-->


ဝယ်သူတွေ ကိုယ့်ပစ္စည်းကို ၀ယ်ဖို့ အတားအဆီးတွေက ဘာတွေလဲ

ဝယ်သူတွေ ကိုယ့်ပစ္စည်းကို ၀ယ်ဖို့ အတားအဆီးတွေက ဘာတွေလဲ google.com

မိမိ Product ဒါမှမဟုတ် Service မှာ  ဘယ်လိုအတားအဆီးတွေ ရှိနေလဲ။ ပြေလည်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ။

၁။ ပိုက်ဆံမလောက်တာ ( လိုချင်ပေမယ့် ဈေးကြီးနေတယ်။ လက်လှမ်းမမီဘူး )

TATA ကုမ္ပဏီက တန်ဖိုးနည်းကားတွေထုတ်တာ ပိုက်ဆံမလောက်လို့ ကားမ၀ယ်နိုင်တဲ့သူတွေရဲ့ အတားအဆီးကို ဖျောက်ဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။

၂။ အလွယ်တကူမရနိုင်တာ ( လိုချင်ပေမယ့် ကိုယ်ဝယ်နိုင်တဲ့နေရာမှာ မရှိနေဘူး )

ကိုကာကိုလာက နေရာတိုင်း ဆိုင်တိုင်းမှာ သူ့ပစ္စည်းရအောင်ထားတာက ၀ယ်ချင်ပေမယ့် အလွယ်တကူမရနိုင်တဲ့ပြဿနာကိုဖြေရှင်းနေတာ။

သင့်ကုန်ပစ္စည်းကို အမှန်ကန်ဆုံး ဈေးနှုန်းသတ်မှတ်နိုင်မယ့် နည်းလမ်းများ

၃။ အသုံးပြုဖို့ ကျွမ်းကျင်မှုမရှိတာ (လိုချင်တယ်။ ပိုကောင်းသွားမယ်ဆိုတာသိတယ်။ ဒါပေမယ့် အသုံးမပြုတတ်ဘူး)

ဆာ့ဖ်ဝဲကုမ္ပဏီတွေက ဆော့ဖ်ဝဲတွေကို အသုံးပြုရပိုလွယ်ကူအောင် User friendly ဖြစ်အောင်လုပ်တာက ကျွမ်းကျင်မှုမရှိတဲ့အခက်အခဲကို ပြေလည်စေချင်လို့။

၎။ အချိန်မရှိတာ (သုံးချင်တယ်။ ဒါပေမယ့် အချိန်မရှိလို့ မသုံးတတ်ဘူး)

 အသင့်စားခေါက်ဆွဲတွေ၊ ကော်ဖီမစ်တွေ၊ Detox လုပ်ပေးသူတွေ၊ Package နဲ့ ၀ိတ်ချပေးတဲ့သူတွေနဲ့ နောက်ဆုံး ဆံပင်ညှပ် ဆယ်မိနစ်ဆိုတာတွေက အချိန်မရှိတဲ့သူတွေအတွက်။

ကိုယ့်ပစ္စည်း၊ ၀န်ဆောင်မှုကို ဗျူဟာ ပြန်လည်ရေးဆွဲဖို့အတွက် ၀ယ်ယူသူဘာလိုချင်တာလဲဆိုတာနဲ့ ဘယ်လိုအတားအဆီးရှိလဲ၊ ဘယ်လိုပြေလည်အောင်လုပ်မလဲဆိုတာက အဓိကကျပါတယ်။

 

Credit; Dr. Thurein Hlaing Win

Myanmar Advertising Directory

Read 871 times
Rate this item
(2 votes)