-->
×

Warning

JUser: :_load: Unable to load user with ID: 29


Online မှာ ကိုယ်ပိုင်လုပ်ငန်းလေးတွေလုပ်မယ်ဆိုရင် ဒါလေးတွေသိထားသင့်တယ်

Online မှာ ကိုယ်ပိုင်လုပ်ငန်းလေးတွေလုပ်မယ်ဆိုရင် ဒါလေးတွေသိထားသင့်တယ် google.com

ဆိုင်ခန်းငှားခတွေက သာမန်လူတစ်ယောက်အတွက် လုပ်ငန်းစဖို့ ဈေးကြီးနေပြီး အဆက်အသွယ်တွေကိုလည်း ကိုယ်တိုင်ရှာနိုင်ဖို့ကလည်းလိုသေးတယ်ဗျ။

အဲ့ဒါကြောင့် အွန်လိုင်းပေါ်မှာ လုပ်ငန်းစတင်တာက အကုန်အကျသက်သာတဲ့ အပြင် အချိန်ကုန်သက်သာလို့ ပိုပြီးထိရောက်ပါတယ်နော်...။

 

ဒီနေ့အချိန်က လူတိုင်းဖုန်းတွေ လက်ထဲမှာရှိတဲ့အတွက် အွန်လိုင်းလုပ်ငန်းတွေက စတင်ဖို့ လွယ်ကူသယောင်ရှိပေမဲ့

အင်တာနက်ဆိုရင် facebook လောက်သာသုံးနေကြတဲ့ သူတွေကို facebook ပြင်ပရောက်လာအောင်ဆွဲဆောင်ဖို့က အတော်ခက်တယ်။

Mobile App တွေကို သုံးတဲ့ ယဉ်ကျေးမှုတွေ လိုအပ်နေသေးပြီး အွန်လိုင်းက ဈေးရောင်းရာမှာ သုံးစွဲရလွယ်ကူတဲ့ facebook ကနေပဲ ရောင်းနေကြတာတွေ့ရတယ်။

ပြည်တွင်းကလူတွေကြည့်လာဖို့ ကြော်ငြာနည်းပေါင်းစုံကို facebook ကနေ အမေရိကန်ဒေါ်လာပေးပြီး ကြော်ငြာနေရပါတယ်။

ပြည်တွင်းမှာ လူတိုင်းယုံကြည်စိတ်ချတဲ့ အွန်လိုင်းငွေပေးချေမှုစနစ် လိုအပ်နေသေးပေမဲ့

အွန်လိုင်းငွေပေးချေမှုစနစ်တစ်ခု တိုးတက်လာတာနဲ့ အွန်လိုင်းစီးပွားရေးတစ်ခုလုံး တစ်ဟုန်ထိုး တက်လာနိုင်တယ်။

အွန်လိုင်းမှာ ရောင်းမယ့် ကုန်စည်ဆိုရာမှာ စက်မှုလက်မှု ထုတ်ကုန်တွေ၊ စားသောက်ကုန်တွေနဲ့ လူသုံးကုန်တွေအပြင်

ဓာတ်ပုံတွေ၊ စာပေတွေ၊ ဗဟုသုတတွေ၊ သတင်းအချက်အလက်တွေနဲ့ ဖျော်ဖြေတာလည်း ပါနိုင်ပါတယ်။

တကယ်လို့ သင်ဟာ အွန်လိုင်းမှာ ကိုယ်ပိုင်လုပ်ငန်းစလုပ်ချင်တဲ့ သူဆိုရင်တော့ ဒီအချက်လေးတွေကို သိထားသင့်တယ်လို့ ထင်ပါတယ်နော်...။

 

-ပြိုင်ဘက်တွေများလာတဲ့ ကာလမှာ လုပ်ငန်းလုပ်ဆောင်ရာမှာ တာဝန်ခံမှု၊ တာဝန်ယူမှုရှိနေဖို့ လိုပါမယ်။

