: Unable to load user with ID: 29


အမေရိကန်စစ်သားတွေကျင့်သုံးတဲ့ (၂)မိနစ်အတွင်း အမြန်အိပ်ပျော်စေနိုင်တဲ့ နည်းလမ်း

အမေရိကန်စစ်သားတွေကျင့်သုံးတဲ့  (၂)မိနစ်အတွင်း အမြန်အိပ်ပျော်စေနိုင်တဲ့ နည်းလမ်း google.com

အမေရိကန်စစ်သားတွေမှာ လျှို့ဝှက်ကျင့်သုံးကြတဲ့ အမြန်အိပ်ပျော်စေမယ့် နည်းလမ်းကောင်းတွေ ရှိပါတယ်။

ဒါတွေကို ယခင်က ထုတ်ဖော်ဖွင့်ဟခဲ့ခြင်း မရှိပေမယ့်၊ အခုအခါမှာတော့ ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပါတယ်။

အခုနောက်ပိုင်း လူသားတွေဟာ ယခင်ကလို အိပ်ချိန် ဖောဖောသီသီ မရှိကြတော့ပါဘူး။

သင်ဟာ လုပ်စရာတွေ အရမ်းများတဲ့ လူတစ်ယောက်ဆိုရင် ဒီနည်းလမ်း နဲ့ ပိုသင့်တော်မယ်လို့ထင်ပါတယ်နော်...

ဖုန်းတွေနဲ့၊ ကွန်ပျူတာတွေနဲ့၊ လူမှုကွန်ယက်ပေါ်မှာ၊ ဂိမ်းကစားချိန်တွေ စတဲ့ အချိန်ကို ဝါးမျိုးနေတဲ့ ရန်သူကြီးတွေကြောင့် ပျမ်းမျှ အိပ်ချိန်ထက် သိသိသာသာ လျှော့နည်းလာကြပါတယ်။

(၂၀၁၁)ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းမှာတော့ ယူကေလူမျိုးတွေရဲ့ လေးပုံသုံပုံခန့်ဟာ အိပ်ရေးဝဝလင်လင် မအိပ်ကြဘူးလို့ ဆိုပါတယ်။

ကလေးတွေက အိပ်ချိန်ပိုလိုအပ်ပြီး၊ အခုနောက်ပိုင်း ခေတ်ပေါ် နည်းပညာပစ္စည်းတွေကြောင့် သူတို့တစ်တွေလည်း အိပ်ချိန်ကင်းမဲ့လာကြပါတယ်။

အမေရိကန်စစ်သားတွေရဲ့ အမြန်အိပ်ပျော်စေနည်းကို (၁၉၈၁)ခုနှစ်က ထုတ်ဝေခဲ့တဲ့ ‘Relax and Win: Championship Performance’ စာအုပ်ထဲမှာ အတိအလင်း ဖော်ပြထားပါတယ်။

ဒါပေမယ့် လူသိနည်းခဲ့ပြီး၊ အခု အွန်လိုင်းပေါ်မှာ ပြန်လည်ဖြန့်ဝေတဲ့အခါမှာတော့ လူစိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်။

ဒီအထဲမှာ အလွယ်တကူအိပ်စက်နည်းကို (၆)ပတ်လောက် ကျင့်လိုက်ရုံနဲ့ သင်ဟာ စက္ကန့်(၁၂၀)အတွင်းမှာ အလွယ်တကူ သက်တောင့်သက်သာ အိပ်ပျော်သွားစေမယ်လို့ ဆိုပါတယ်။

ဒီလိုနည်းဟာ (၉၄)%အထိ အောင်မြင်မှု ရှိပါတယ်တဲ့။ အဲဒီလျှို့ဝှက်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

အိပ်စက်နည်း-

အရင်ဦးဆုံး မျက်နှာပြင် ကြွက်သား၊ မေးရိုး၊ လျှာ၊ မျက်လုံးတစ်ဝိုက်က ကြွက်သားတွေကို လျှော့ပစ်လိုက်ပါ။

