-->
×

Warning

JUser: :_load: Unable to load user with ID: 29


Social Media နည်းလမ်းဖြင့် သင့်စီးပွားရေးကို မြင့်တင် နိုင်မည့် နည်းလမ်း ၇ သွယ်

Social Media နည်းလမ်းဖြင့် သင့်စီးပွားရေးကို မြင့်တင် နိုင်မည့် နည်းလမ်း ၇ သွယ် google

တစ်ကမ္ဘာလုံး လူဦးရေ ၏ ၄၆ ရာခိုင်နှုန်းခန့် သည် အင်တာနက်ကို အသုံးပြုလျက်ရှိပါသည်။ ယနေ့အချိန် တွင် အင်တာနက် အသုံးပြုမှု အများဆုံးမှာ Social Media Network အတွက်ဖြစ်ပါသည်။

Marketing အောင်မြင်ဖို့ရန် အတွက်လည်း Social Media သည် တစ်စိတ်တစ်ပိုင်းမှ ပါဝင်လျက် ရှိနေပါသည်။ ဒါပေမယ့် Social Media ကိုအသုံးပြုသည့် Marketing အများစုသည် အောင်မြင်မှု မရရှိခဲ့သည်အထိ တွေ့ရှိနေပါသည်။ ဘာကြောင့် အောင်မြင်မှု မရရှိခဲ့ရသည့်အကြောင်းမှာ အောက်ပါ ၇ ချက်အတိုင်း သင့် Company ရဲ့ Social media ဗျူဟာကို အလေးအနက် မထားခဲ့ခြင်းကြောင်းဖြစ်ပါသည်။

၁. Social Media အတွက် သင့်အနေဖြင့် Marketing plan ကို ကြိုတင်စီစဉ်ထားသင့်ပါသည်။

Company အများစု ပြုလုပ်မိသည့် အမှားတစ်ခု သည် Twitter နှင့် Facebook account များ မပါဝင်ပဲ Marketing Plan ကို ရေးဆွဲခြင်းဖြစ်ပါသည်။ Social Media network ကို သင့်အနေဖြင့် ကောင်းကောင်း အသုံးချနိုင်ရန် သင့်အနေဖြင့် ကြိုးစားသင့်ပါသည်။ ဒီအချက်သည် သင့်ရဲ့ ပန်းတိုင်အတွက် အောင်မြင်မှု လမ်းစ ဖြစ်နိုင်ပါသည်။ နောက်ပိုင်း သင့် marketing အောင်မြင်လာသည် ဆိုပါက တစ်ဦးတစ်ယောက် ခြင်းအပေါ်သင့် အနေဖြင့် အကဲဖြတ်နိုင်လာပါမည်။ ထို့အပြင် Social Media မှသင့်အနေဖြင့် ပိုမို အကျိုးရှိစေနိုင်မည့် နည်းလမ်း၊ အကူအညီများကိုလည်း ရရှိနိုင်လာပါလိမ့်မည်။

၂. သင့်အနေဖြင့် customer ကို ပြောဆိုဆက်ဆံသည့်အခါတွင် အလေးအနက်ထားရန်လိုအပ်ပါသည်။

Social Media Marketing ၏ အဓိက အရေးပါသည့် အချက် သည် ပြောဆိုဆက်ဆံခြင်းဖြစ်ပါသည်။ Advertising အများစုသည် လူချင်း တွေ့ဆုံ ပြောဆိုရန် မဖြစ်နိုင်သော်လည်း Social Media တွင်မူ အဓိက ကျသည့်အချက်ဖြစ်ပါသည်။ သင့်အနေဖြင့် သင့် brand အမျိုးအစားကို အခြားသော Social Media အသုံးပြု အပေါ် စိတ်ဝင်စားလာအောင် တွေ့ဆုံကာ ပြောဆို ဆွဲဆောင်နိုင်ရပါမည်။ ထို့နောက် သင့်အနေဖြင့် customer များ၏ မေးခွန်းများကို အချိန်မှီ ပြန်လည် ဖြေဆိုပေးနိုင်ရပါမည်။ Social Media မှ Customer များ၏ တုံ့ပြန်ချက်များသည် သင့်စီးပွားရေးလုပ်ငန်းကို စိတ်ဝင်စားသည့် လူများ အပေါ်ကို တိုက်ရိုက် ပို့ဆောင်ပေးနိုင်ပါသည်။

၃. အခြေအနေကို စောင့်ကြည့်ပေးမည့် လူ သည်လည်းအရေးကြီးပါသည်။

နောက်ထပ် အဓိက အချက် အနေဖြင့် သင့်စီးပွားရေး လုပ်ငန်၏ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းများ နှင့် ဝန်ဆောင်မှု အကြောင်းများ Social Media အမျိုးမျိုး ကို အသုံးပြုပြီး ဆွေးနွေးသည် များကို စောင့်ကြည့်ရန် လိုအပ်ပါသည်။ ဆွေးနွေးသည့် အချက်အလက် အချို့သည် သင့်အတွက် တန်ဖိုးမဖြတ်နိုင်သည့် အရာများ ဖြစ်နိုင်ပါသည်။ သင့် Company နှင့် ကုန်ပစ္စည်းများ အကြောင်း လူအများ ကြားထဲတွင် ဘယ်လောက် ပေါက်ရောက်သည်ကို ပါ သင့်အနေဖြင့် တိုက်ရိုက် သိရှိနိုင်ပါသည်။ Social Media ကို စီမံခန့်ခွဲနိုင်သည့် Software များဖြစ်သည့် HootSuite မှ သင့် Company နှင့် ကုန်ပစ္စည်းများ အကြောင်းကို လွယ်ကူစွာ ခြေရာခံနိုင်ရန် ပြုလုပ်ပေးထားပါသည်။

