-->
×

Warning

JUser: :_load: Unable to load user with ID: 29


အသုံးအများဆုံး Media Advertising (၃) ခု

အသုံးအများဆုံး Media Advertising (၃) ခု google

မိမိတို့ သိရှိကြော်ငြာစေလိုတဲ့ အကြောင်းအရာများကို သိရှိစေလိုတဲ့ သူတွေဆီရောက်ဖို့ media ကို ကြားခံအဖြစ် အသုံးပြုရပါတယ်။

လူအသုံးအများဆုံး media ၃ ခုကတော့

 

၁။ Transit

ကားတစ်စီးလုံး အပြင်ကို product စတေကာကပ်ပြီး ကြော်ငြာတာမျိုးပါ။ ကားတိုင်းလိုလို ရန်ကုန်မြို့ ၁ပတ် ပတ်တာဖြစ်လို့ ကိုယ့် product ကို ရန်ကုန်မြို့တစ်ပတ် လူသိအောင် ကြော်ငြာလိုက်သလိုပါပဲ။ bus ကားတွေဖြစ်တဲ့အတွက် မှတ်တိုင်တိုင်း မီးပွိုင့်တိုင်း ရပ်ရတာဖြစ်တဲ့အတွက် ကျိန်းသေ ကိုယ့် product ကို လူသိစေ ပါတယ်။ နေရာဒေသသီးသန့် ခွဲပြီးကြော်ငြာမယ် ဆိုရင်တော့ Transit ကအကောင်းဆုံးပါပဲ။ သူရဲ့ အားနည်းချက်ကတောာ့ ပုံပဲမြင်သာအောင်ပြပေးလို့ရမှာ ဖြစ်ပါတယ်။ ၀ယ်သူတွေအတွက် သိသင့်သိထိုက်တဲ့ အချက်အလက်တွေ တစ်ခါတည်း ဝေေ၀ဆာဆာပြည့်ပြည့်စုံစုံ ဖော်ပြလို့မရပါဘူး။


၂။ Online

Online ကတော့ Website နဲ့ Facebook, Twitter လိုမျိုး လူမှုကွန်ရက်တွေက တစ်ဆင့် ကြော်ငြာတာဖြစ်ပါတယ်။ ဒါကတော့ ထွေထွေထူးထူး ရှင်းစရာမလိုပါဘူး။ ငွေကြေးအကုန်အကျ အသက်သာဆုံးနဲ့ အချိန်ကုန်လူပန်းသက်သာတဲ့ media တစ်ခုပဲဖြစ်ပါတယ်။ Interrnet မရနိုင်တဲ့ နေရာဒေသကလွဲရင် မိမိတတ်နိုင်သလောက် ကွန်ရက်ဖြန့်ကျက် ကြော်ငြာနိုင်ပါတယ်။


၃။Event Sponsorship

Event Sponsorship အနေနဲ့ မိမိရောင်းကုန်နှင့် ဆက်စပ်တဲ့ မိမိရောင်းကုန်ကိုစိတ်ဝင်စားမည့် လူအများအာရုံစိုက်တဲ့ ပွဲတစ်ခုခုမှာ Sponsor အနေဖြင့် ပါဝင်အားဖြည့်လိုက်ပါက မိမိလိုချင်တဲ့ target ကို ထိထိရောက်ရောက် ကြော်ငြာနိုင်တာပဲ ဖြစ်ပါသည်။


အထက်မှာ ဖော်ပြခဲ့တာတွေကတော့ လူသုံးများတဲ့ ဘယ်တော့မှ ရိုးမသွားတဲ့ media တွေပါ။ အခြား media များအနေဖြင့်လည်း Direct Marketing, Telemarketing, News Paper, Radio, Outdoor billboard , ရန်ကုန်လမ်းညွန် နှင့် Event Marketing လိုမျိုးတွေလည်း ကျန်ရှိပါသေးတယ်။

Direct Marketing လို အိမ်တိုင်ရာရောက် လိုက်ရောင်းတဲ့စနစ်မျိုးက ကိုယ်ပေးချင်တဲ့ message ကိုတိတိကျကျ ရောက်စေနိုင်ပေမယ့် အချိန်ကုန် ငွေကုန်များခြင်း လူအရေအတွက် အနည်းငယ်ဆီပဲ ရောက်ရှိခြင်း စတဲ့အားနည်းချက်ရှိပါတယ်။

Telemarketing လို တိုက်ရိုက်ဖုန်းခေါ်ဆိုခြင်းကတော့ ကိုယ်သိတဲ့ ဖုန်းနံပတ်အရေအတွက် အတိုင်းအတာတစ်ခုအထိပဲ ဈေးကွက်ထိုးဖောက်နိုင်မှာဖြစ်ပေမယ့် ထိရောက်မှုရှိပါတယ်။

သတင်းစာနှင့် ရေဒီယိုမှတဆင့် ကြော်ငြာရင်တော့ သတင်းစာနှင့် ရေဒီယို အသုံးပြုသူအများစုဆီကို တစ်ပြိုင်နက်တည်းရောက်ရှိမှာဖြစ်ပါတယ်။ဒါပေမယ့် သတင်းစာနှင့် ရေဒီယိုကို လူတိုင်းအသုံးမပြုပါဘူး ဒီတော့ မိမိရောင်းကုန်ဟာ သတင်းစာနှင့် ရေဒီယို အသုံးပြုသူတွေ လိုအပ်မယ့်အရာမျိုးမဟုတ်ရင် ငွေကုန်တာပဲအဖတ်တင်ပါလိမ့်မည်။

ရန်ကုန်လမ်းညွှန်လို အရာမျိုးကလည်း စီးပွားရေးလုပ်ငန်းရှင်တွေ အဓိကအသုံးပြုတာဖြစ်တဲ့အတွက် သက်ဆိုင်မှသာ ကြော်ငြာသင့်ပါတယ်။ ဒါ့အပြင် Magazine, Television စတဲ့ media တွေလည်း ကျန်ရှိပါသေးတယ်။


Source; Myanmar Online Entrepreneur

Myanmar Advertising Directory

Read times
Rate this item
(2 votes)