-->
×

Warning

JUser: :_load: Unable to load user with ID: 29


Boosted လုပ်ထားတဲ့ Ads တွေ၊ Budged တွေ ပြင်ဆင်ချင်တယ်ဆိုရင်

Boosted လုပ်ထားတဲ့ Ads တွေ၊ Budged တွေ ပြင်ဆင်ချင်တယ်ဆိုရင် google

ကြော်ငြာလုပ်ငန်းရှင်များ မိမိရဲ့ Facebook Business Page ကနေ Boosted ထားတဲ့ Ads ကို တစ်ခုခုပြောင်းချင်တာပဲဖြစ်ဖြစ်၊ အမှားပြင်ဆင်မှုလုပ်ချင်တာပဲဖြစ်ဖြစ် မသိသေးတဲ့ လုပ်ငန်းရှင်တွေအတွက် ပြောပြပေးလိုက်ပါတယ်။

 

Boosted လုပ်ထားတဲ့ ကြော်ငြာများကို ပြင်ဆင်မယ်ဆိုရင်

ပုံမှန်ကတော့ Boosted လုပ်ထားပြီး Approved ရထားတဲ့ ပို့စ်တွေကို ပို့စ်မှာပါတဲ့ texts, ပုံ၊ ဗီဒီယိုစတာတွေကိုတော့ ပြင်လို့မရတော့ပါဘူး။ တကယ်လို့ ပြောင်းချင်တယ်၊ ပြင်ချင်တယ်ဆိုရင် လက်ရှိ Run နေတဲ့ Ads ကို paused လုပ်ပြီး (သို့) ဖျက်ပြီး ပို့စ်အသစ်ထပ်လုပ်နိုင်ပါတယ်။ ပြီးရင် ထပ်ပြီး Boost လုပ်နိုင်ပါတယ်။ ပြင်လို့ရတာတွေကတော့ Audience, Budget, Duration, စတာတွေတော့ ပြင်လို့ရပါတယ်။

သင့် Brand ရဲ့ Organic Reach တွေ တိုးလာစေမယ့် နည်းလမ်းများ

ဘတ်ဂျက်ထပ်တိုးတာတွေ ဘယ်လိုလုပ်မလဲ

ပထမဆုံး page ရဲ့ ထိပ်မှာရှိတဲ့ Insight ကိုနှိပ်ပါ။ ဘယ်ဘက်တစ်ကြောမှာရှိတဲ့ Posts ဆိုတဲ့ Category ကိုရွေးပါ။ အဲဒီမှာ Published လုပ်ထားပြီးသား ပို့စ်တွေကိုတွေ့ရမှာ ဖြစ်ပြီး အဲဒီထဲက ပြင်ချင်တဲ့ ပို့စ်ရဲ့ဘေးမှာပါတဲ့ View Promo ကို နှိပ်ပြီးပြင်ဆင်နိုင်ပါတယ်။ ပြီးတော့မှ အပေါ်ဘယ်ဘက်မှာပဲ Edit ad ကိုနှိပ်ပြီး ပြင်နိုင်ပါတယ်။ အဲဒါပြီးရင်တော့ Save Changes နှိပ်လိုက်ပါ။ အဲမှာပဲ Audience, Budget, Duration သုံးခုလုံးကိုနှိပ်နိုင်ပါတယ်။ Pause လုပ်ချင်တယ်ဆိုလည်း အဲ View Promotion ကိုနှိပ်ပြီး ဖွင့်လိုက်တာနဲ့ ထိပ်ဖက်မှာပဲ အစိမ်းလေး လင်းနေတယ်ဆိုရင် Active ဖြစ်နေတာဖြစ်ပြီး မီးခိုးရောင်ဆိုရင် paused ဖြစ်ပါတယ်။ Facebook Ad manager ကနေလည်း သွားလုပ်လို့ရပါတယ်။ ဒါကတော့ page ပေါ်ကနေ ads ကြော်ငြာလုပ်ကြတဲ့သူတွေအတွက် ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။

 

ဘတ်ဂျက် Limit ထားချင်တယ်ဆိုရင်

Ads Manager ထဲက payment Setting ထဲမှာ Set Your Account Spending Limit section ကိုနှိပ်ပြီး limit Amount ရိုက်ထည့် အဲဒါပြီးရင်တော့ Set Limit ကိုနှိပ်ပါ။ နောက်တစ်ခုက ဖေ့ဘုတ်ခ်ရဲ့ Ads ပေါ်လစီနဲ့ ညှိလို့ Boosted post တွေ ခဏမရတော့တာတွေရှိပါတယ်။ စိတ်မပူပါနဲ့။ Ad center ထဲမှာ သူတို့ပြတဲ့ ပို့စ်ရဲ့ Ads (ပေါ်လစီနဲ့ညှိတဲ့ပို့စ်) ကို paused လုပ်ထားလိုက်ပါ။ တစ်ရက်နှစ်ရက်ကြာရင် ပြန် Boost ရတာမျိုးတွေရှိပါတယ်။ ကြော်ငြာလုပ်မယ်ဆိုရင် ပေါ်လစီလေးလည်း ဖတ်ထားဖို့တော့လိုပါတယ်။

 

Source; digitalmarketingmyanmar

Myanmar Advertising Directory

Read times
Rate this item
(2 votes)