-->
×

Warning

JUser: :_load: Unable to load user with ID: 29


Personal Branding ကောင်းတစ်ခုရှိဖို့အတွက် ဘာတွေလုပ်သင့်သလဲ?

Personal Branding ကောင်းတစ်ခုရှိဖို့အတွက် ဘာတွေလုပ်သင့်သလဲ? google.com

ခုလောက်ဆိုရင် Personal Brandingကောင်း တစ်ခုရှိဖို့ဘာတွေလုပ်သင့်သလဲဆိုတာကို မိတ်ဆွေတို့လည်းသိချင်နေလောက်ပြီပေါ့။

Personal Brandingကောင်းတစ်ခု ရှိဖို့အတွက်ဆောင်ရန် အချက်လေးတွေကို ပြောပြမယ်နော်။

 

၁။ သင့်ကိုယ်သင်သိနားလည်ပြီး သင်ပာာ သင်ပဲဖြစ်ပါစေ

ကိုယ်ဘာဖြစ်ချင်လဲ၊ ကိုယ်ဘာလုပ်ချင်လဲ အစရှိတဲ့ ကိုယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို နားလည်နေဖို့လိုအပ်ပါတယ်။

ပြီးတော့ သင့်မှာ သင့်ကိုယ်ပိုင်ဟန်ရှိပါတယ်။ သင့်ကိုယ်ပိုင်ဟန်ဟာ သင့်ရဲ့ brand ပါပဲ။ အဲ့ဒါကြောင့် အခြားသူတွေရဲ့ အပြုအမူတွေကို အတုခိုးတာမျိုးမဟုတ်ဘဲ သင့်ကိုယ်ပိုင်ဟန်နဲ့သင်ရှိပါစေ။

 

၂။ ပေါင်းသင်းဆက်ဆံပါ

လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှ ကိုယ်ဘယ်သူလဲ ဘာလဲဆိုတာကို သူတို့သိမှာ ဖြစ်ပါတယ်။

အသိမိတ်ဆွေတွေများများရှိဖို့ဆိုရင် အမြဲတမ်းရုံးခန်းထဲမှာ computer တစ်လုံးနဲ့ပဲ အချိန်ကုန်နေလို့အဆင်မပြေပါဘူး။

ကိုယ့်ပတ်ဝန်းကျင် မှာရော ၊ ရောက်လေရာမှာ ပြောဆိုဆက်ဆံပေါင်းသင်းတတ်ဖို့ အလွန်အရေးကြီးပါတယ်။

 

၃။ မိမိကိုယ်ကို ယုံကြည်မှုရှိပါ

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှသာ လူအများအထင်ကြီးလေးစားရတဲ့ personal brand တစ်ခုရမှာဖြစ်ပါတယ်။

 

၎။ Social Media ပေါ်မှာလည်း Profile ကောင်းတစ်ခု ထားပါ

Social Media ပေါ်က သင့် Profile ဟာ သင့်ကို လူတွေမြင်တဲ့အမြင်ပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။

အပြင်မှာ တကယ်ပေါင်းသင်းဆက်ဆံတဲ့ ပတ်ဝန်းကျင်ထက် Social Media ပေါ်က ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းဟာ ပိုပြီးကျယ်ပြန့်နေတတ်ပါတယ်။

အဲ့ဒါကြောင့် Social Media မှာ Impression ကောင်းကောင်းရနေဖို့လည်းအရေးကြီးပါတယ်။ အဲ့ဒါအပြင်Social Media ပေါ်မှာ ကိုယ်နဲ့ပတ်သက်တဲ့ အချက်အလက်အမှန်တွေကိုသာ အသုံးပြုပြီး Profile အစစ်ကို ထားရှိသင့်ပါတယ်။

 

၅။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းမှု နယ်ပယ်မှာ အမြဲသင်ယူနေပါ

မိမိရဲ့အသက်မွေးဝမ်းကြောင်းမှုမှာ ဘယ်လောက်ပဲကျွမ်းကျင်ပြီးသားဖြစ်သော်လည်း အရာရာတိုင်းဟာ အမြဲမပြတ်ပြောင်းလဲနေတဲ့အတွက် ပြောင်းလဲနေအရာတွေ ခေတ်ရေစီးကြောင်းတွေနဲ့ ပတ်သက်ပြီး up-to-date ဖြစ်နေဖို့ လိုအပ်ပါတယ်။

အဲ့ဒါကြောင့် မိမိရဲ့  အသက်မွေးဝမ်းကြောင်းမှုမှာ အမြဲမပြတ် သင်ယူနေပြီး ကျွမ်းကျင်နေသင့်ပါတယ်။ အဲ့ဒါမှသာ ကိုယ်ဟာ ကျွမ်းကျင်သူ၊ ယုံကြည်ရသူတစ်ယောက်အနေနဲ့ Personal Brand ကောင်း တစ်ခုကို ရနိုင်မှာဖြစ်ပါတယ်။

Recommended for you-သင့်စီးပွားရေးအတွက် Website တစ်ခုထားရှိခြင်းက ၀ယ်သူတွေကို ဆွဲဆောင်နိုင်မှာလား???

Source; Personal Branding

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသော စာအုပ်များလည်းထွက်ရှိနေပါပြီနော်...။

 

Directory Book 1

Read times
Rate this item
(2 votes)