-->
×

Warning

JUser: :_load: Unable to load user with ID: 29


Sales presentation planning အတွက် လိုအပ်တဲ့အချက်များ

Sales presentation planning အတွက် လိုအပ်တဲ့အချက်များ google

 

sales presentation ပြုလုပ်နေစဉ် အတွင်းမှာ ဖြစ်ပေါ်လာတဲ့၊ တွေ့ဆုံ ကြုံကြိုက်လာတဲ့ အကြောင်းအရာ တွေအပေါ်မှာ ထိရောက်မှု ရှိစွာ မြန်မြန်ဆန်ဆန်

ထိန်းညှိပေးနိုင်ဖို့ flexibility ဖြစ်ဖို့လိုအပ်သလို၊ လုပ်ဆောင်နိုင်စွမ်း ရှိဖို့လဲ လိုအပ်ပါတယ်။ advantage ဖြစ်စေနိုင်တဲ့ presentation planning တစ်ခုဆိုရင် ဘာတွေကို ထည့်သွင်းစဉ်းစာရမှာလဲ ဆိုတော့

 

Important consumer benefits

မိမိတို့ရဲ့ presentation ထဲ၊ presentation ပြုလုပ်နေစဉ်မှာ တစ်နည်းအားဖြင့် communication ပြုလုပ်နေချိန်မှာ ကိုယ့်ရဲ့ customers or consumers တွေအတွက် ဘယ်လို benefits အကျိုးကျေးဇူးတွေ ရရှိစေနိုင်သလဲ ဆိုတာကို သူတို့သိရှိသွားအောင် ကိုယ့်ရဲ့ Presentation ထဲမှာ ပါဝင်ဖို့ ပြောဆိုပေးရပါမယ်။ B2B, B2G သွားတဲ့အချိန်မှာသာ မိမိတို့က computer နဲ့ presentation or demonstration လုပ်ပြပေးဖို့ ဒီအချက်တွေ ပါဝင်တာ မဟုတ်ပါဘူး။ B2C သွားတဲ့အချိန် ပြောတဲ့အချိန်တွေမှာလဲ consumer’s benefits ပါဝင်ဖို့လဲ လုံးဝအရေးကြီးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ product or service ဆီကနေ consumers တွေအတွက် ဘယ်လိုအကျိုးအကျေးဇူး တွေ ရရှိစေသလဲဆိုတာကို ထုတ်ဖော်ပြသပေးဖို့အတွက် ကိုယ့်ရဲ့ ကုန်ပစ္စည်းအကြောင်းကို ကိုယ်ကိုယ်တိုင်သိဖို့ အရင်လိုအပ်ပါတယ်။


Visual Aids and Demonstration

presentation ပြုလုပ်တဲ့အခါမှာ ချော်တောငေါ့ပြီးတော့ animation အများကြီးတွေ theme တွေ mix လုပ်တာတွေကို ရှောင်ရှားသင့်ပါတယ်။ Clear, visual ဖြစ်ရမယ်။ ပုံရယ်၊ စာရယ် မျှမျှတတ ဖြစ်ရမယ်။ reference အနေနဲ့ ကောင်းမွန်တဲ့ track record တွေကို ပြသသင့်တယ် ဒါတွေသည် ကိုယ့်ရဲ့ presentation အတွက် အရေးကြီးတဲ့ အပိုင်းပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့ Hard copy တွေ ထားခဲ့သင့်တယ်။ soft copy သည် presentation လုပ်ချိန်မှာသာ အသုံးဝင်တာ ဖြစ်ပြီးတော့ အဲ့နေရာက ကိုယ်ထွက်လာပြီ ဆိုရင်တော့ သူ့အတွက် visual ဖြစ်ဖို့ဆိုရင် ကိုယ့်နဲ့ ပတ်သက်တဲ့ ကိုယ့်ပေးချင်တဲ့ information တွေပါဝင်တဲ့ hard copy မျိုး ပေးခဲ့သင့်တယ်။ retail ပိုင်းသွားမယ်ဆိုရင်လဲ cataloges, leaflet, price lists စတာတွေ ပြည့်ပြည့်စုံစုံ ပါဝင်သင့်တယ်။ ယူဆောင် သွားသင့်တယ်။ စကားချည်းဘဲ ၀င်ပြောတာ မိတ်ဆက်တာသည် visual aids မဖြစ်ပါဘူး သူ့ရဲ့ premises ထဲက ကိုယ့်ပြန်ထွက်လာပြီ ဆိုကတည်းက သူကိုယ့်ကို မှတ်မိဖို့ဆိုတာ မလွယ်တော့ဘူး။ နေ့စဉ် ကိုယ့်လိုလဲ အခြားသော company တွေကသူတွေလဲ သူ့ဆီကို ၀င်ထွက်သွားလာနေမှာ ဖြစ်သည့်အတွက် visual aids သည် အရေးအကြီးဆုံး ဖြစ်ပါတယ်။

 

Confidence

ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်အ၀ ရှိရမယ်။ အရင်က လုပ်ခဲ့ဘူးတာ မလုပ်ခဲ့ဘူးတာသည် အရေးမကြီးဘူး အခု လုပ်နေစဉ်အတွင်းမှာ ကိုယ့်ရဲ့ product အကြောင်း ပြည့်စုံစွာ သိသင့်တယ်။ ကိုယ့်ရဲ့ ပြိုင်ဘက်တွေနဲ့ ပတ်သက်တဲ့ information အတိုင်းအတာ တစ်ခုထိ သိထားသင့်တယ်။ ကိုယ်ကိုယ်တိုင် confidence မရှိဘဲနဲ့ Presentation လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ audience ဆီကလဲ attention ရဖို့ကို မမျှော်လင့်စေ ချင်ဘူး။ သေချာတာတစ်ခုကတော့ work တော့ ဖြစ်မှာသေချာတယ် work done တော့ ဖြစ်မှာ မဟုတ်ပါဘူး။

 

source; NLA Service

Myanmar Advertising Directory

Read times
Rate this item
(2 votes)