-->
×

Warning

JUser: :_load: Unable to load user with ID: 29


မြန်မာနိုင်ငံမှာ လူငယ်တွေလုပ်ကိုင်ဖို့ သင့်တော်တဲ့ လုပ်ငန်း (၅)ခု

မြန်မာနိုင်ငံမှာ လူငယ်တွေလုပ်ကိုင်ဖို့ သင့်တော်တဲ့ လုပ်ငန်း (၅)ခု google

ကျောင်းတက်လက်စ ကျောင်းသားလူငယ်တွေ၊ ကျောင်းပြီးခါစ လူငယ်တွေအနေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ ဘယ်ကနေစရမလဲဆိုပြီး စဉ်းစားရင်း အချိန်ကုန်နေတက်ကြပါတယ်။

လုပ်ငန်းခွင်ဝင်တဲ့အခါ ကိုယ်မှာရှိတဲ့ အရည်အချင်းကလည်း အရေးကြီးသလို၊ အတွေ့အကြုံကလည်း အများကြီးစကားပြောပါတယ်။

ဒါပေမယ့် ကိုယ်ကသူများအလုပ် မလုပ်ချင်ဘူး၊ ကိုယ်ရတဲ့ဝင်ငွေကိုပဲ ပိုမက်တဲ့ သူတစ်ယောက်ဆိုရင်တော့ ကိုယ့်အနေနဲ့ အတွေ့အကြုံလည်းရ အရင်းအနှီးလည်း အများကြီးစိုက်စရာမလိုဘဲ လူငယ်တွေအတွက် အသင့်တော်ဆုံးသော အသေးစားစီးပွားရေးလုပ်ငန်း (၅)ခု ပြောပြပေးချင်ပါတယ်။

၁။ Online Shopping

အခုနောက်ပိုင်း လူတွေတော်တော်များ Online ပေါ် Social Media တွေပေါ်မှာပဲ အချိန်ကုန်လာကြတာများပါတယ်။ ကိုယ်က အရောင်းဝယ်လုပ်ငန်းစချင်ပေမယ့် ဆိုင်ခန်းခတွေ နေရာထိုင်ခင်းတွေအတွက် အခက်ခဲရှိတယ်ဆိုရင် Online Shopping လုပ်ငန်းက တော်တော်လေးအဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ အဝတ်အစား အသုံးအဆောင်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းစတာတွေကို တစ်နိုင်တစ်ပိုင်အနေနဲ့ Online ပေါ်က ရောင်းချတာဟာ အချိန်ကုန်ငွေကုန်သက်သာပြီး အရင်းအနှီးအများကြီးမလိုတဲ့အပြင် Customer နဲ့ ဈေးသည် တိုက်ရိုက်ထိတွေ့လို့ရမယ့် လုပ်ငန်းကောင်းတစ်ခုဖြစ်ပါတယ်။

၂။ Content Writer

Digital ခေတ်ကို ရောက်လာတာနဲ့အမျှ Content Writer အလုပ်ကလည်း အရမ်းကိုအရေးပါတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။ Content Writer ဆိုတာ Social Media တွေ Web တွေပေါ်မှာ လူစိတ်ဝင်စားစေမယ့် သတင်းဆောင်းပါးတွေကို ရေးသားရတဲ့သူလို့ အလွယ်မှတ်ယူလို့ရပါတယ်။ လူတွေအတွ က်အကျိုးရှိစေမယ့် သိမှတ်စရာဗဟုသုတတွေ၊ ခရီးသွားကောက်ကြောင်းတွေ၊ Movie Review IT နဲ့ပ တ်သတ်တဲ့အကြောင်းအရာတွေ၊ အစားအသောက်အကြောင်းတွေအပြင် စီးပွားရေးလုပ်ငန်းတွေအတွက် ခေတ်ရေစီးကြောင်းနဲ့အညီ ထိရောက်တဲ့ ကြော်ငြာစာတွေရေးတာကလည်း Content Writer တွေရဲ့ အလုပ်လို့ ပြောလို့ရပါတယ်။ ဒီအလုပ်ကကျောင်းသားတွေ အတွေ့အကြုံရှာနေတဲ့ လူငယ်တွေနဲ့ပိုပြီး ကိုက်ညီတဲ့အလုပ်တစ်ခုပါ။ Content Is King ဆိုတဲ့စကားလဲ ရှိပါတယ်။

