-->
×

Warning

JUser: :_load: Unable to load user with ID: 29


Content Marketing ( လွယ်သလား ခက်သလား ရာမ)

Content Marketing အကြောင်းပြောမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံ အနေအထားနဲ့ကတော့ facebook က ဆရာ့ ဆရာကြီးပဲ


ကိုယ့် Brand ပေါက်ဖို့ ကြော်ငြာရတာ အရမ်းကို လွယ်ကူလာပြီ တစ်ခုတော့ ရှိတယ် ကိုယ့် Brand က အမှန်အကန် ဖြစ်နေဖို့လိုတယ် ။
Content Marketing မှာ ခင်ဗျားတို့ဘာရေးလဲ ဘာတွေအော်နေလဲထက် ခင်ဗျားတို့ Brand အကြောင်းကို သူများက ဘာတွေရေးလဲ ဘာတွေ အော်နေလဲက အရေးကြီးတယ် ။
အဲ့ဒီတော့ အနှစ်ချုပ်က Marketer တွေ Writer တွေ မကောင်းဘူး ပေါက်အောင် မလုပ်ပေးနိုင်ဘူးကြီးပဲ ထိုင်အော်နေလို့မရဘူး

ကိုယ့် ထုတ်ကုန် ကိုယ့်ဝန်ဆောင်မှုကလဲ တစ်ကယ်ကို ကောင်းနေရမယ် Right !!!!!
ဟုတ်ပြီ Content ဖန်တီးမယ့် Writer တွေ အခြေခံလိုက်နာသင့်တာတွေကို ပြောပြပေးသွားမယ်

ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ဝုန်းဒိုင်းဆိုပြီး ထပေါက်သွားမယ် မဆိုလိုဘူးနော်

သေချာတာကတော့ အရင်ကထက် ပိုကောင်းတဲ့ ရလဒ်တွေ ရမယ် ။


● Google ကနေ အလွယ်ရတဲ့ ပုံတွေ မသုံးပါနဲ့ ကိုယ်တိုင်ဖန်တီးပါ အနိမ့်ဆုံးအားဖြင့်တော့ photo size ကိုပြင်ပါ 1200 x 620 size ကိုထားပါ။
● Advanced search ကိုသုံးပါ။
● စာညှိရင် left align သုံးပါ ( ပုံမှန်စာစီစာရိုက်မှာတော့ justify ကိုသုံးရတယ် )
● Free ယူပါဆိုပြီး လိုလိုလားလားပေးထားတဲ့ image တွေကိုသုံးပါ ။
● အများတစ်ကာထက် လက်ဦးပါစေ ။ လက်မဦးနိုင်ခဲ့ရင် ရှေ့လူထက် ပိုကောင်းအောင် ဘယ်လို တင်ဆက်မလဲဆိုတာတွေးပါ ။
ကိုယ် ထိုးဖောက်မယ့် ဈေးကွက်နဲ့ ကုန်ပစ္စည်းကို နားလည်ပါစေ။
အပိုင်းလေးပိုင်းခွဲလိုက်ကြမယ်

●ေ ဈးကွက်အသစ် ကုန်ပစ္စည်းအသစ်
●ေ ဈးကွက်အဟောင်း ကုန်ပစ္စည်းအသစ်
●ေ ဈးကွက်အသစ် ကုန်ပစ္စည်းအဟောင်း
●ဈေးကွက်အဟောင်း ကုန်ပစ္စည်းအဟောင်း

ကိုယ့်ဈေးကွက် ကိုယ့်ကုန်ပစ္စည်း အနေအထား ကို ကောင်းကောင်းနားလည်ထားဖို့လိုအပ်တယ်။
Traditional to Digital ကိုသွားနေတဲ့ အချိန်မှာ ဘာသာပြန်ထားတာတွေ လိုက်ဖတ်ပြီး Marketer လုပ်မယ်လို့တွေးထားရင်

အခုလောက်ကထဲက Profession ပြောင်းထားပေတော့ ။
အိုကေ ဒါလေးတွေက အခြေခံ လိုအပ်ချက်လေးတွေပဲရှိသေးတယ်

နောင် အခွင့်သင့်ရင် ဆက်ပြောသွားမယ် ။

Zephyr Chann

 

 

Read times
Rate this item
(1 Vote)