-->
×

Warning

JUser: :_load: Unable to load user with ID: 29


မသုံးစေချင်တဲ့ Website တွေကို ဘယ်လိုပိတ်ထားကြမလဲ

မသုံးစေချင်တဲ့ Website တွေကို ဘယ်လိုပိတ်ထားကြမလဲ Google

Server,Router တွေကို သိပ်မကိုင်တတ်လို့  ရုံးဝန်ထမ်းကွန်ပျူတာတွေမှာ မသုံးစေချင်တဲ့ Website တွေကို ပိတ်ထားချင်သူတွေအတွက် အလွယ်ပိတ်နည်းကိုဖော်ပြပေးလိုက်ပါတယ်။

C:\Windows\System32\drivers\etc အောက်ကို တစ်ဆင့်ချင်း ဝင်သွားပါ။ Hosts ဖိုင်ကို Right Click နှိပ်၊ Open With နဲ့ Notepad ကိုရွေးဖွင့်ပါ။ Windows 10 တွေဆိုရင် Edit လုပ်ဖို့ Permission တောင်းလာပါလိမ့်မယ်။

အဲ့ဒီ Hosts ဖိုင်ကို Right Click နှိပ်၊ Properties>SecurityTab> Edit or Advanced ထဲဝင်ပြီး အခုသုံးနေတဲ့ User Account ကိုရွေးပြီး Full Permission ပေး၊ Apply-OK နှိပ်ပေးလိုက်ပါ။

Hosts ဖိုင်ကို Notepad နဲ့ ဖွင့်လို့ ရပြီးဆိုရင် အောက်ဆုံးမှာ 127.0.0.1 ကို အပေါ်က စာကြောင်းတွေနဲ့ ညီအောင် Space ခြား၊ ပိတ်ထားချင်တဲ့ Website တွေကို ရိုက်ထည့်ပြီး Save လုပ်၊ စက်ကို Restart ချပေးလိုက်ပါ။

Game of Thrones ဇာတ်ဝင်ခန်းမှာ ပါဝင်ခဲ့ရာက Starbucks က ဒေါ်လာ ၂ သန်းကျော် ရခဲ့

Google,Facebook,Youtube တွေသုံးလို့ ရတော့မှာ မဟုတ်ပါဘူး။ ပြန်သုံးစေချင်ရင် C:\Windows\System32\drivers\etc အတိုင်း ပြန်ဝင်ပြီး 127.0.0.1 နဲ့ Website နာမည်တွေကို ဖျက်၊ Save လုပ်၊ စက်ကို Restart ပြန်ချပေးလိုက်ပါ။

ရုံးမှာ မိမိသုံးနေတဲ့စက်က Website တွေဝင်ကြည့်လို့ မရရင် အပေါ်ကနည်းအတိုင်း ပိတ်ထားလား စစ်ကြည့်နိုင်တယ်နော်။ Proxy Server တွေနဲ့ ပိတ်ထားရင်တော့ မရဘူးပေါ့။

NetComplus
Myanmar Advertising Directory

Read times
Rate this item
(2 votes)