-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘဝမှာအောင်မြင်ဖို့ အလိုအပ်ဆုံး အရည်အချင်း တစ်ခု!

ဘဝမှာအောင်မြင်ဖို့ အလိုအပ်ဆုံး အရည်အချင်း တစ်ခု! google.com

၁၉၆၀ မှာ စတန်းဖိုဒ် တက္ကသိုလ်ရဲ့  ပရောဖက်ဆာ ဝေါတာ မစ်ရှယ် နဲ့ သူ့အဖွဲ့ဟာ စိတ်ပညာ ဆိုင်ရာ လေ့လာမှုတစ်ခုကို စတင်ပြုလုပ်ခဲ့တယ်။

သူတို့ဟာ ၅ နှစ်အရွယ် ခလေး ၁၀၀ ခန့်ကို စတင်စမ်းသပ်ခဲ့တာ ဖြစ်တယ်။

သူတို့ စမ်းသပ်မှုဟာ Marshmallow Experiment လို့လည်း နာမည်ကျော်တယ်။

ပရောဖက်ဆာ မစ်ရှယ် နဲ့ သူ့ အဖွဲ့ဟာ ခလေးတွေကို အခန်းတစ်ခုထဲမှာ တစ်ယောက် တစ်ခုံစီ ထိုင်စေပြီး

သူတို့ရှေ့မှာ မာရှယ်မော်လို(Marshmallow) လို့ခေါ်တဲ့ ခလေးတွေ ကြိုက်တဲ့ ဂျယ်လီ မုန့် တစ်ခုစီကို ထားခဲ့ပြီး သူတို့ရဲ့  စိတ်ခံနိုင်ရည်ကို စမ်းသပ်တာဖြစ်တယ်။

ဆရာလုပ်တဲ့သူက နောက် ၁၅ မိနစ်ကြာရင် ငါအခန်းထဲကို ပြန်လာခဲ့မယ်။

ငါမပြန်လာခင် အဲဒီ မုန့်ကို စားလို့ရတယ်။

မစားပဲ ငါပြန်လာတဲ့ အထိ စောင့်မယ် ဆိုရင် မစားဘဲ စောင့်တဲ့လူကို အဲဒီလိုမုန့် နောက်တစ်ခု ထပ်ပေးမယ်။

ဆိုလိုတာက စောင့်နိုင်တဲ့လူက မုန့် ၂ ခု စားရမယ်ဆိုတဲ့ သဘောပေါ့။

နောက်ပြီး ဥရောပနဲ့ အမေရိကမှ ခလေးတွေဟာ အဲဒီမုန့်ကို အရမ်းကြိုက်ကြတယ်။

ဆရာက အခန်းထဲထွက်ယုံရှိသေးတယ်။

တစ်ချို့ ခလေးတွေက ကောက်စားလိုက်ကြတယ်။

တချို့ခလေးတွေက မုန့်ကို လှည့်ပတ် နမ်းကြည့်တယ်။

တချို့ က နည်းနည်းဖဲ့စားကြည့်တယ်။

ကိုယ်အရမ်းကြိုက်တဲ့ မုန့်ဟာ ကိုယ့်ရှေ့မှာ ရှိနေပြီး စားလို့လည်းရတယ် မစားဘဲ စောင့်ရင် နောက်တစ်ခုလည်း လိုချင်တဲ့ ဒွိဟ ဟာ ခလေးတွေကို အရမ်းစိတ်လှုပ်ရှားစေတယ်။

၁၅ မိနစ် ဆိုတဲ့ အချိန်ဟာ သူတို့အတွက် အရမ်းကြာလွန်းတယ်။

၁၅ မိနစ် မပြည့်ခင်မှာပဲ ခလေးတော်တော် များများဟာ ကိုယ့်ရှေ့က မုန့်ကို စားလိုက်ကြတယ်တဲ့။

အရေအတွက် အနည်းငယ်သော ခလေးတွေသာ ၁၅ မိနစ် ပြည့်အောင် စောင့်နိုင်ပြီး နောက်ထပ်မုန့် တစ်ခု စားကြရတယ်တဲ့။

တခြားကိစ္စတွေကို အဲလိုပဲ သူတို့စိတ်ကို စမ်းသပ်တယ်။

ဆရာခိုင်းတဲ့ အတိုင်း စောင့်ဆိုင်းတဲ့ ခလေးတွေကို ဆရာက သူ့ကတိ အတိုင်းမုန့် ၁ ခု ထပ်ပေးတယ်။

