-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာရှင်တွေ မိမိ Product ပေါ်မှာ ယုံကြည်မှုရှိလာအောင် လုပ်ဆောင်သင့်တဲ့အချက်များ

ကြော်ငြာရှင်တွေ မိမိ Product ပေါ်မှာ ယုံကြည်မှုရှိလာအောင် လုပ်ဆောင်သင့်တဲ့အချက်များ Google

ပထမဦးဆုံးအနေနဲ့ ကိုယ့် Product ရဲ့ အရည်အသွေးက အကောင်းဆုံးအနေအထားမှာ ရှိနေဖို့လိုအပ်မှာ ဖြစ်ပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ကြော်ငြာရှင်တွေက ကိုယ့်ကုမ္ပဏီမှာပဲ ယုံကြည်စိတ်ချစွာနဲ့ ကြော်ငြာလာထည့်သွင်းမှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ကုမ္ပဏီမှာ လာပြီးတော့ကြော်ငြာမယ်ဆိုရင် သူတို့အတွက် ဘာတွေဘယ်လောက် အကျိုးရှိမယ်၊ စီးပွားရေးတွေ ဘယ်လိုမျိုး ဖြစ်ထွန်းအောင်မြင်လာမှာလဲ ဆိုတာကို ကြော်ငြာရှင်တွေသိလာအောင် ရှင်းပြနိုင်ဖို့အတွက် တစ်နည်းနည်းနဲ့ Message ပေးနိုင်ဖို့ လိုအပ်ပါတယ်။

ဥပမာ ကိုယ့်ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ Circulation ဘယ်လောက်ရှိတယ်၊ ကိုယ့်ကုမ္ပဏီမှာ ကြော်ငြာမယ်ဆိုရင် ဒီကြော်ငြာကို လူဘယ်နှစ်ယောက်က မြင်သွားမယ်၊ သူတို့ရဲ့ Brand/Product ဘယ်လောက်အတိုင်းအတာအထိ နာမည်ကြီးသွားမယ်၊ လူသိများသွားမယ် စတာတွေကို Google Analytics ဒါမှမဟုတ် တစ်ခြား Data မှတ်တမ်းမှတ်ရာတစ်ခုခုနဲ့ ကြော်ငြာရှင်တွေကိုပြသပြီးတော့ စည်းရုံးထားနိုင်ဖို့ လိုအပ်ပါတယ်။

အခုခေတ်ဟာ Digital ခေတ် ရောက်နေပြီဖြစ်တဲ့အတွက် Facebook, Instagram, Twitter တို့လို Social Media တွေကို ကောင်းကောင်းအသုံးချပြီး ကိုယ့် Product၊ Guide၊ Directory၊ Page ရဲ့ Engagement များလာအောင် အရင်ဆုံးပြုလုပ်ထားသင့်ပါတယ်။

ကောင်းမွန်တဲ့ Passive Income တစ်ခုတည်ဆောက်ဖို့ဆိုရင်

ဒီလိုလုပ်နိုင်ဖို့အတွက် အရည်အသွေးမြင့်မားတဲ့ Organic Content တွေ ရေးနိုင်ဖို့ လိုအပ်ပါတယ်။ Boosting ပိုင်းအတွက် ထိုက်သင့်တဲ့ Budget တစ်ခုကိုသတ်မှတ်ပြီး အဲ့ဒီပမာဏအတွင်းမှာ ထိရောက်တဲ့ Audience ကိုရွေးချယ်နိုင်ပြီး Boost နိင်ဖို့ လိုအပ်ပါတယ်။

Social Media Campaign တွေပြုလုပ်ပြီး လူတွေစိတ်ဝင်စားနိုင်မယ့် ပစ္စည်းလေးတွေနဲ့ ဖုန်းဘေတွေကို မဲဖောက်ပေးတဲ့ အစီအစဉ်တွေကို ပြုလုပ်ပေးခြင်းအားဖြင့်လည်း ကိုယ့် Product၊ Guide၊ Directory၊ Page ရဲ့ Engagement၊ Like၊ Popularity တွေကို မြှင့်တင်နိုင်ပါတယ်။

အခုလိုပြုလုပ်တာတွေဟာ တစ်နည်းအားဖြင့် Digital Marketing Strategies တွေထဲမှာ ပါဝင်နေတာ ဖြစ်တဲ့အတွက် တိုးတက်နေတဲ့ Digital ခေတ်နောက်ကို အမှီလိုက်နိုင်ဖို့အပြင် ကိုယ့်ကုမ္ပဏီ အောင်မြင်ဖို့အတွက် တကယ့်ကို လုပ်ဖို့လိုအပ်တဲ့ အချက်အလက်တွေပဲဖြစ်ပါတယ်။

နောက်တစ်ချက်အနေနဲ့ မလုပ်မဖြစ် မဟုတ်ပေမယ့် လုပ်နိုင်ရင် ပိုကောင်းတဲ့ ROI (Return of Investment) ကို ကိုယ့်ကုမ္ပဏီမှာ လာရောက်ကြော်ငြာမယ့် Advertisers တွေအတွက် တွက်ချက်ပေးနိုင်ရင် ပိုပြီးတော့ ကောင်းပါတယ်။

ကိုယ့်ကုမ္ပဏီမှာ လာရောက်ကြော်ငြာခြင်းအတွက် ကုန်ကျစရိတ်က ဘယ်လောက်၊ ကိုယ့်ကုမ္ပဏီဘက်ကနေမှ ကြော်ငြာရှင်တွေအတွက် ပြန်လည်ရှာဖွေပေးနိုင်မယ့် ပမာဏကဘယ်လောက်ဆိုတာကို တိတိကျကျ မဟုတ်ရင်တောင် အကြမ်းဖျင်း ကြော်ငြာရှင်တွေကို တွက်ချက်ပေးနိုင်မယ်ဆိုရင် သူတို့ဘက်ကလည်း ကိုယ့်ကုမ္ပဏီ၊ ကိုယ့် Product အပေါ်မှာ ယုံကြည်မှုတွေတိုးလာပြီးတော့ ကြော်ငြာတွေလာထည့်ဖို့က ၁၀၀% နည်းပါးသေချာနေပါပြီ။


Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)