-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်စီးပွားရေးလုပ်ငန်း Profile အတွက် အရေးပါတဲ့အချက်များ

သင့်စီးပွားရေးလုပ်ငန်း Profile အတွက် အရေးပါတဲ့အချက်များ Google

Social Media အသုံးပြုနေကျတဲ့ လုပ်ငန်းမှာ Cover Image က ဘယ်လောက်အရေးပါဝင်သလဲဆိုတာ လုပ်ငန်းရှင်တွေသိကြမှာပါ။

ဒီ Cover Image တွေဟာ စီးပွားရေးလုပ်ငန်းမဟုတ်ပဲ သာမန် User တွေမှာတောင် ဒီ Cover Image က တော်တော်စကားပြောပါတယ်။ User တွေဟာ သင့်ရဲ့ Social Media Profile ကိုဝင်ကြည့်ခဲ့တယ်ဆိုရင် အရင်ဆုံးတွေ့မှာက Profile နဲ့ Cover Image ကိုတွေ့မှာဖြစ်ပါတယ်။

ဒီတော့ သင့်ရဲ့ Profile အပေါ်မှာရှိနေတဲ့ Cover Image ကို အဓိပ္ပါယ်ရှိရှိနဲ့ လူစိတ်ဝင်စားနိုင်တဲ့ Cover Image သုံးထားတဲ့ User နဲ့ သိပ်ပြီးအဓိပ္ပါယ်မရှိတဲ့ Cover Image သုံးထားတဲ့ User ဆိုရင် စိတ်ဝင်စားနိုင်တဲ့ Cover Image သုံးထားတဲ့ User က ပိုပြီး Engagement ရနိုင်ပါတယ်။

ဒီလိုပဲ စီးပွားရေးလုပ်ငန်းတွေမှာ လည်း Cover Image က လုပ်ငန်းရဲ့ Image နဲ့ Engagement ကိုပြောင်းလဲစေပါတယ်။ Social Media ပေါ်မှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းအများအပြားမှာ Cover Image ကို မှားယွင်းစွာသုံးမိခြင်း၊ လိုအပ်ထက် Size ထက်ပိုပြီးသုံးမိခြင်းအစရှိတဲ့ ထိခိုက်နစ်နာမှုတွေလည်းရှိခဲ့ပါတယ်။

ဒါကြောင့်မို့ Cover Image ကိုဂရုတစိုက်နဲ့ အသုံးပြုစေချင်ပါတယ်။ Cover Image သုံးမယ်ဆိုရင် အသုံးဝင်နိုင်မယ့် Tip လေးအချို့ကို ဖော်ပြချင်ပါတယ်။

တစ်ကမ္ဘာလုံးမှာ ဆွဲဆောင်မှုအကောင်းဆုံး ဘေဘုတ်ကြော်ငြာ (၈)ခု

၁။ သင့်ရဲ့ Cover Image ဆိုတာ သင့်အတွက် Virtual Shop Window တစ်ခုလိုတွေးပြီးဖန်တီးပါ။

၂။ မြင်သူတိုင်းရဲ့စိတ်ဓာတ်ကို တက်ကြွနိုးထလာအောင်ဖန်တီးပါ။

၃။ Cover Image Size ကို တိကျတဲ့ အချိုးနဲ့ပြုလုပ်ပေးပါ။

၎။ Story ပြောပြတဲ့ Cover ပုံစံပြုလုပ်နိုင်ပါတယ်။ ( Audience တွေဟာ Story Telling ကိုသဘောကျနှစ်သက်တဲ့အတွက်ဖြစ်ပါတယ်)

ဒီတော့ မိမိလုပ်ငန်းကို Social Media ပေါ်မှာ သေချာလုပ်ကိုင်တော့မယ်ဆိုရင် Cover Photo ဟာလည်း အရေးပါတဲ့ အရာတစ်ခုဖြစ်တဲ့အတွက် ဖြစ်သလိုမပြုလုပ်ပဲ၊ သေချာဂရုတစိုက်ပြုလုပ်ဖို့အတွက် အကြံပြုလိုက်ပါတယ်။


Source; SEO Myanmar
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)