-->
×

Warning

JUser: :_load: Unable to load user with ID: 29


နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMFကထုတ်ပြန်တဲ့ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများ

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMFကထုတ်ပြန်တဲ့ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများ google.com

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ဧပြီလက ထုတ်ပြန်တဲ့ ဒေတာအချက်အလက်တွေအရဆိုရင် ကမ္ဘာ့အချမ်းသာဆုံး  နိုင်ငံတွေကို တွက်ချက်အဆင့်ခွဲခြားရာမှာ နိုင်ငံတွေရဲ့ အရွယ်အစားဟာ များစွာ အဓိကကျနေခြင်းမရှိဘူးလို့  ဆိုပါတယ်။

တစ်နှစ်ကို နှစ်ကြိမ် အဖြစ် IMF က ကမ္ဘာ့နိုင်ငံတွေရဲ့

စီးပွားရေး အင်အားနဲ့ပတ်သက်လို့ ဒေတာ ကိန်းဂဏာန်း တွေကို ထုတ်ပြန်လေ့ရှိပါတယ်။ ယင်း ထုတ်ပြန်ရာမှာတော့ နိုင်ငံတွေရဲ့နိုင်ငံသားတစ်ဦးချင်းစီအလိုက် ဂျီဒီပီ ကို အဓိကကိန်းဂဏာန်းအဖြစ် သတ်မှတ်ပါတယ်။

IMF အနေနဲ့ကတော့ နိုင်ငံသားတစ်ဦးချင်းစီအလိုက် ၀ယ်အားညှိခြင်း purchasing power parity(PPP) ကို အခြေခံပြီး ကမ္ဘာ့နိုင်ငံသားတွေရဲ့ ချမ်းသာကြွယ်ဝမှုကို  တိုင်းတာတယ်လို့ ဆိုပါတယ်။

PPP မှာတော့ မတူညီတဲ့ နိုင်ငံတွေအကြား လူနေမှုအဆင့် အတန်းတွေကို နှိုင်းယှဉ်ဖို့အတွက် နိုင်ငံတွေရဲ့ ငွေကြေးဖောင်းပွမှုနှုန်း၊ နေထိုင်မှု ကုန်ကျစရိတ်တွေကို ထည့်သွင်းတွက်ချက်ပါတယ်။

ယခု စာရင်းမှာ ထိပ်ဆုံးမှာ ပါဝင်နေတဲ့ နိုင်ငံငယ်လေးတွေဟာဆိုရင်

အမေရိကန်၊  တရုတ်၊  ဂျာမနီ  တို့လိုမျိုး နိုင်ငံဂျီဒီပီအရ  ကမ္ဘာကို ဦးဆောင်နေတဲ့ နိုင်ငံကြီးတွေနဲ့ နှိုင်းယှဉ်ရင်တော့ လူဦးရေ နည်းပါးနေလျက်ရှိနေပါတယ်။

ယင်း နိုင်ငံငယ်အများစုကတော့ ယင်းနိုင်ငံတွေမှာ  နိုင်ငံသားခံယူမထားတဲ့ ပြည်ပကနေ လာအခြေချနေတဲ့

ရွှေ့ပြောင်းလုပ်သားတွေအပေါ်မှာ အလွန်အကျွံ  မှီခိုနေလျက်ရှိတာဖြစ်ပါတယ်။

ယခု စာရင်းမှာတော့ တစ်ဦးချင်း ဂျီဒီပီ တစ်နှစ်ကို ဒေါ်လာ ၄၅,၀၀၀ ထက် မြင့်တဲ့ နိုင်ငံအားလုံးကို ထည့်သွင်းတွက်ချက်ထားတယ်လို့ သိရပါတယ်။

၁. ကာတာ - ဒေါ်လာ ၁၂၈,၇၀၂

၂. မကာအို - ဒေါ်လာ ၁၂၂,၄၈၉

၃.လူဇင်ဘတ်- ဒေါ်လာ ၁၁၀,၈၇၀

၎.စင်ကာပူ - ဒေါ်လာ ၉၈,၀၁၄

၅.အိုင်ယာလန်- ဒေါ်လာ ၇၉,၉၂၄

၆.ဘရူနိုင်း- ဒေါ်လာ ၇၉,၇၂၆

၇. နော်ဝေ- ဒေါ်လာ ၇၄,၀၆၅

၈.ယူအေအီး- ဒေါ်လာ ၆၈,၆၆၂

၉.ကူဝိတ်- ဒေါ်လာ ၆၆,၆၇၃

၁၀.ဟောင်ကောင်- ဒေါ်လာ ၆၄,၅၃၃

၁၁. ဆွစ်ဇာလန်- ဒေါ်လာ ၆၃,၃၇၉

၁၂. အမေရိကန်- ဒေါ်လာ ၆၂,၁၅၂

Read-ကမ္ဘာ့သြဇာအကြီးဆုံး ထိပ်တန်း CEO များ

Source; Strategy First Journal

Read times
Rate this item
(1 Vote)