ကုန်စည်နည်းပညာမကွာတော့တဲ့ ကာလမှာ ဖောက်သည်ဝန်ဆောင်မှုကောင်းနေဖို့က အသက်တမျှအရေးပါလာပါတယ်။

 

-စမတ်ကျတဲ့ ပို့ဆောင်မှုတွေ ပါလာရမှာဖြစ်ပြီး လူတိုင်းက သူတို့သတ်မှတ်ထားတဲ့ ကြာချိန်ထက် ပိုစောင့်မနေချင်ဘူးဆိုတာ သိထားရပါမယ်။

 

-အင်တာနက်ပေါ်မှာ လုပ်ငန်းလုပ်ဆောင်မယ်ဆိုတာနဲ့ သိထားရမှာက လူတိုင်းက ကိုယ့်လိုလုပ်နိုင်တယ်ဆိုတာပါပဲ။

သင်အိပ်နေပေမဲ့ အင်တာနက်နိုင်ငံပေါ်မှာနေတဲ့ Netcitizen တွေက အိပ်မနေဘူးဆိုတာနဲ့ သူတို့အတွက်ရွေးချယ်စရာတွေက Searching တစ်ချက်၊ Click တစ်ချက်ဆိုတာ သိထားရပါမယ်။

 

-ပို့ဆောင်ရေးပါလာရင်တော့ သင့်အတွက်အချိန်နဲ့ နေရာက အရေးပါလာပါမယ်။

 

-ဥာဏပစ္စည်းရောင်းကုန်က ငွေပေးချေစနစ်နဲ့ လူများများလာရင် သင့်နေရာ(Website/App) ကျမသွားဖို့ လိုပါတယ်။

 

-လူတိုင်းက အလှအပကြိုက်တယ်ဆိုတာကို မမေ့ဘဲ ရောင်းကုန်တိုင်းကို သေသပ်လှပအောင်လုပ်ပါ။

 

 

-ခက်ခဲတဲ့ အရာကို ကြိုးစားပမ်းစားရအောင်လုပ်ဖို့က ဇွဲသန်တဲ့ သူတွေအတွက် စိတ်ဝင်စားစရာကောင်းပေမယ့် အင်တာနက်ကုန်စည်တွေ အတွက်ကတော့ လွယ်လေကောင်းလေပါ။

 

-ကိုယ့်လုပ်ငန်းနဲ့ ဖောက်သည်ကို လေးစားတာအပြင် ရိုးသားခြင်းဟာလည်း ရောင်းကုန်တစ်ခုဆိုတာ မမေ့သင့်ပါဘူး။

 

-ကိုယ့်လုပ်ငန်းအတွက် အရေးပါလာမယ့် ဗဟုသုတတွေကို ဖြန့်ဝေနေတဲ့ အခမဲ့ ဟောပြောပွဲတွေကို တက်ပါ။

 

-ROI ဆိုတာက အရေးပါသလို လုပ်ငန်းစမယ်ဆိုရင် ဘယ်အချိန် အရင်းကျေမယ်ဆိုတာ တွက်ချက်ထားဖို့ လိုပါမယ်။

စာရင်းအင်းတွေ စနစ်တကျဖြစ်ဖို့က လုပ်ငန်းအောင်မြင်/ကျရှုံးမှုတိုင်းအတွက် အသက်ဖြစ်ပါတယ်။

 

-အရေးကြီးဆုံးအချက်က အချိန်ဆိုတာ လုပ်ငန်းစမယ့်သူအတွက် မရှိဘူးဆိုတာပါ။

အခုချက်ချင်း အကောင်အထည်ဖော်ဖို့ လုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အွန်လိုင်းဆိုတာ အချိန်တိုင်းပြောင်းလဲ ကြီးထွားနေတာပါနော်...။

Recommended for you-customer တွေ ဘယ်လိုတွေးလဲ?

Source; internetjournal

Myanmar Advertising Directory

Read times
Rate this item
(1 Vote)