မစောင့်နိုင်တဲ့ ခလေးတွေ ကတော့ ပထမ တစ်ခုထဲနဲ့ ကျေနပ်လိုက်ရတယ်။

အဲဒီ နောက်မှာ ပရောဖက်ဆာ မစ်ရှယ် က ခလေးတွေကို အချိန်မပြည့်ခင် မုန့်စားလိုက်တဲ့ အဖွဲ့နဲ့ မုန့်မစားပဲ စောင့်တဲ့အဖွဲ့ ဆိုပြီး ဂရု နှစ်ဖွဲ့ ခွဲလိုက်တယ်။

ပထမ မုန့်စားလိုက်တဲ့ အဖွဲ့ကို ရောင်စုံခဲတံလေးတွေပေးပြီး ပုံဆွဲခိုင်းတယ်။

ကောင်းကောင်းမဆွဲကြဘူး။

နောက်ပြီး လှပတဲ့ စတေကာ ပုံလေးတွေ ရွေးခိုင်းတယ်။ ကောင်းကောင်းမလုပ်ဘူး။

ဒုတိယ အဖွဲ့ဖြစ်တဲ့ မုန့်မစားဘဲ စောင့်တဲ့ ခလေးတွေက ဆွဲခိုင်းတဲ့ ပုံတွေကို အလှဆုံး ဆွဲကြတယ်။

နောက်ပြီး သူတို့ကို လှပတဲ့ စတေကာ ပုံလေးတွေ ရွေးခိုင်းရာမှာ အကောင်းဆုံး စတေကာ ပုံလေးတွေ ရွေးလာကြတယ်။

ဒုတိယ အဖွဲ့ဟာ ဆရာခိုင်းလိုက်တဲ့ အတိုင်း စိတ်ရှည်ရှည် ဇွဲနပဲ နဲ့ လုပ်နိုင်တာ တွေ့ရတယ်။

The Power of Delayed Gratification

မြန်မာလို ကိုယ်နားလည်လို ပြန်ရရင် ပျော်ရွှင်ဝမ်းမြောက်မှုတွေကို စောင့်ဆိုင်းနိုင်ခြင်း စွမ်းအား။

ဒါမှမဟုတ် ဇိမ်အရင်မခံပဲ ခေတ္တ ခဏ သည်းခံနိုင်ခြင်းလို့ အနည်းစပ်ဆုံး ပြန်ရပါမယ်။

ပန်းတိုင်မရောက်ခင် ဇိမ်ခံချင် တဲ့စိတ်ကို ထိမ်းချုပ်ခြင်း လို့လဲ ပြောလို့ရပါတယ်။

မြန်မာ စကားပုံတွေမှာ အသာမစံခင် အနာခံတာပေါ့။

တစ်ခုက နေရိပ်အလာ နေပူက စောင့် ဆိုသလိုမျိုးပေါ့။

အဲလိုနဲ့ ဆန္ဒကို ထိမ်းချုပ်ပြိး စောင့်နိုင်တဲ့ ခလေးတွေ ရဲ့ ဦးနှောက်ထဲမှာ ဆွဲမှတ်သွားတာက...

နံပတ် (၁) စောင့်နိုင်ရင် ပိုပြီး အကျိုး ဖြစ်ထွန်းတယ် လိုယုံကြည်သွားတယ်။

နံပတ် (၂) ငါဟာ ငါ့ဆန္ဒတွေကို ထိမ်းချုပ်နိုင် စွမ်းရှိတယ် ဆိုပြီး ယုံကြည်မှုရသွားတယ်။

အဲလိုနဲ့ အဲဒီ ခလေး နှစ်ဖွဲ့ ကို နောက်ထပ် နှစ် ၄၀ ကြာအောင် စောင့်ကြည့် လေ့လာတယ်။

ကိုယ့်ရဲ့  ဆန္ဒ နဲ့ ခဏတာ ပျော်ရွှင်မှုကို မထိန်းသိမ်း နိုင်တဲ့ ပထမ အဖွဲ့က ခလေးတွေဟာ.. ကျောင်းက ပေးလိုက်တဲ့ အိမ်စာတွေ သေသေချာချာ မလုပ်ဘူး ။

