-->
×

Warning

JUser: :_load: Unable to load user with ID: 29


Social Monitoring နဲ့  Social Listening ရဲ့ ကွာခြားချက်များ

Social Monitoring နဲ့  Social Listening ရဲ့ ကွာခြားချက်များ google

Social Monitoring ဆိုတာ Social Media Platforms တွေ၊ Blogs တွေ၊ Websites တွေပေါ်မှာ ကိုယ်ရဲ့  Brand အကြောင်း ဒါမှမဟုတ်ကိုယ့်ရဲ့ Product or Service အကြောင်း၊

ကိုယ်နဲ့ သက်ဆိုင်ရာ Industry အကြောင်း၊ ကိုယ့်ရဲ့ Competitors တွေအကြောင်းကို Online မှာရှိတဲ့သက်ဆိုင်ရာ Audiences တွေက ဘာတွေပြောနေကြတယ်ဆိုတာကို Tracking လိုက်တဲ့ Process ပါ။ Social Listening ဆိုတာကတော့ Individual Digital Conversations တွေကို Monitoring လုပ်ပြီး ကိုယ်ရဲ့ Customers တွေက Brand အကြောင်း၊ Industry အကြောင်း ဘာတွေပြောနေကြလဲဆိုတာ Tracking လိုက်တဲ့ Process ဖြစ်ပါတယ်။ Social Listening နဲ့ Social Monitoring ကွာခြားတဲ့အဓိကအချက်ကတော့ Social Monitoring ရဲ့ Main Focus က Audiences တွေထက် ကိုယ့် Brand နဲ့  Competitors တွေရဲ့ Brands အပေါ်မှာပိုပြီး အာရုံထားစောင့်ကြည့်တဲ့အချက်ပါ။ နိုင်ငံတကာမှာဆိုရင် Google Alert, BuzzSumo, Hootsuite တို့ Tools လိုတွေသုံးပြီး Social Monitoring လုပ်ကြပါတယ်။

 

Social Monitoring

Social Monitoring ရဲ့ ရည်ရွယ်ချက်ကတော့ မိမိတို့ Brand ရဲ့  Online Visibility နဲ့ မိမိတို့ ကိုလူတွေက Conversations တွေထဲမှာ ဘယ်လောက် Mention လုပ်လာကြသလဲဆိုတာရယ်၊ မိမိတို့  Campaign ရဲ့ အကျိုးသက်ရာက်မူက Audiences တွေကြားမှာ ဘယ်လို အခြေအနေမျိုးရှိနေသလဲ၊ Audiences တွေကဒီ Campaign နဲ့ ပက်သက်ပြီး ပြောဆိုနေတဲ့ Conversations တွေ ရှိနေသလားဆိုတဲ့ Insight ကိုပေးနိုင်ပါတယ်။ ဒါတင်မကသေးဘဲ Social Monitoring လုပ်ရင် မိမိတို့ Brand ကဘယ်လိုမျိုး Audiences တွေကြားထဲမှာ အခြေအနေရှိနေလဲဆိုတာ သိနိုင်မယ့်အပြင် ကိုယ့်ရဲ့ Competitors တွေလည်း Audiences တွေကြားထဲမှာ ဘယ်လို အခြေအနေရှိနေတယ်ဆိုတာကိုပါ သိနိုင်ပါတယ်။

ကိုယ့် Competitor ရဲ့ ဘယ် Products နဲ့  Services တွေကိုလူတွေက သဘောမကျဘူးလဲ၊ ဘယ်လောက်ထိ သဘောကျလဲ ဆိုတာမျိုးပေါ့။ အဲ့ဒီလိုအရေးပါတဲ့ Information တွေကိုသာရရင် မိမိတို့ Brand အတွက်အရေးပါတဲ့ Action တွေကိုယူနိုင်မှာပါ။ Brand and Competitor Focus ဖြစ်တဲ့ Social Monitoring ဟာဈေးကွက်ထဲမှာ တိကျကောင်းမွန်တဲ့ လက်ဦးမူနဲအတူ Competitive Advantages ရဖို့ အတွက်များစွာ အထောက်အကူပြုစေနိုင်ပါတယ်။

Messenger Marketing ရဲ့ အားသာချက်တွေက ဘာတွေလဲ

Social Listening

Social Listening ကို Marketing Teams တွေက Community Management လုပ်တဲ့အခါ မှာသုံးကြပါတယ်။ Community Management ဆိုတာ Customer ရဲ့ Pain Points တွေကိုရှာတာ Customers တွေရဲ့ မေးခွန်းတွေ၊ ကွန်ပလိန်းတွေ၊ ကောမန့် တွေကိုရှာ၊ ပြီးတော့ Customers တွေကိုတိုက်ရိုက် Response လုပ်ပေးတာဖြစ်ပါတယ်။ အဲ့ဒါတွေကို ကိုယ်ရဲ့  Product ဒါမှမဟုတ် Service ကို ပိုပြီးကောင်းအောင်လုပ်ဖို့ လည်းအသုံးပြုကြပါတယ်။

Social Listening က Marketing Teams တွေကို Public ကနေ Feedback တွေကိုလည်း ယူခွင့်ပေးပါတယ်။ အဲ့ဒီ Feedback တွေကိုအသုံးပြုပြီး ပိုပြီးနှစ်သက်ဖို့ကောင်းတဲ့ Offer တွေကိုလည်း ထပ်ပေးလို့ ရသလို ပိုပြီးတော့ကောင်းမွန်တဲ့ Advertisement Contents တွေကိုဖန်တီးနိုင်ပါတယ်။ တစ်ခုသတိထားဖို့ က Social Listening ဆိုတာ တစ်ယောက်ချင်းဆီရဲ့ Brand သို့မဟုတ် Product နဲ့ သက်ဆိုင်တဲ့ Conversations တွေကို Monitoring လုပ်တာပါ။ Marketing Programs တွေရဲ့အကျိုးသက်ရောက်မူ တွေကိုတော့တိုက်ရိုက် Insight မပေးပါဘူး။

တစ်ခုသိထားရမှာက Social Monitoring ရော Social Listening ရောက Prospects တွေကိုဘဲဖြစ်ဖြစ်၊ Customers တွေကိုဘဲဖြစ်ဖြစ်၊ Competitors တွေကိုဘဲဖြစ်ဖြစ် စောင့်ကြည့်တဲ့နေရာမှာ သူ့နေရာနဲ့ သူအသုံးဝင်တဲ့ Process တွေပဲဖြစ်ပါတယ်။


Source; Digital Whisperer

Myanmar Advertising Directory

Read times
Rate this item
(1 Vote)