-->
×

Warning

JUser: :_load: Unable to load user with ID: 29


တစ်ကမ္ဘာလုံးမှာ ဆွဲဆောင်မှုအကောင်းဆုံး ဘေဘုတ်ကြော်ငြာ (၈)ခု

တစ်ကမ္ဘာလုံးမှာ ဆွဲဆောင်မှုအကောင်းဆုံး ဘေဘုတ်ကြော်ငြာ (၈)ခု Google

ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေမှာ မိမိတို့ရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ကို လူတွေသိလာအောင် ကြော်ငြာရာမှာ နည်းလမ်းတွေ အမျိုးမျိုးရှိနေပြီ ဆိုပေမယ့် ဘေဘုတ်ကြော်ငြာတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေဆဲဖြစ်ပါတယ်။ 

သင့်ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေအကြောင်းတွေကို ထင်ထင်ရှားရှား မြင်နိုင်အောင်နဲ့ ဆွဲဆောင်မှုရှိနေအောင် ကြော်ငြာကြပါတယ်။ ဒါကြောင့် သင့်ကြော်ငြာဘေဘုတ်တွေကို ဘယ်လိုဆွဲဆောင်မှုရှိအောင် ကြော်ငြာမလဲ။ ဒါကြောင့် တစ်ကမ္ဘာလုံးမှာ ဆွဲဆောင်မှုအရရှိဆုံးကြော်ငြာဘေဘုတ်တွေအကြောင်းကို လေ့လာထားသင့်ပါတယ်။ ဒါကတော့

၁။ Nationwide Insurance

Nationwide Insurance

ဒီဘေဘုတ်ကြော်ငြာကို ကြည့်မယ်ဆိုရင်တော့ အိမ်သုတ်ဆေးကြော်ငြာတယ်လို့ထင်ရပေမယ့် တကယ်တမ်းတော့ မဟုတ်ပါဘူး။တကယ်တော့ အဆောက်အအုံနဲ့ ကားအာမခံလုပ်ငန်းကြော်ငြာပဲဖြစ်ပါတယ်။

၂။ Allstate Car Insurance

Screenshot from 2019 04 22 15 10 55

ဒီဘေဘုတ်ကြော်ငြာကတော့ ချီကာဂိုနိုင်ငံမှာရှိတဲ့ Marina Tower မှာ ကြော်ငြာထားတာပဲဖြစ်ပါတယ်။ Marina Tower ရဲ့ ကားပါကနေ ကားတစ်စီးထိုးကျနေတဲ့ ဘေဘုတ်ကြော်ငြာပဲဖြစ်ပါတယ်။

၃။ Oldtimer

Oldtimer

Austria နိုင်ငံမှာရှိတဲ့ ဘေဘုတ်ကြော်ငြာတစ်ခုပဲဖြစ်ပါတယ်။ ဒီကြော်ငြာရဲ့ဆိုလိုရင်းကတော့ Hightway လမ်းမကြီးမှာ ကားမောင်းတဲ့သူတွေအိပ်မငိုက်သွားစေပဲ ကားကိုသတိပြုပြီးမောင်းနှင်နိုင်ရန်အတွက် Austria ရဲ့ ဥမင်လိုဏ်ခေါင်းတစ်နေရာမှာ ချိတ်ဆွဲထားတာပဲဖြစ်ပါတယ်။

၎။ Tylenol

Screenshot from 2019 04 22 15 12 22

ကနေဒါနိုင်ငံ မှာရှိတဲ့ ဘေဘုတ်ကြောငြာပဲဖြစ်ပါတယ်။ ခေါင်းကိုက်နေတဲ့ လူတစ်ဦးကို Tylenol က အကူအညီပေးနေတဲ့ ဘေဘုတ်ကြော်ငြာလေးပါ။

၅။ Panasonic

Screenshot from 2019 04 22 15 13 16

ဒီကြော်ငြာလေးကတော့ ဟာသ သဘောနဲ့ကြော်ငြာထားတာပါ။ Panasonic ဘေဘုတ်ကြော်ငြာဟာဆိုရင်တော့ အင်ဒိုနီးရှားနိုင်ငံမှာ ဆွဲဆောင်မှုအကောင်းဆုံးကြော်ငြာဘေဘုတ်ပဲဖြစ်ပါတယ်။

၆။ Maker's Mark Whiskey

Screenshot from 2019 04 22 15 13 59

အမေရိကားနိုင်ငံမှာ ရှိတဲ့ Whiskey ကြော်ငြာတဲ့ ဘေဘုတ်ပဲဖြစ်ပါတယ်။ ဒီဘေဘုတ်ကိုကြည့်ပြီး Whiskey သောက်သုံးသူတွေကို ဘယ်လိုတွေဆွဲဆောင်ထားတယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။

၇။ Nike

nike

ဒါကတော့ ဖိနပ်ကြော်ငြာပဲဖြစ်ပါတယ်။ ဘေဘုတ်ထဲက သူဟာလှေကို လှမ်းဆွဲနေတဲ့ ပုံစံပဲဖြစ်ပါတယ်။ ဒီဘေဘုတ်ကြော်ငြာကတော့ ကနေဒါနိုင်ငံကပဲဖြစ်ပါတယ်။

၈။ Adidas

adidas

ဒီကြော်ငြာကတော့ Adidas ကြော်ငြာဖြစ်ပါတယ်။ Europe Cup ဘောလုံးပွဲမှာ နာမည်ကြီး ဂိုးဖမ်းသမားတစ်ယောက်ဖြစ်တဲ့ Peter Cech က သူ့ရဲ့နောက်မှာရှိတဲ့ Prater ferris wheel ကို ထိန်းထားပေးတဲ့ပုံစံမျိုးဖြစ်အောင် ဖန်တီးထားပါတယ်။

အပေါ်မှာဖော်ပြခဲ့တဲ့ ဘေဘုတ်ကြော်ငြာတွေဟာ ဆွဲဆောင်မှုအပြည့်နဲ့ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို အဓိပ္ပာယ်ရှိရှိနဲ့ပေါ်လွင်အောင်ကြော်ငြာထားနိုင်တာကို တွေ့ရမှာပါ။


Htet Htet Naing
Myanmar Advertising Directory

Read times
Rate this item
(2 votes)