တီဗီကြည့်တယ် ...အရင်ဆော့တယ်... ပြီးမှ အိမ်စာတွေ ဖြစ်သလို လုပ်သွားတယ်။

တချို့ ကအိမ်စာတောင် မလုပ်ကြဘူး။

အဲဒီအတွက် သူတို့ရဲ့ အတန်းထဲက အဆင့်တွေ မကောင်းကြဖူး။

ကိုယ့်ရဲ့  ခဏတာ အပျော်ကို ထိန်းသိမ်းနိုင်တဲ့ ဒုတိယ ခလေးတွေ အဖွဲ့ဟာ ကျောင်းက ပေးလိုက်တဲ့ အိမ်စာတွေ သေသေချာချာ အရင်လုပ်တယ်။

အိမ်စာတွေ လုပ်ပြီးမှ တီဗီကြည့်တယ် ဆော့တယ်။

အဲဒီအတွက် အတန်းထဲမှာ သူ့တို့ရဲ့  အဆင့်တွေ ကောင်းကြတယ်။

ကိုယ့်ရဲ့ ခဏတာ အပျော်ကို မထိန်းသိမ်း နိုင်တဲ့ ပထမ အဖွဲ့က ခလေးတွေဟာ အရွယ်ရောက်လာတဲ့ အချိန်မှာ အစားအသောက် အနေအထိုင်မှာလည်း ကိုယ်ကြိုက်တာတွေရွေးစားတယ်။

ကျန်းမာစေမဲ့ အစားအစာရွေးမစားဖူး။

ပုံမှန်လေ့ကျင့်ခန်း မလုပ်ပဲ ကိုယ်ကြိုက်ရာ ကိုယ်ပျော်ရာတွေချည်းရွေး လုပ်တဲ့အတွက် အများစုက အဝလွန် ရောဂါတွေ ရကြတယ် ကျန်းမာရေး မကောင်းကြဘူး။

ကိုယ့်ရဲ့  ခဏတာ အပျော်ကို ထိန်းသိမ်းနိုင်တဲ့ ဒုတိယ ခလေး အဖွဲ့ကတော့ ကိုယ့်ကို ကျန်းမာစေမဲ့ အစားအစာ ရွေးစားတယ်။

သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်တဲ့ အတွက်..အများစုဟာ ကျန်းမာ သန်စွမ်းပြီး fit ဖြစ်ကြတယ်တဲ့။

အကျဉ်းချုပ်ပြောရရင် ပထမ အဖွဲ့ဟာ ပျော်ရွှင်စရာ သူတို့စိတ်ကျေနပ်စရာတွေ ချည်းေ၇ွးလုပ်တယ်...

ပြီးမှ လုပ်ရမဲ့ဟာကို မဖြစ်ညစ်ကျယ် လုပ်တယ်။

အဲဒီအတွက် စာသင်ခန်းမှာ အဆင့်အမြဲနိုမ့်တယ်။ ကျန်းမာမှု မရှိဘူး။

နောက်ဆုံး လုပ်ငန်းခွင်မှာပါ အောင်မြင်မှုမရပဲ သူများအောက်ကျနောက်ကျပဲ နေရတာတွေ့ရတယ်တဲ့။

ဒုတိယ အဖွဲ့ကတော့ လုပ်သင့်တာကို အရင်စိတ်ပါလက်ပါ လုပ်တယ်။

ပြီးမှ စိတ်ပါလက်ပါ အနားယူတယ်။ ဇိမ်ခံတယ်။

ကိုယ်ပျော်ရွှင်စေမဲ့ အရာတွေ လုပ်တယ်။

အဲဒီအတွက် စာသင်ခန်းမှာ အဆင့်မြင့်မြင့်နဲ့ အောင်တယ်။

ကျန်းမာ သန်စွမ်းတယ်။ နောက်ဆုံး လုပ်ငန်းခွင်မှာပါ ဦးဆောင်ဦးရွက် လုပ်ရသူ အကြီးအကဲ ဖြစ်ပြီး ဘဝမှာပါ အောင်မြင်မှုရတယ်တဲ့။

သူတို့ရဲ့  တွေ့ရှိချက်ကို အနှစ်ချုပ်ပြောရရင် လုပ်သင့်တာမလုပ်ပဲ ဇိမ်အရင်ခံဖို့ စဉ်စားနေတဲ့သူဟာ ဘဝမှာ မအောင်မြင်နိုင်ပါဘူးတဲ့။

