-->
×

Warning

JUser: :_load: Unable to load user with ID: 29


ငွေအရင်းအနှီးမလိုပဲ ဝင်ငွေကောင်းတဲ့ ကိုယ်ပိုင်လုပ်ငန်း တည်ထောင်ချင်တယ်ဆိုရင်

ငွေအရင်းအနှီးမလိုပဲ ဝင်ငွေကောင်းတဲ့ ကိုယ်ပိုင်လုပ်ငန်း တည်ထောင်ချင်တယ်ဆိုရင် Google

Social Media တွေခေတ်စားလာတာတဲ့ ခေတ်ကြီးမှာ သင့်မှာဖုန်းတစ်လုံးရှိရုံနဲ့ ကုမ္ပဏီထောင်နိုင်ပါတယ်။ သန်းနဲ့ချီတဲ့ အမေရိကန်တွေ ချမ်းသာကြွယ်ဝခြင်းဟာ ရွှေတွင်း၊ ငွေတွင်းတွေ တူးမိလို့ ချမ်းသာခဲ့တာ မဟုတ်ပါဘူး။ 

သင်လည်း ချမ်းသာတဲ့သူ ဖြစ်နိုင်ပါတယ်။ တကယ်လို့ သူ့ ဦးနှောက်ထဲက ရတနာသိုက်ကို ဖောက်နိုင်ပြီ ဆိုရင်ပေါ့။ သင့်ဦးနှောက်ထဲမှာ ဘယ်လိုရတနာတွင်းရှိသလဲဆိုတာကို ဒီလုပ်ငန်း (၆) ခုနဲ့ နှိုင်းယှဉ်သုံးသပ်နိုင် ပါတယ်။


၁။ အိမ်တွင်းလက်မှု ဖန်တီးချက်လေးများ

တကယ်တော့ လူတိုင်းအမှတ်တမဲ့ နေမိတတ်တဲ့ တစ်ကိုယ်ရည်ကျွမ်းကျင်တဲ့ အနုပညာစွမ်းရည်လေးတွေ ရှိတတ်ပါတယ်။ ဥပမာ ပလတ်စတစ်အမှိုက်ကနေ ဒီဇိုင်းလှပတဲ့ ဖုန်းအိတ်ကလေးတွေ၊ လွယ်အိတ်လေးတွေနဲ့ ခွက်ကလေးတွေ ဖန်တီးတာမျိုးပါ။ အပြင်ကနေကြည့်ရင် ဒါဟာ ဈေးကွက်ဝင်ရာင်းကုန်မဟုတ်ဘူးလို့ ထင်ပါလိမ့်မယ်။ တကယ်တော့ ဒါဟာ သင့်ရဲ့ မူပိုင်ရောင်းကုန်ဖြစ်ပါတယ်။ သင့်ရဲ့ ဖန်တီးမှုကို အွန်လိုင်း Shopping platforms တွေကနေ ရောင်းနိုင်သလို နောက်ဆုံး Facebook မှာ Page ထောင်ပြီးတော့တောင် ရောင်းချနိုင်ပါတယ်။


၂။ အိမ်အကူဝန်ဆောင်မှု

နိုင်ငံရပ်ခြားမှာ သိပ်ခေတ်စားတဲ့ အလုပ်တစ်မျိုးဖြစ်ပါတယ်။ ဒီမှာတော့ သိပ်ပြီး လူသိနည်းသလို အထင်လည်သေးတဲ့ အလုပ်မျိုးပါ။ တကယ်တော့ ဒီအလုပ်မျိုးက တကယ်လည်း လက်တွေ့ကျသလို ဝင်ငွေကောင်းရနိုင် အလုပ်လည်း ဖြစ်ပါတယ်။ ကိုယ့်အနီးနားက အိမ်နီးချင်းရဲ့ကလေး ထိန်းပေးတာ၊ ခွေးကျောင်းပေးတာတို့ အပြင် အချိန်ပိုင်းစာပြပေးတာကအစ လုပ်လို့ရပါတယ်။ ဒီအတွက် ပိုက်ဆံတစ်ကျပ်မှ ကုန်စရာမလိုပါဘူး။


