-->
×

Warning

JUser: :_load: Unable to load user with ID: 29


မိမိရဲ့လုပ်ငန်းအတွက် ကိုက်ညီတဲ့ Photo တစ်ခုရဖို့ Size ရွေးချယ်မယ်ဆိုရင်

မိမိရဲ့လုပ်ငန်းအတွက် ကိုက်ညီတဲ့ Photo တစ်ခုရဖို့ Size ရွေးချယ်မယ်ဆိုရင် Google

မိမိရဲ့ Facebook Page ကနေ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကို ကြော်ငြာကြတဲ့နေရာမှာ အရေးအကြီးဆုံးကတော့ အသုံးပြုမယ့် Photo တွေပါပဲ။

သင့်လုပ်ငန်းကြော်ငြာ Post ရဲ့ ပုံတွေဟာ ဆွဲဆောင်မှုရှိနေမှသာ Audience တွေရဲ့ စိတ်ဝင်စားမှုကိုရရှိမှာပါ။ ဒါကြောင့် ပုံ Design တွေ ရွေးချယ်တဲ့နေရာမှာ ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမှုရှိဖို့လိုပါတယ်။ Idea ကောင်းကောင်းနဲ့ ပုံတစ်ပုံ ဖန်တီးထားပေမယ့် Size က နေရာအလိုက် ကိုက်ညီတဲ့ Size မဟုတ်ရင် ကိုယ့်ရဲ့ဖန်တီးထားမှုတွေ အပြည့်အစုံမပေါ်တာ၊ ကြည့်လို့မကောင်းတာမျိုးတွေ ဖြစ်နိုင်တက်ပါတယ်။ ဒါကြောင့် Facebook မှာ နေရာအလိုက် အသုံးပြုသင့်တဲ့ ပုံ Size တွေကို Facebook ရဲ့ ၂၀၁၉ နောက်ဆုံး Update တွေနဲ့အညီ ပြောပြပေးပါမယ်။


၁။ Business Page Profile Picture

ကိုယ့်စီးပွားရေးလုပ်ငန်းရဲ့ Facebook Page ရဲ့ Profile Picture နေရာအတွက် အကောင်းဆုံးပုံ Size က 180 x 180 Pixels ဖြစ်ပါတယ်။ ဒီ Size နဲ့ ဖန်တီးထားတဲ့ ပုံဆိုရင် Profile Picture နေရာမှာ ပုံတစ်ပုံလုံး အပြည့်အစုံ ပေါ်မှာဖြစ်ပါတယ်။ မဟုတ်ရင် ပုံရဲ့ တစိတ်တပိုင်းပဲ ပေါ်တာမျိုးဖြစ်တတ်ပါတယ်။


၂။ Cover Photo

ကိုယ့် Page ထဲကို ဝင်လိုက်ရင် ထိပ်ဆုံးကပေါ်နေမယ့် Cover Photo အတွက် အကောင်းဆုံးပုံ Size က 820 x 312 Pixels ဖြစ်ပါတယ်။ တင်တဲ့အခါ File Size 100KB အောက် လျော့နည်းတဲ့ sRGB၊ JPG File အမျိုးအစားနဲ့ တင်ဖို့ အကြံပြု ချင်ပါတယ်။

အပူချိန် အတက်အကျက စီးပွားရေးတိုးတက်မှုအပေါ် သက်ရောက်မှုရှိလား
၃။ Post Image

Post တင်တဲ့အခါ သုံးမယ့် ပုံတွေက အရေးကြီးဆုံးဆိုတာ အထူးပြောဖို့လိုမယ် မထင်ပါဘူး။ ပုံကိုမြင်ပြီး စိတ်ဝင်စားမှ ပုံနဲ့ တွဲရေးထားတဲ့ စာကို ဖတ်မိကြမှာပါ။ ဒါကြောင့် Post တင်တဲ့အခါမှာ ကြုံသလိုတင်လို့ မဖြစ်ပါဘူး။ ဒါပေမယ့် Post Image အတွက် အကောင်းဆုံးပုံ Size က နည်းနည်းပြောရခက်ပါတယ်။ လက်ရှိအချိန်မှာ Mobile Phone နဲ့ ကြည့်တဲ့ သူတွေရဲ့ အာရုံကို အဖမ်းစားနိုင်ဆုံးက Square Size ပုံတွေပါ။ Computer နဲ့ ကြည့်နေသူတွေအတွက်ကျ Square Size က သိပ်ကြည့်လို့ အဆင်မပြေပါဘူး။ Facebook က Recommend ပေးထားတဲ့ Size ကတော့ 1200 x 630 Pixels ဖြစ်ပါတယ်။ ကိုယ်ဖန်တီးထားတဲ့ ပုံနဲ့ ရည်ရွယ်ချက်အပေါ် မူတည်ပြီး Square Size နဲ့ 1200 x 630 Pixels တို့ထဲက အဆင်ပြေရာကို အသုံးပြုသင့်ပါတယ်။


၎။ Share Link Image

Share Link Image ဆိုတာက Website ရှိတဲ့ လုပ်ငန်းတွေက Facebook ပေါ် Post တိုက်ရိုက်မတင်ဘဲ ကိုယ့်ရဲ့ Website က Post တစ်ခုကို Facebook ပေါ် Link ပြန် Share တဲ့ အချိန်မှာပေါ်တဲ့ ပုံကိုဆိုလိုတာပါ။ ဒီလို ပုံအတွက် အကောင်းဆုံးပုံ Size က 1200 x 628 Pixels ဖြစ်ပါတယ်။


၅။ Event Image

ကိုယ့်လုပ်ငန်းကပြုလုပ်မယ့် ပွဲအခမ်းအနားတစ်ခုခုအတွက် Facebook ပေါ်မှာ Event အနေနဲ့ တင်ပြီး လူတွေကို အသိပေး ဖိတ်ခေါ်တဲ့အခါမှာသုံးမယ့် ပုံ Size အတွက် အသင့်လျော်ဆုံးက 1920 x 1080 Pixels ဖြစ်ပါတယ်။ ကိုယ် Create လုပ်ထားတဲ့ Event ရဲ့ ထိပ်ဆုံးမှာပေါ်မယ့် ပုံအတွက်ပြောတာပါ။ Event Discussion ထဲမှာတင်တဲ့ Post တွေအတွက်ပုံ Size ကတော့ Post Image Size နဲ့ပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။

လူတွေရဲ့ အာရုံကို ချက်ချင်းဆွဲဆောင်နိုင်မယ့် Facebook ကြော်ငြာ Post တစ်ခုဖြစ်ဖို့ အကောင်းဆုံး Graphic Design တွေ ဖန်တီးတဲ့နေရာမှာ အကူအညီလိုတယ် ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Amarapura Digital Marketing Agency က Digital Marketing နဲ့ ပတ်သက်လို့ လိုအပ်သမျှ ဝန်ဆောင်မှုတွေကို အကောင်းဆုံးကူညီပေးနိုင်ပါတယ်။ ဖုန်းနံပါတ် +959 788 822889 ကို ဆက်သွယ်စုံစမ်းနိုင်သလို ဒီ Page ရဲ့ Messenger ကနေလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Source; Amayapuya
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)