လုပ်သင့်တာကို အရင်လုပ်ပြီး နောက်မှ ဇိမ်နှစ်ဆ ခံတတ်တဲ့ လူက ပိုပြီးအောင်မြင်နိုင်ပါတယ်တဲ့..။

ဒါလေးဖတ်မိပြီးတော့ ကျွန်တော် ကိုယ် ကျွန်တော်ပြန်စမ်းစစ်ကြည့်တော့ ကျွန်တော်က ဇိမ်အရင်ခံဖို့ ကြိုးစားတတ်တဲ့ သူဆိုတာ သွားတွေ့ရတယ်။

ဒါကြောင့်လဲ ကိုယ့်ရွယ်တူတွေထဲမှာ တချို့က ကိုယ့်ထက် အရမ်းအောင်မြင်နေပြီး ကျွန်တော်က သူတို့လောက် အောင်မြင်မှု မရသေးဘူး ဆိုတာ သွားတွေ့ရတယ်။

ဒီဆောင်းပါထဲမှာ ဆောင်းပါးရှင်က ဆက်ပြောထားတယ်။

ကိုယ်က အဲလိုလူမျိုးဆိုလဲ ကိစ္စမရှိပါဘူး စိတ်ပျက်စရာမရှိပါဘူးတဲ့ အောက်က ၄ ချက်အတိုင်း ကိုယ့်ကိုကိုယ် ဖြေးဖြေးချင်း ပြင်ယူသွားလို့ရပါတယ်တဲ့။

နံပတ် (၁) ကိုယ် ဇိမ်အရင်ခံတတ်တဲ့ အကျင့်ကို ဒီနေ့က စပြီးပြင်ပါတဲ့။ လွယ်ကူတဲ့ ကိစ္စက စလုပ်ပါတဲ့။

နံပတ် (၂) တစ်နေ့မှာ ၁% လောက်ပဲ တိုးတက်ပါစေ... ကိစ္စမရှိပါဘူးတဲ့.. ဒါပေမဲ့ နေ့တိုင်းတော့ တိုးတက်နေပါစေတဲ့။

နံပတ် (၃) အဲဒီအကျင့်ပျက်သွားရင် အသစ်ကပြန်စပါတဲ့.. ကိုယ့်မှာ အကျင့် မပါမချင်း တစိုက်မတ်မတ်လုပ်ပါတဲ့။

နံပတ် (၄) ဇိမ်အရင်ခံချင်တဲ့ စိတ်ဟာ အချိန်ဆွဲတတ်တဲ့ အလေ့အကျင့်နဲ့ သူငယ်ချင်းပါတဲ့။

 ဒါကြောင့် လုပ်ရမဲ့ ကိစ္စ တစ်ခုကို ၂ မိနစ်ထက် နောက်မကျစေပဲ မြန်မြန်လုပ်ပါတဲ့..။

ဒါကြောင့် စတန်းဖိုဒ် တက္ကသိုလ်ရဲ့  ပရောဖက်ဆာ မစ္စတာ မစ်ရှယ် နဲ့ သူ့အဖွဲ့ရဲ့  နှစ် ၄၀ ကျော်ကြာ လေ့လာမှုတွေ အရ ဘဝမှာအောင်မြင်ဖို့ လိုအပ်ဆုံး အရည်အချင်းတစ်ခုက ဇိမ်အရင်မခံပါနဲ့တဲ့..။

လုပ်သင့်လုပ်ထိုက်တာ အရင်လုပ်ပြီးမှ ဇိမ်နှစ်ဆ ခံပါတဲ့..။

ဇိမ်ခံရတာချင်း အတူတူ ဘဝမှာလည်း အောင်မြင်မယ် ဇိမ်လည်း နှစ်ဆ ခံရမယ်ဆိုတော့ အဲနည်းက ပိုမိုက်တာပေါ့ နော့...

Recommended for you-ကျရှုံး/အောင်မြင်ရခြင်း အားလုံးရဲ့ အဖြေက သင့်ဆီမှာပဲ ရှိတယ်!

Ref; James Clear's 40 Years of Stanford Research Found That People With This One Quality Are More Likely to Succeed

Credit; Original Writer

Read times
Rate this item
(1 Vote)