၃။ ဟိုဟာဒီဟာ ပြင်တယ်

တစ်ချို့လူတွေက ဝါသနာအလိုက် လျှပ်စစ်ပစ္စည်းလေးတွေ ပြင်တာဝါသနာပါကြပါတယ်။ ဒီလူတွေအတွက်တော့ အသက်ကြီးရင်တောင် အိုးမကွာ၊ အိမ်မကွာ အလုပ်နဲ့ လက်မပြတ်အောင် လုပ်နိုင်လို့အတော်လေး အဆင်ပြေမှာ ဖြစ်ပါတယ်။ နောက်ဆုံး လက်သမားလုပ်နိုင်လို့ ရပ်ကွက်ထဲက ပရိဘောဂနဲ့ အိမ်တွင်းအသုံးအစ ဆောင်လေးတွေ ပြန်ပြင်မယ်ဆိုရင်တောင် အလုပ်ဖြစ်ပါတယ်။

ငွေသိပ်မရှိလို့ သင့်ရဲ့စီးပွားရေးလုပ်ငန်းကို အကောင်အထည်မဖော်နိုင်သေးဘူးဆိုရင်
၎။ အတိုင်ပင်ခံလုပ်ငန်း

အလုပ်တစ်ခုမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်လာပြီး ကျွမ်းကျင်တဲ့ ဝန်ထမ်းကောင်းတစ်ဦးအတွက် ဒီအလုပ်ကနေနားတဲ့ တစ်နေ့တာ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံများ အသုံးချပြီး အလားတူအလုပ်မျိုးမှာ ပြင်ပအတိုင်ပင်ခံအဖြစ် ဝန်ဆောင်မှု ပေးနိုင်မှာ ဖြစ်ပါတယ်။ အလွတ်တန်း အတိုင်ပင်ခံအဖြစ်လည်း လုပ်နိုင်သလို ကိုယ်ပိုင်လုပ်ငန်းထောင်ပြီးတော့လည်း ကုမ္ပဏီတွေရဲ့ လုပ်ငန်းဆိုင်ရာ အကြံပေးဝန်ဆောင်မှုလုပ်ပြီး ဝင်ငွေကောင်းနဲ့ ရပ်တည်နိုင်မှာပါ။


၅။ ပြန်ရောင်းမယ်

အရောင်းအဝယ်ဆိုတာ ကမ္ဘာဦးစီးပွားရေးပါ။ ဘယ်တော့မှ တိမ်ကောမှာလည်း မဟုတ်ပါဘူး။ တစ်ခုရှိတာက အခုပြောတဲ့ ပြန်ရောင်းတယ်ဆိုတာ ကိုယ့်အနေနဲ့ ငွေစိုက်ဝယ်ပြီး ပြန်ရောင်းတာမျိုးကို ပြောတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ လုပ်ငန်းကျွမ်းကျင်မှုနဲ့ သစ္စာရှိမှုကို အရင်းတည်ပြီး စက်ရုံတွေ၊ ကုမ္ပဏီတွေနဲ့ တိုက်ရိုက်ချိတ်ပြီး အေးဂျင့်တစ်ယောက်လို အရောင်းအဝယ်လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက် ကုမ္ပဏီဝန်ထမ်းဖြစ်ဖို့ မလိုပါဘူး။


၆။ အသေးစား စီးပွားရေးလုပ်ငန်း

ဒီလုပ်ငန်းမျိုးက ကျယ်ပြန့်ပါတယ်။ အရပ်ဒေသအလိုက် အသေးစား စီးပွားရေးလုပ်စရာ ပေါပါတယ်။ နောက်ဆုံး ကိုယ်ကကားမောင်းတတ်တယ်ဆိုရင် အခုအက်ပလီကေးရှင်းနဲ့ ကားခေါ်လို့ရတဲ့ Grab တို့ Uber တို့ မှာ သွားပြီး ယာဉ်မောင်းဝန်ဆောင်မှု လုပ်နိုင်ပါတယ်။ ဒီကနေမှရတဲ့ ငွေကြေးကိုစုဆောင်းပြီး ကားနဲ့ ဆက်စပ်တဲ့ ခရီးသွားလုပ်ငန်းသေးသေးလေးတွေ ထောင်လို့ရပါတယ်။ တစ်ခုရှိတာက ဒီလုပ်ငန်းမျိုးက startup ဖြစ်တဲ့အတိုင်း အရင်းအနှီးနဲ့ နည်းပညာလိုပါတယ်။ ဒီအတွက်တော့ အချိန်ပေးလေ့လာပြီး စနစ်တကျစီးပွားရှာရမှာ ဖြစ်ပါတယ်။

Source; Tips Myanmar News
Myanmar Advertising Directory

 

Read times
Rate this item
(2 votes)