ကြော်ငြာကဏ္ဍမှာ လုပ်နေတဲ့ သုတေသနသမားတွေအတွက် အကြံပြုချက် ( ၉ ) ချက်

၃။ Graphic Designer

Designer လို့ပြောလိုက်တာနဲ့ Fashion Designer တွေကိုပဲ တော်တော်များများ ပြေးမြင်ကြတာပါ။ အခုလက်ရှိ Social Media တွေမှာမြင်နေရတဲ့ အမိုက်စားဓာတ်ပုံဖန်တီးမှုတွေက အားလုံးသိတဲ့ ဖက်ရှင်ဒီဇိုင်းနာဆိုသူတွေမဟုတ်ပဲ Graphic Designer တွေရဲ့ လက်ရာတွေပါ။ Graphic Designer ဆိုတာကတော့ Digital Drawing ကို အခြေခံထားတဲ့ Digital ပန်းချီဆရာတွေလို့ ဆိုရပါမယ်။ အရောင်တွေရဲ့ အသုံးဝင်မှုကို စိတ်ဝင်စားပြီး ပန်းချီဆွဲရတာ ဝါသနာပါတဲ့သူတွေအတွက်တော့ Graphic Designer အလုပ်က တော်တော်လေးအဆင်ပြေတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။

၎။ Web Developer

Web Developer တွေကလည်း Content Writer တွေနဲ့ နည်းတူပါပဲ။ Internet ကို ကျယ်ကျယ်ပြန့်ပြန့် သုံးရလာတာနဲ့အမျှ Web Developer တွေရဲ့ အခန်းကဏ္ဍကလည်း အရမ်းကိုအရေးပါလာပါတယ်။ ခေတ်ရေစီးကြောင်းနဲ့အညီ IT နည်းပညာကို ဝါသနာပါပြီး Website တွေ ရေးဆွဲဖန်တီးတာ Application တွေရေးဆွဲတာတွေကို စိတ်ဝင်စားရင်တော့ Web Developer အလုပ်က အသင့်တော်ဆုံးပါ။

၅။ Beauty Blogger

အလှအပနဲ့သတ်ပက်ပြီး ကိုယ်တိုင်လည်းလှလှလေးနေမယ့် ကိုယ့်ပတ်ဝန်းကျင်ကသူတွေကိုလည်း အလှအပနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ မျှဝေပေးချင်တယ်ဆိုရင် Beauty Blogger အလုပ်ကကုသိုလ်လည်းရ ဝမ်းလည်းဝ တဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ Beauty Blogger အလုပ်ကလည်း အဓိကအားဖြင့် Onlineကို အခြေခံထားတဲ့ အလုပ်တစ်ခုဖြစ်ပြီး ကိုယ့်ကိုလူသိများအောင် Personal Branding လုပ်ရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း နာမည်ကြီး Beauty Blogger တွေများစွာရှိပြီး နာမည်ကြီးတစ်ယောက်ကို ပြောပါဆိုရင်တော့ အားလုံးသိတဲ့ Beauty by Nay Chi ကို ညွန်ပြရမှာပါ။

ဒီလုပ်ငန်း(၅)ခုဟာ လက်ရှိမြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတဲ့ လုပ်ငန်း(၅)ခုဖြစ်ပါတယ်။ ကိုယ်အနေနဲ့ ကုမ္မဏီတွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်သလို၊ တစ်နိုင်တစ်ပိုင် Freelance အဖြစ်လည်း ပေါ့ပေါ့ပါးပါး လုပ်ကိုင်နိုင်တဲ့ လူငယ်တွေအတွက် အသင့်တော်ဆုံးလုပ်ငန်းတွေပဲဖြစ်ပါတယ်။

Source; Kwee
Myanmar Advertising Directory

Read times
Rate this item
(1 Vote)