-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒီဂျစ်တယ်စီးပွားရေး ကမ္ဘာသစ်ဆီသို့

ဒီဂျစ်တယ်စီးပွားရေး ကမ္ဘာသစ်ဆီသို့ Google

ဒစ်ဂျစ်တယ် စီးပွားရေးဆိုသည်မှာ ဒီဂျစ်တယ်၊ နည်းပညာပစ္စည်းများနဲ့ ဆန်းသစ်သော အိုင်ဒီယာများပေါ်တွင် အခြေခံတဲ့စီးပွားရေးကို ရည်ညွှန်းတာဖြစ်ပါတယ်။

ယနေ့ခေတ်ကာလတွင် ကမ္ဘာ့ ဒစ်ဂျစ်တယ် စီးပွားရေး တိုးတက်နှုန်းသည် အခြားသော စီးပွားရေးကဏ္ဍများ၏ တိုးတက်နှုန်းထက် ၂.၅ ဆ ပိုမိုမြင့်မားနေပါတယ်။ ဒါ့အပြင် ဒစ်ဂျစ်တယ်စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံတာဟာ အခြားစီးပွားရေးကဏ္ဍများတွေမှာ ရင်းနှီးမြှုပ်နှံခြင်း ထက် ၆.၇ ဆ အကျိုးအမြတ် ပိုရရှိနေတယ်ဟု စစ်တမ်းများက ဆိုကြပါတယ်။


မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများလည်း ၀င်ရောက်လာခဲ့ပြီး စီးပွားရေးတိုးတက်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းရမယ့် အချိန်ဖြစ်တယ်လို့ဟု ပညာရှင်များက လက်ခံထားကြတယ့် ယခုအချိန် ကာလတွင် မိရိုးဖလာ သမားရိုးကျ စီးပွားရေးမဟုတ်သော ဒစ်ဂျစ်တယ်စီးပွားရေးကို အစိုးရအနေဖြင့် အခန်းကဏ္ဍတစ်ခုအနေနဲ့ ဂရုစိုက်လာကြောင်းကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် ဒစ်ဂျစ်တယ် စီးပွားရေးကော်မတီကို ဖွဲ့စည်း ခဲ့ခြင်းက သက်သေပြနေပါတယ်။


ဒါ့အပြင် ဒစ်ဂျစ်တယ်စီးပွားရေး ကမ္ဘာကို လျှောက်လှမ်းမယ်ဆိုရင် အစိုးရပိုင်းမှလည်း လုံလောက်သော နည်းပညာထောက်ပံ့မှုများ လိုအပ်နေပါတယ်။ "နည်းပညာ လုပ်ငန်းတွေကပဲ စီးပွားရေးအတွက် ခုန်ပျံကျော်လွှားပြီးတော့ ရှေ့တန်း ကို ရောက်စေမှာပါ။ ဒါကို အမြန်ပံ့ပိုးပေးဖို့ လိုပါတယ်။ ဒါကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ချည်းပဲ လုပ်လို့မရဘူး။ အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မယ် "ဟု ဦးနေမင်းသူ က ပြောသည်။


လက်ရှိမြန်မာ့ အိုင်စီတီကဏ္ဍတွင် ကုမ္ပဏီပေါင်း ၂၅၀ ကျော်၊ ပညာရှင်ပေါင်း၂,၅၀၀ ကျော်ဖြင့် လည်ပတ်နေပြီး ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၇ သန်း ရှိတယ်လို့ မြန်မာ့ကွန်ပျူတာ အသင်းချုပ်က အစိုးရသို့ တင်ပြတဲ့ အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ နည်းပညာကဏ္ဍထုတ်လုပ်မှ တန်ဖိုး ကန်ဒေါ်လာ နှစ်ဘီလျံကျော်၊ အိမ်နီးချင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံရဲ့ ထုတ်လုပ်မှုတန်ဖိုး ကန်ဒေါ်လာ သန်း ၆၀၀ ကျော်အထိ ရှိနေကြသဖြင့် မြန်မာဟာ အိမ်နီးချင်းတွေထက် ဒီကဏ္ဍတွင်များစွာ နောက်ကျနေပါတယ်။

Brand Awareness အများဆုံးရရှိနိုင်မယ့် ကြော်ငြာနည်းလမ်းများ
ဒါ့အပြင် ဒီဂျစ်တယ်နည်းပညာများကို ခေတ်နှင့်အညီ ပြောင်းလဲအသုံးပြုနိုင်ခြင်းမရှိပါက အသေးစားနှင့် အလတ်စားလုပ်ငန်းများအနေနဲ့ အခြားလုပ်ငန်းများ မယှဉ်ပြိုင်နိုင်ဘဲ ဈေးကွက်အတွင်းမှ ပျောက်ကွယ်သွားမယ့် အခြေအနေနဲ့ ရင်ဆိုင်နိုင်ရနိုင်ဖွယ်ရှိကြောင်း ဒီဂျစ်တယ်နည်းပညာ ပြောင်းလဲရေး ထိပ်သီးအစည်းဝေးပွဲမှ သိရပါတယ်။ ဘာကြောင့် ပျောက်ကွယ်သွားနိုင်တယ်ဆိုတာကိုတော့ ယနေ့ခေတ်သင်ကိုယ်တိုင် အပါအဝင် လူတိုင်းဟာအဆင်ပြေပြီး လွယ်ကူချောမွေ့မယ့် နည်းလမ်းကိုသာ ရွေးချယ်နေတယ်ဆိုတာ လက်တွေ့ပါပဲ။


သင်လိုချင်တဲ့ ပစ္စည်းဟာ ဘယ်နိုင်ငံမှာပဲ ရှိနေပါစေ ဖုန်းလေးတစ်ချက် နှိပ်လိုက်ရုံနဲ့ ၀ယ်ယူနိုင်မယ် ဆိုတာ အရင်တုန်းက အိပ်မက်သာသာ အခြေအနေ တစ်ခုပါ။ ဒါပေမယ့် နည်းပညာ တိုးတက်လာတဲ့ခေတ်မှာ ဒစ်ဂျစ်တယ် စီးပွားရေးကြောင့် လက်တွေ့အကောင်အထည် ပေါ်လာပါပြီ။ အခကြေးငွေ ပေးချေရာတွင်လည်း ပိုက်ဆံရေရခြင်း၊ သိမ်းဆည်းရခြင်း၊ ထုပ်ပိုးရခြင်း ကိစ္စများကို ကဒ်လေး တစ်ကဒ်တည်းနဲ့ အရာအားလုံး ကို ဖြေရှင်းပေးနိုင်မှာပါ။ ဒါဟာ ကမ္ဘာကြီးက ဒစ်ဂျစ်တယ်စီးပွားရေး ကမ္ဘာသစ်ဆီကို အရှိန်အဟုန်နဲ့ တွင်တွင်ကျယ်ကျယ် မောင်းနှင်နေကြောင်းကို သက်သေထူလိုက်တာပဲဖြစ်ပါတယ်။

Myanmar Advertising Directory

Read times
Rate this item
(1 Vote)