-->
×

Warning

JUser: :_load: Unable to load user with ID: 29

Facebook ၏ ပိုင်ရှင်ဖြစ်သည့် Meta ကုမ္ပဏီသည် ၎င်း၏ ကြော်ငြာများနှင့် မူပိုင်ခွင့်များအား ဖန်တီးပေးနိုင်သော AI Tools ကို ယခုနှစ် ဒီဇင်ဘာလတွင် စီးပွားဖြစ် မိတ်ဆက်ပေးမည်ဖြစ်ကာ နည်းပညာများကို လက်တွေ့ အသုံးချနိုင်သည့် နည်းလမ်းများအား Google နှင့် ယှဉ်ပြိုင်ကာ ရှာဖွေလျက် ရှိသည်။ 

 

Meta ကုမ္ပဏီသည် ၂၀၁၃ ခုနှစ်မှ စ၍ AI သုတေသနကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိပြီး ထုတ်လုပ်ဖြန့်ချိခဲ့သည့် လေ့လာမှုစာတမ်း အရေအတွက်တွင် Google နှင့်တန်းတူ ရပ်တည်လျက်ရှိသည်။ 

 

Meta ၏ Chief Technology Officer ( CTO ) ဖြစ်သူ Andrew Bosworth ဟာ ကုမ္ပဏီသည် AI နည်းပညာ အပေါ် ဆယ်စုနှစ်တစ်ခုကျော်အထိ ရင်းနှီးမြှုပ်နှံကာ လေ့လာခဲ့ပြီး တစ်ကမ္ဘာလုံးတွင် ဦးဆောင်နေသည့် သုတေသန အဖွဲ့အစည်းတစ်ခု ပိုင်ဆိုင်ထားကြောင်းကို Nikkei Asia သတင်းဌာနအား ဧပြီလ ၅ ရက်နေ့တွင် တိုကျို၌ ပြုလုပ်ခဲ့သည့် Interview တစ်ခုတွင် ပြောကြားခဲ့သည်။ 

 

Meta သည် AI မျိုးဆက်သစ်တစ်ခု တည်ဆောက်ရန် အဖွဲ့အစည်းတစ်ခု တည်ထောင်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ အတွင်းက ကြေညာခဲ့ပြီး ၎င်း၏ စီးပွားဖြစ်ရောင်းချနိုင်ရန် အချိန်ကာလ သတ်မှတ်ထားသည့် ပထမဆုံး သုတေသနလည်း ဖြစ်သည်။ 

 

Meta သည် ၎င်း၏ ရှာဖွေ လေ့လာရေး ကြိုးပမ်းမှုတွင် ပူးပေါင်း ပါဝင်ရန် ပြင်သစ် သိပ္ပံပညာရှင် Yann LeCun အား ၂၀၁၃ ခုနှစ်တွင် ဖိတ်ကြားခဲ့ပြီး  သုတေသန ဓာတ်ခွဲခန်းတစ်ခု တည်ဆောက်ခဲ့သည်။ 

 

သိပ္ပံပညာရှင် Yann LeCun

ဤသို့ စာကြောင်းများနှင့် ပုံများကို ချက်ချင်းထုတ်လုပ်ပေးနိုင်သည့် နည်းပညာအား OpenAI မှ ChatGPT က စီးပွားဖြစ် ထုတ်လုပ်ထားပြီး ဖြစ်သော်လည်း Meta မှ ပြုလုပ်သည့် နည်းပညာသည် နောက်ဆုံးပေါ် အခြေအနေတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း Bosworth က ပြောကြားခဲ့သည်။

 

ဒါ့အပြင် နည်းပညာပိုင်းတွင် ရှေ့သို့ရောက်ရှိနေပြီ ဖြစ်ကြောင်း ယုံကြည်နေပြီး Large Language Model ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်သည့် နည်းစနစ်များကို ၎င်းတို့၏ အဖွဲ့က ရှေ့ဆောင်ကာ လုပ်ဆောင်ခဲ့ကြကြောင်းကို ဖြည့်စွက် ပြောကြားခဲ့သည်။ 

 

ယခု သုတေသန ပြုလုပ်နေသည့် နည်းပညာများမှ အချို့အား ယခုနှစ်အတွင်း စတင် မြင်တွေ့ရမည်ဖြစ်ပြီး လွန်ခဲ့သည့်လတွင် အဖွဲ့တစ်ခုဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့သည် လတ်တလောတွင် လွန်စွာ အလုပ်ရှုပ်လျက် ရှိနေကြောင်း ပြောကြားခဲ့ပြီး ထိုနေရာသည် Bosworth ၏ အချိန်အများဆုံး ကုန်ဆုံးသည့် နေရာဖြစ်ကာ Mark Zuckerberg နှင့် Meta ၏ Chief Product Officer (CPO) Chris Cox တို့နှင့်လည်း အချိန်ပိုကုန်ဖြစ်ကြောင်း ဆိုသည်။ 

 

Meta ၏ AI သည် ကြော်ငြာရှင်များအား ၎င်းတို့၏ ကြော်ငြာအတွက် မည်သည့် Tools များ အသုံးပြုရမည်ကို အကြံပြုနိုင်ပြီး ကြော်ငြာများ၏ အသုံးဝင်မှုကို တစ်စိတ်တစ်ပိုင်း အဆင့်မြှင့်တင်ပေးနိုင်မည်ဟု Bosworth က ယုံကြည်ကြောင်း ပြောပြခဲ့သည်။ 

 

