-->
×

Warning

JUser: :_load: Unable to load user with ID: 29


What is Google Adsense..?

What is Google Adsense..? google

Google Adsense ကို Blogger တွေက Google advertisement မှာတစ်ဆင့် ပိုက်ဆံရဖို့ အတွက် အဓိက အသုံးပြုနေကြတာ ဖြစ်ပါတယ်။

အသွားအလာကို နဲနဲ ရှင်းပြပေး ချင်ပါတယ်။ စီးပွားရေးလုပ်နေတဲ့ Companies တွေ က သူတို့ Product and Service ကြောင်းကို Google က တစ်ဆင့် ကြော်ငြာထည့်တာ ဖြစ်ပါတယ်။ ဒီလို ကြော်ငြာထည့်​တာက အပြင်က Advertise တွေ ဖြစ်တဲ့ Poster ဆိုင်းဘုတ်​ တွေ ထက်ပို ထိရောက်ပါတယ်။ အကြောင်းက Companies က ကြော်ငြာထည့်တာ အများအားဖြင့် Display (ကြော်ငြာ ကို ပေါ်ခိုင်းယုံသက်သက်) ထက် PPC (Pay Per Click – ကြော်ငြာကို တစ်ချက် click တိုင်း ပေးရတဲ့ ပိုက်ဆံ) ကို အသုံးပြုတာများလို့ ပါ။

တစ်နည်းနဲ့ ပြောရရင်တော့ သင့်​​ကြော်ငြာကို စိတ် ဝင်စားသူတွေကို သင့်​ကြော်ငြာကို သတိထား သိချင်တဲ့ စိတ် နဲ့ click လုပ်မှ ဖြစ်တဲ့အတွက်ပါ။ စိတ်ဝင် မစားသူတွေကတော့ သင့်​ကြော်ငြာကို အလကား နေ click မယ် မထင်ပါဘူး။ ဒါကြောင့် စိတ်မဝင်စားတဲ့ သူတွေအတွက်​တော့ ငွေကုန်ကျခံစရာအကြောင်း မရှိလို့ပါပဲ။ ဒီနေရာမှာ အပြင်က ကြော်ငြာ​တွေဖြစ်တဲ့ ဆိုင်းဘုတ်​​တွေ ထက်သာပါတယ်။ ဆိုင်းဘုတ်​ တွေကတော့ စိတ်ဝင်စားသူနဲ့ စိတ်မဝင်စားသူတွေ အတွက်ပါ ပိုက်ဆံ​ပေးရပါတယ်။ အဲလို အကျိုးရှိရှိနဲ့ Target တဲ့ Customer တွေဆီ ထိရောက် အောင် ကူညီ​ပေးတဲ့အတွက် Google Adwords မှာ​ကြော် ငြာတွ တစ်​​နေ့ ပြီးတစ်​​နေ့  ပိုပိုထည့်လာကြတာကို ​တွေ့ ရပါတယ်။ Google ရဲ့  Adwords ကြော်ငြာ လုပ်ပုံက လဲ လူတိုင်းကို Track လုပ်ထားပြီး သင့် ကြော်ငြာကို စိတ်ဝင်စားတဲ့ Customer တွေဆီ တိုက်ရိုက် ပို့​ပေးလို့ပါပဲ။

ဒီနေရာမှာ Google အတွက် စဉ်းစားစရာ တစ်ခုဖြစ်လာပါတယ်။ နေ့နဲ့ည ပိုပိုများလာတဲ့ကြော်ငြာတွေ ကို ဘယ်မှာ ပေါ်​စေမလဲ ဘယ်မှာ ဖော်ပြပေးရမလဲ။ Google အတွက် နေရာလိုလာပါတယ်။ အဲဒီ အတွက်ကြောင့် Google က Google Adsense ကို အသုံးပြုလာပါတယ်။ တစ်နည်းပြောရရင် လူတွေ ကြော်ငြာ တွေ များများလုပ်လာအောင် ဆွဲဆောင်တဲ့ နည်းတစ်မျိးပါ။ အဲလို blog or website တွေ များလာလေလေ အဲ Blog or website တွေက Google Adsense တွေ နဲ့ချိတ်​ဆက်ထားပြီးရင် Google အတွက် သူတို့ Google Adwords မှာ ကြော်ငြာလာထည့်တဲ့ သူတွေအတွက် အဲကြော်ငြာတွေကို ဖော်ပြပေး Display လုပ်ရမယ့်​နေရာ ပိုရလာတော့ Google အတွက် Advertise တွေ ကို ပေါ်​စေမဲ့ Display လုပ်လို့ရ မယ့်​နေရာ ပိုရသွားစေတာ ဖြစ်ပါတယ်။ Google က Advertisement Company တစ်ခုလိုပါဘဲ။ Google ရဲ့ ဝင်ငွေ 70% ကျော်လောက် ကလဲ Google Adwords ဖြစ်တဲ့ Advertisement က ရတာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ Google က Google Adwords က ကြော်ငြာတွေ ကို blogger တွေရဲ့ Blog မှာ ဖြစ်စေ Website တစ်ခုခုမှာ ဖြစ်စေ Display ဖော်ပြ​ပေါ်​စေတဲ့အတွက် သူတို့ကို ပိုက်ဆံ ပေးဖို့လိုပါတယ်။ ဒါက Display ခ ဖြစ်ပါတယ်။ အဲ advertisement display ကို visitor တွေက Click လုပ်လိုက်ရင် သာမန် Display ထက် Pay Per Click နဲ့ Blogger တွေပိုက်ဆံ ပိုရမှာ ဖြစ်ပါတယ်။ အဲလို Google မှာ တစ်ဆင့် Advertisement လုပ်နိုင်ဖို့အတွက် Google က Google Adsense ကို တီထွင်​ လိုက်ခြင်း ဖြစ်ပါတယ်။ ကိုယ့် Site ကို Google Adsense နဲ့ ချိတ်​ဆက်လိုက်ပြီးရင် သင့်ရဲ့  Visitor အနည်းအများပေါ်မူတည်ပြီး Google က တစ်ဆင့်ပိုက်ဆံရတာ ဖြစ်ပါတယ်။ သင့် Site မှာ Visitor ပိုများလေလေ သင့် website မှာ ကြော်ငြာ လူကြည့် ပိုများလေလေ သင့်ဝင်ငွေ က များ​လေလေပါဘဲ။ သင့် Website မှာ အဓိက Visitor များဖို့လိုပါတယ်။

Source: Dicmim

Read times
Rate this item
(1 Vote)