-->
×

Warning

JUser: :_load: Unable to load user with ID: 29


Online Shop တွေ ရောင်းအားတက်ပြီး ရေရှည်ရပ်တည်နိုင်ဖို့ဆိုရင်

Online Shop တွေ ရောင်းအားတက်ပြီး ရေရှည်ရပ်တည်နိုင်ဖို့ဆိုရင် google

ဈေးဝယ်သူ အများစုက ပိုက်ဆံ ပိုပေးလိုက်ရမှာကို မကြောက်ကြပါဘူး။

အရည်အသွေး မကောင်းတဲ့ ကုန်ပစ္စည်းတွေ ဝယ်မိသွားမှာကို ကြောက်ကြတာပါ။ ဒါကြောင့် ဈေးရောင်းသူ (Online Shop) တွေအနေနဲ့ ဝယ်သူ စိတ်ကျေနပ်စေမယ့် ကုန်ပစ္စည်းတွေကိုသာ တာဝန်ယူပြီး ရောင်းချသင့်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ Online Shop တွေကသာ ရောင်းအားတွေ တိုးတက်ပြီး ရေရှည်ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ဈေးရောင်းသူတွေ နဲ့ ဈေးဝယ်သူတွေကြား စိတ်ချယုံကြည်မှု တည်ဆောက်ဖို့ဆိုရင် အနည်းဆုံး ဒီအချက်တွေ လိုအပ်မှာ ဖြစ်ပါတယ်။


၁။ အရည်အသွေးကောင်းတဲ့ ရောင်းကုန်ပစ္စည်

ကိုယ့်လုပ်ငန်းအောင်မြင်ဖို့အတွက် ကိုယ်ရောင်းချမယ့် ပစ္စည်းအမျိုးအစားကို မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့တော့ အလွန်အရေးကြီးပါတယ်။ ဝယ်သူတွေကို စိတ်ကျေနပ်စေမယ့် ကုန်ပစ္စည်းမျိုး၊ အရည်အသွေးကောင်းတဲ့ ကုန်ပစ္စည်းမျိုးတွေကို ရွေးချယ်ရောင်းချသင့်ပါတယ်။


၂။ ကောင်းမွန်တဲ့ ဝန်ဆောင်မှု

ကုန်ပစ္စည်းအကြောင်းကို အသေးစိတ် ရှင်းပြဖို့နဲ့၊ စိတ်ရှည်ရှည်ထားပြီး ဈေးရောင်းတတ်ဖို့လဲ လိုအပ်ပါတယ်။ ရေရှည်ရပ်တည်နိုင်ဖို့ဆိုရင် ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးဖို့လိုပါတယ်။

ပြိုင်ဘက်တွေထက်သာအောင် မိမိတို့ SEO ကို ဘယ်လိုကောင်းအောင်လုပ်မလဲ?


၃။ အဆင်ပြေတဲ့ ငွေပေးချေမှုစနစ်

Online ကနေ ဈေးဝယ်နေကြတဲ့ လူအများစုဟာ "ပစ္စည်းမရောက်ခင် ငွေကြိုလွှဲပေးရတဲ့ စနစ်" ကို မကြိုက်ကြပါဘူး။ ဒါကြောင့် "ပစ္စည်းရောက်မှ ငွေပေးချေရတဲ့ (COD) စနစ်" ကို အသုံးပြုသင့်ပါတယ်။ ဒီစနစ်ကြောင့် ရောင်းသူနဲ့ ဝယ်သူကြားမှာ ယုံကြည်မှုတွေ တည်ဆောက်နိုင်မှာ ဖြစ်သလို၊ ရောင်းအားတွေလဲ တက်လာစေမှာ ဖြစ်ပါတယ်။


၎။ ယုံကြည်စိတ်ချရတဲ့ ပစ္စည်းပို့ဆောင်ရေးစနစ်

ဈေးဝယ်သူတွေ စိတ်ကျေနပ်စေဖို့ ပစ္စည်းပို့ဆောင်ရေး စနစ်ကလဲ အလွန်အရေးပါပါတယ်။ ဒါကြောင့် ရောင်းသူရော ဝယ်သူပါ ကုန်ပစ္စည်းရဲ့ တည်နေရာကို အချိန်နဲ့တပြေးညီ ခြေရာခံနိုင်တဲ့ ပစ္စည်းပို့ဆောင်ရေး စနစ်ကို အသုံးပြုတာ အကောင်းဆုံးပါ။


Source; Myanmar Post

Myanmar Advertising Directory

Read times
Rate this item
(1 Vote)