-->
×

Warning

JUser: :_load: Unable to load user with ID: 29


အောင်မြင်တဲ့ ကြော်ငြာတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက် ( ၇ ) ချက်

လုပ်ငန်းတစ်ခုကို ကြော်ငြာလိုက်ရုံနဲ့ သင့်လုပ်ငန်းက သူ့အလိုလို အောင်မြင်သွားတာ မဟုတ်ပါဘူး။ ခြွှင်းချက်အနေနဲ့ အောင်မြင်သွားတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကံကောင်းလွန်းမှပါ။

တကယ် အောင်မြင်တဲ့ ကြော်ငြာတစ်ခု ဖြစ်ဖို့အတွက်ဆိုရင်တော့ အောက်က အချက်လေးတွေကို တစ်ဆင့်ပြီးတစ်ဆင့် လိုက်လုပ်ကြည့်ပါ။ ချက်ချင်း မဟုတ်ရင်တောင် တဖြည်းဖြည်း အောင်မြင်မှုပန်းတိုင်ဆီ ရောက်လာပါလိမ့်မယ်။

 

၁။ သုတေသန ( Research ) လုပ်ပါ။

ကြော်ငြာမှာ အရေးကြီးဆုံးနဲ့ အဓိက အကျဆုံး အချက်ကတော့ ကိုယ့်ရဲ့ Audience ကိုယ် သေချာ သိဖို့ပါပဲ။ ကိုယ့်ရဲ့ Audience ကိုမှ ကိုယ်သေချာ မသိရင် သူတို့ကို ဘယ်လို ကြော်ငြာမလဲ၊ ကိုယ့်ပစ္စည်း သို့ ၀န်ဆောင်မှု အကြောင်းကို သူတို့သိအောင် ဘယ်လိုလုပ်မလဲ။ ဒါကြောင့် ကြော်ငြာတစ်ခု မလုပ်ခင်မှာ အရင်ဆုံး စဉ်းစားပါ။

ကိုယ့်ရဲ့ Customer တွေက ဘယ်နေရာတွေမှာ ရှိလဲ၊ ဘယ်အသက်အရွယ်တွေလဲ၊ အမျိုးသားတွေလား အမျိုးသမီးတွေလား၊ ဒါတွေကို သေချာ မသိသေးဘူး ဆိုရင်တော့ ကြော်ငြာဖို့ သင် အဆင်သင့် မဖြစ်သေးဘူး။ စိတ်မစောပါနဲ့။ သုတေသန အရင်လုပ်ပါ။ ဒါဟာ နံပါတ်တစ် လျှို့ဝှက်ချက် ဖြစ်ပါတယ်။

လူတွေရဲ့ အာရုံကို ထပ်ပြီး ဖမ်းစားလိုက်တဲ့ Old Spice ရဲ့ ကြော်ငြာဓာတ်ပုံများ

 

၂။ မှန်ကန်တဲ့ ကြော်ငြာနေရာကို ရွေးချယ်ပါ။

ကိုယ့်ရဲ့ Audience က ဘယ်သူတွေလဲဆိုတာကို သင် သေချာ သိနားလည်သွားပြီးဆိုရင် သင်ဟာ အောင်မြင်မှုဆီ မကြာခင် ရောက်တော့မှာပါ။ ဒုတိယအနေနဲ့ သင် ဘာလုပ်ရမလဲဆိုတော့ သင့်ရဲ့ Customer ဖြစ်လာမယ့်သူက ဘာတွေကို ရှာနေကြလဲ၊ ဘာတွေကို ဖတ်နေကြလဲ ဆိုတာ သိအောင် လုပ်ရပါမယ်။

ဒါကို လုပ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ Media Kits ကို အသုံးချတာပါပဲ။ ဥပမာ - သင့်ရဲ့ Target Customer တွေက အသက် ၄၀ ၀န်းကျင် အမျိုးသား စီးပွားရေးလုပ်ငန်းရှင်တွေဆိုပါတော့ သင့်အနေနဲ့ သူတို့ဖတ်တတ်တဲ့ သတင်းစာ၊ ဂျာနယ်နဲ့ မဂ္ဂဇင်းတွေမှာ ကြော်ငြာထည့်ခြင်းအားဖြင့် သင့် Target ကို ပိုထိစေနိုင်ပါတယ်။

 

၃။ မျက်လုံးထဲ ချက်ချင်း ထိမိသွားစေမယ့် ဒီဇိုင်းကို ဖန်တီးပါ။

သင်ဟာ သုတေသနတွေလည်း လုပ်ပြီးပြီ၊ ဘယ်နေရာမှာ ကြော်ငြာသင့်တယ် ဆိုတာကိုလဲ သိပြီဆိုရင်တော့ Customer တွေရဲ့ အာရုံစိုက်မှုကို ရရှိအောင်လို့ အကောင်းဆုံး ဒီဇိုင်းတစ်ခုကို ဖန်တီးဖို့ လိုပါတယ်။

ကြော်ငြာမှာ ထည့်သွင်းမယ့် ဓာတ်ပုံ၊ စာသား၊ အရောင် စတာတွေဟာ သင့်လုပ်ငန်းကို ပုံရိပ်ထင်စေတဲ့ အရာတွေ ဖြစ်ဖို့ လိုပါတယ်။ ကြော်ငြာဒီဇိုင်းကို ရှင်းရှင်းလင်းလင်းနဲ့ တောက်ပနေအောင် ဖန်တီးပါ။ နောက်တစ်ခုက သင့်လုပ်ငန်း Logo ကိုလဲ ထည့်ဖို့ မမေ့ပါနဲ့။

အပိုင်း (၂) ဆက်ဖတ်ရန်  အောင်မြင်တဲ့ ကြော်ငြာတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်များ - ၂

 

Myanmar Advertising Directory

Read times
Rate this item
(2 votes)