-->
×

Warning

JUser: :_load: Unable to load user with ID: 29


မိမိရဲ့ Product ကို ရောင်းအားတက်စေတဲ့ ကြော်ငြာနည်းလမ်း (၅)သွယ်

မိမိရဲ့ Product ကို ရောင်းအားတက်စေတဲ့ ကြော်ငြာနည်းလမ်း (၅)သွယ် google

ကြော်ငြာလုပ်ငန်းလုပ်မယ့် လုပ်ငန်းရှင်များကို မိမိရဲ့ကုန်ပစ္စည်းတွေ ရောင်းအားတက်စေမယ့် နည်းလမ်းလေး (၅)ချက်ကိုပြောပြပေးချင်ပါတယ်။


၁။ ကုန်အမှတ်တံဆိပ်ခွဲခြားသိမြင်ခြင်း

ကြည့်ရှုသူတွေရဲ့ ရာခိုင်နှုန်းဘယ်လောက်က မိမိရဲ့ကြော်ငြာကိုမှတ်မိလဲ၊ ကုန်အမှတ်တံဆိပ်ကိုတောင် မေ့သွားလဲဆိုတဲ့ စိတ်ပျက်စရာ ရာခိုင်နှုန်းကို စစ်တမ်းတွေက ပြသပါတယ်။ တစ်ခါတစ်လေမှာ ပြိုင်ဖက်နဲ့ယှဉ်ပြီး ပြပေးပါတယ်။Copywriter အတော်များများက ပြိုင်ဖက်ကို အမည်တပ်ပြီး တိုက်ခိုက်တာ ပိန်းတယ်လို့ ထင်ကြပါတယ်။ ဖျော်ဖြေရေးထက်ပိုပြီး၊ ရောင်းအားတက်စေဖို့ ကိုယ့်ကုန်ပစ္စည်းကိုပိုပြီး အာရုံစိုက်စေဖို့အတွက် မိမိရဲ့ကုန်အမှတ်တံဆိပ်ကို ပြောနိုင်တဲ့ နည်းလမ်းရှိပါတယ်။

ပထမဆုံး ၁၀ စက္ကန့်အတွင်းမှာ ကုန်အမှတ်တံဆိပ် အမည်ကိုပြောပါ။ ပျင်းစရာမကောင်းပဲနဲ့၊ ၃၄၀ စက္ကန့်အတွင်း ကုန်အမှတ်တံဆိပ်အမည်ကို အကြိမ် ၂၀ ပြောသွားတဲ့ ကြော်ငြာကောင်းတစ်ခုကို တွေ့ဖူးပါတယ်။ ကုန်အမှတ်တံဆိပ်အမည်နဲ့ ပတ်သက်ပြီး ဂိမ်းတွေလုပ်ပါ။ စာလုံးပေါင်းပါ။ ကုန်ပစ္စည်းအသစ်တစ်ခုကို ကြော်ငြာတဲ့အခါ ရုပ်သံကနေ ဒီအမည်ကို လူတွေသိအောင် သင်ပေးရပါလိမ့်မယ်။


၂။ ထုတ်ပိုးပုံကိုပြပါ

ကြော်ငြာနောက်ဆုံးမှာ ကုန်ပစ္စည်းထုတ်ပိုးပုံကို ပြတဲ့ကြော်ငြာတွေက မပြတဲ့ကြော်ငြာတွေထက် ကုန်အမှတ်တံဆိပ်ရွေးချယ်မှု ပြောင်းလဲမှုကို ပိုသက်စေပါတယ်။


၃။ အစားအသောက်ပြင်ဆင်ခြင်း

အစားအသောက် ကြော်ငြာတွေမှာ၊ စားချင်စရာဖြစ်လေ ရောင်းရလေပါပဲ။ လှလှပပပြင်ဆင်နေတာမျိုးက ပိုပြီး စားချင်စရာ ကောင်းစေတယ်။ ရေခဲမုန့်ပေါ် ချောကလက် လောင်းချတာတို့၊ ပန်ကိတ်ပေါ် သကာလောင်းချတာတို့ ပြပါ။


၎။ အနီးကပ်ပြကွက်များ

ကုန်ပစ္စည်းဟာ ကြော်ငြာရဲ့ သူရဲကောင်းအဖြစ် ပြချင်တဲ့အခါ အနီးကပ် ရိုက်ချက်တွေနဲ့ ပြသင့်ပါတယ်။ ချိုချဉ်တွေကို အနီးကပ်ပြလေ၊ ကြည့်တဲ့သူတွေက သားရေယိုလေပေါ့။


၅။ ခပ်မြူးမြူးလေးစပါ

ပထမဆုံးပြကွက်မှာတင် စိတ်ဝင်စားအောင် စလိုက်ရင်၊ ဆက်စိတ်ဝင်စားပြီး ကြည့်အောင် ဆွဲဆောင်နိုင်ပါတယ်။ လူတွေက ကြော်ငြာတွေကို စိတ်ပျက်ပြီး အော်ကြတာက အစကတည်းက ပျင်းစရာကောင်းလို့ဖြစ်ပါတယ်။ တစ်ခုခုကောင်းတာ လာတော့မယ်ဆိုတာ ခင်ဗျားကတော့ ကိုယ်ရိုက်ထားတာ မို့သိတယ်။ ကြည့်တဲ့သူတွေက မသိဘူး။ မီးသတ်ဆေးဗူးကြော်ငြာတာဆိုရင်၊ မီးလောင်တဲ့အခန်းကစပါ။


#Credit

Myanmar Advertising Directory

Read times
Rate this item
(1 Vote)