သက်တောင့်သက်သာ ဖြစ်အောင်ပြင်ဆင်ပါ။

အဲဒီနောက် ခေါင်းကို ခပ်မြင့်မြင့်ထားပြီး ပခုံးတွေကို နိမ့်နိုင်သမျှနိမ့်အောင် ကြမ်းပြင်ဆီ ကပ်လိုက်ပြီး လက်တွေကို ဗိုက်အလယ်တည့်တည့်လောက်မှာ ထပ်ပြီးကပ်ထားပါ။

ယင်းနောက် ရင်ဘတ်ထဲကနေ အသက်ကို သက်တောင့်သက်သာ ရှူထုတ်/ရှူသွင်းလုပ်ပြီး၊ ခြေထောက်တွေကို သက်တောင့်သက်သာ ဖြစ်အောင်ပြင်ဆင်ပါ။

အရင်ဆုံး ပေါင်တွင်းကြောကြွက်သားတွေကတော့ အောက်ပိုင်းကို တဖြည်းဖြည်း ဖြေလျှော့သွားအောင် ပြုလုပ်ပါ။

ဒါလေးကို ဆယ်စက္ကန့်လောက်အတွင်း ခန္ဓာကိုယ် သက်တောင့်သက်သာ ဖြစ်အောင် ပြင်ဆင်ရမှာပါ။

ခန္ဓာကိုယ်ကို ပြင်ဆင်ပြီးနောက် စိတ်ပိုင်းဆိုင်ရာကိုလည်း ရှင်းလင်းအောင် ပြုလုပ်ပြီး အိပ်စက်သည့်အမှုကို ပြုပါ။

နောက်ထပ်နည်းလမ်း(၃)ခုကတော့ စောစောကထက် ပိုလွယ်ပါတယ်။

ဒါကတော့ စိတ်ထဲကနေ မှတ်ရမယ့်နည်းလမ်းပေါ့။

ကနဦးဆုံး သင့်ကိုယ်သင် အလွန်ငြိမ်သက်နေတဲ့ ရေပြင်ပေါ်က ကနူးလှေငယ်လေးပေါ်မှာ လဲလျှောင်းနေတယ်လို့ မျက်လုံးထဲ ပေါ်အောင် တွေးကြည့်ပါတဲ့။

ဒီလိုမှမဟုတ်ရင်လည်း မှောင်မည်းနေတဲ့ အခန်းထဲမှာ အနက်ရောင်ကတ္တီပါ ပုခတ်ကြီးထဲမှာ သင်ဟာ အေးအေးဆေးဆေး အနအထားဖြစ်နေတယ်လို့ စိတ်ထဲကနေ မြင်ယောင်ပြီး တွေးလိုက်ပါ။

အဲဒီနည်းနှစ်ခုအနက် တစ်ခုခုကို စိတ်ကြိုက်တွေးမြင်ပြီးနောက် နှုတ်ကနေ ” မတွေးတော့ဘူး … မတွေးတော့ဘူး “ဆိုပြီး ခပ်တိုးတိုးလေး ဆယ်စက္ကန့်လောက် ရွတ်ဆိုလိုက်ပါ။

ဒီလိုနဲ့ နောက်ထပ် စက္ကန့်တွေ အနည်းငယ်အတွင်းမှာ သင် အိပ်ပျော်သွားပါလိမ့်မယ်။

ဒီနည်းနဲ့ (၆)ပတ်လောက် ကျင့်လိုက်ရင် သင်ဟာ စက္ကန့်အနည်းအတွင်းမှာ အိပ်စက်တတ်သူတစ်ယောက် ဖြစ်သွားမှာပါတဲ့။

Recommended for you-ဥာဏ်ကောင်းတဲ့သူတွေမှာ ဒီလို အကျင့်တွေ ရှိကြတယ်

source : dailymail.co.uk

Read times
Rate this item
(2 votes)