၎. အချိန်ဇယားအတိုင်း သင့် social media ကို update အမြဲဖြစ်နေပါမည်။

သင့်အနေဖြင့် ပုံမှန် update ကို တင်ပေးသင့်ပါသည်။ ထိုမှသာ သင့်အနေဖြင့် customer ဖြင့် ထိတွေ့ဆက်ဆံမှု သည် အတုအယောင် မဟုတ်သည်ကို ဖော်ပြနိုင်ပါသည်။ အကယ်၍ သင့်အနေဖြင့် ရက်အနည်းငယ်ကြာ အောင် update မဖြစ်ခဲ့ပါက သင့် Social Media သည်လည်း ပုံမှန်အတိုင်း ရှိမှာ မဟုတ်တော့ပါ။ ထို့ကြောင့် သင့်အနေဖြင့် အချိန်ဇယား ပြုလုပ်ပြီး အချိန်မှန် update တင်နိုင်အောင် ပြုလုပ်ထားသင့်ပါသည်။ သင့် အနေဖြင့်လည်း သင့် customer များ မည်သည့်အချိန်တွင် Social Media ကို အသုံးပြုသည်ကို ကြိုတင် သုတေသန လုပ်ထားရန် လိုအပ်ပါသည်။

၅. အသုံးပြုသူများ တစ်ဆ ထက် တစ်ဆ ပွားလာနိုင်အောင် ဖန်တီးရပါမည်။

Social Media တွင် မဖော်ပြထားသည့် စည်းကမ်းတစ်ခု ရှိပါသည်။ အကယ်၍ တစ်စုံတစ်ယောက်က သင့်ကို Follows လုပ်ပါက သင့်အနေဖြင့် သူ့ကို ပြန်ပြီး Follows လုပ်ပေးရခြင်းသည် ယဉ်ကျေးမှုကို ဖော်ပြခြင်းဖြစ်ပါသည်။ ဒါပေမယ့် အကုန်လုံးကို Follows ပြန်လုပ်ဖို့ လိုသည်ဟု ရည်ရွယ်ခြင်းမဟုတ်ပါ။ သင့် Blog များ၊ content များကို Re-blog လုပ်ပြီး သင့်ကို Mention ပြုလုပ်ထားပါက သူ့ ယဉ်ကျေးမှုကို ဖော်ပြခြင်းဖြစ်ပါသည်။ ထိုသူများသည် သင့်အတွက် အမာခံပရိသတ် တစ်ဦးသဖွယ် ရှိနေပါသည်။ ထိုအချက်များသည် သင့် customer များကို တစ်ဆ ထက် တစ်ဆ ပိုမို များပြားလာစေနိုင်ပါသည်။

၆. Social Media ကို အသုံးပြုပြီး သင့်ပြိုင်ပွဲတွင် ထိပ်ဆုံးရောက်အောင် ကြိုးစားပါ။

သင့် ပြိုင်ဘက်အများစုသည် Social Media ကို အသုံးပြုပြီး ကြိုးစားနေလောက်ပါပြီ။ သင့်စိတ်ထဲတွင် သူတို့ account တွေကို ဘယ်လို နောက်ယောင်ခံ လိုက်ရမည် ဆိုသည့် idea ကောင်းကောင်းလိုအပ်ပါသည်။ ထိုအချက်သည် သင့်အတွက် အကြံကောင်းများ ရရှိနိုင်ပြီး သင့် ပြိုင်ဘက်ထက် သာအောင် ဘယ်လို Social Media ကို အသုံးပြုပြီး တွေ့ဆုံ ပြောဆိုရမည် ဆိုသည့် အခွင့်အလမ်းများ ရရှိနိုင်ပါသည်။ ထိုမှသာ သင့်ပြိုင်ဘက်ထံမှ Followers များကို သင့်နောက်လိုက်ပါ လာအောင် သင့်ကိုယ်ပိုင် Social Media ကို အသုံးပြုပြီး ဦးဆောင်သွားရနိုင်ပါမည်။

၇. Social Media ကို အသုံးပြုပြီး လူများကို သင့် စီးပွားရေးထံ ရောက်ရှိလာအောင် ဆွဲဆောင်ပါ။

သင့်အနေဖြင့် Social Media ကို အသုံးပြုပြီး လူများကို သင့်စီးပွားရေး ကို စိတ်ဝင်စားအောင် ဆွဲဆောင်ပြီးနောက် သင့် ဖောက်သည် ဖြစ်အောင် ပြောင်းလဲနိုင်ရပါမည်။ သင့် လုပ်ငန်းသည် အုတ်ခဲ၊ စက်ပစ္စည်း ရောင်းချသည့် လုပ်ငန်း သို့မဟုတ် e-commerce ပဲ ဖြစ်ပါစေ သင့်နေဖြင့် Social Media ကို အသုံးပြုပြီး သင့် ကုန်ပစ္စည်းကို ဝယ်ယူလာအောင် နည်းလမ်းများစွာ ပြင်ဆင်ထားသင့်ပါသည်။ သင့်လုပ်ငန်း အောင်မြင်ရန်အတွက် သင့်အနေဖြင့် Social Media မှ Post များကို coupon codes များ၊ Ads များအသုံးပြုပြီး ပြုလုပ်ပါက Social Media တွင် ပိုမိုထိရောက် လာနိုင်ပါသည်။

Recommended for u- အိုင်းစတိုင်း ရဲ့ တစ်ပိုင်းတစ်စနဲ့ Advertising

Source : www.ReadyPlanet.com.mm

Read times
Rate this item
(1 Vote)