ဒါ့အပြင် ကုမ္ပဏီသည် ကြော်ငြာ ကမ်းပိန်းအတွက် ရုပ်ပုံတစ်ခုတည်းအသုံးပြုခြင်းထက် မတူညီသည့် ပရိတ်သတ်များအတွက် မတူညီသည့် ရုပ်ပုံများကို AI အား ထုတ်လုပ်ခိုင်းလိုက်ခြင်းသည် အချိန်နှင့် ပိုက်ဆံကုန်ကျမှု အမြောက်အမြား လျှော့ချနိုင်လိမ့်မည်ဟု ဆိုသည်။

 

ကြော်ငြာများမှ ဝင်ငွေရှာခြင်းသည် Meta ၏ ခိုင်မာသည့် စီးပွားရေးတစ်ခုဖြစ်ကာ Meta ၏ Facebook နှင့်  Instagram အပါအဝင် ၎င်း၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအားလုံးတွင် ထည့်သွင်း အသုံးပြုနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။ 

 

Advertisement

Click Here >>> Capital Taiyo Life Insurance

 

ယခုနည်းပညာအား Meta သည် ၎င်းတီထွင်ပြုလုပ်လျက်ရှိသည့် Highly Realistic Virtual Space တစ်ခုဖြစ်သော Metaverse တွင်လည်း ထည့်သွင်း အသုံးပြုမည်ဖြစ်ပြီး ထိုကဲ့သို့ 3D ကမ္ဘာကြီး ပြုလုပ်နိုင်ရန်အတွက် ပထမဦးစွာ Computer Graphics နှင့် Programming လုပ်ဆောင်မှုပေါင်း များစွာ လိုအပ်မည် ဖြစ်သည်ဟု Bosworth က ပြောကြားခဲ့သည်။ 

 

အနာဂတ်တွင် လူတိုင်းသည် မိမိဖန်တီးချင်သည့် ကမ္ဘာအကြောင်း ရေးသား ဖော်ပြလိုက်သည်နှင့် ထိုကမ္ဘာကြီးအား AI ဟာ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး Content Creation ကဲ့သို့ အကြောင်းအရာများ ဖန်တီးနိုင်စွမ်းကို လူတော်တော်များများ ပြုလုပ်နိုင်လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

နယ်သာလန် အခြေစိုက် AI သုတေသန လေ့လာရေး ဌာန Zeta Alpha ၏ ဖော်ပြချက်အရ ၂၀၂၂ ခုနှစ်တွင် နည်းပညာ လေ့လာမှု ကိုးကားချက်နှင့်ရလဒ် စာတမ်းများ ထုတ်ဝေမှု အရေအတွက်တွင် Google ပြီးလျှင် Meta သည် ဒုတိယနေရာတွင် ဦးဆောင်လျက် ရှိသည်။  

 

ကြီးမားသည့် လုပ်ဆောင်ချက်များစွာကို ထိထိရောက်ရောက် ဆောင်ရွက်ပေးသော Generative AI အတွက် မျှော်လင့်ချက်များ မြင့်မားနေသော်လည်း တစ်ဖက်တွင် လူသားများ၏ ထိန်းချုပ်နိုင်မှု အပိုင်းအား စိုးရိမ်လျက် ရှိသည်။ 

 

Mark Zuckerberg နှင့် CFO Andrew Bosworth

 

၂၀၂၃ ခုနှစ် မတ်လတွင် အမေရိကန်နိုင်ငံ အခြေအနေစိုက် အကျိုးအမြတ်မယူသော Future of Life Institute သည် နည်းပညာတိုးတက်မှုများကို ၆ လခန့် ခေတ္တရပ်ဆိုင်းထားရန် အသနားခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ အသနားခံစာသည် အမေရိကန် စွန့်ဦးတီထွင်သူ Elon Musk အပါအဝင် အခြားသော နည်းပညာသမားများ၏ ထောက်ခံမှုများစွာ ရရှိခဲ့သည်။ သို့သော်လည်း Meta CTO ဖြစ်သူ Bosworth သည် ၎င်းအသနားခံစာကို ကန့်ကွက်ခဲ့သည်။ 

 

Bosworth သည် အကျိုးရှိသည့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး ၎င်းတို့သည်လည်း ထိုနည်းလမ်းဖြင့် ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း ပြောကြားခဲ့ပြီး ထိုသို့ ဖွံ့ဖြိုးတိုးတက်မှုများအား ရပ်တန့်ရန် ခက်ခဲသည့်အပြင် မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရန်အတွက်လည်း ပို၍ခက်ခဲကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။ 

 

တချို့သော အခြေအနေများတွင် နည်းပညာများအား မည်သို့ လုံခြုံအောင် ကာကွယ်မည် ဆိုသည်ထက် နည်းပညာများ မည်သို့တိုးတက်လာကြောင်း ဦးစွာ နားလည်ထားရန် လိုအပ်ပြီး နည်းပညာတိုးတက်မှုအား ရပ်ဆိုင်းရန် လုပ်ဆောင်မှုသည် အကျိုးမရှိကြောင်းလည်း ပြောကြားခဲ့သည်။


Source - Nikkei Asia

Published in Digital Marketing

မြန်မာနိုင်ငံမှာတော့ ဖေ့ဘုတ်ခ်ကို ဝင်လို့မရ၊ သုံးလို့မရတာကို ဒီနေ့မနက်မှ သိကြပေမဲ့ တစ်ကမ္ဘာလုံး အနှံ့အပြားမှာတော့ မနေ့က ညနေကတည်းက ဖြစ်ပေါ်နေတာပါ။

Published in Local

Facebook ဟာ အခြားသော သမားရိုးကျကြော်ငြာတွေလို fix rate ပုံသေနှုန်းနဲ့ မကောက်ပါဘူး။
