-->
×

Warning

JUser: :_load: Unable to load user with ID: 29


Logo ကောင်းတစ်ခုရဖို့ အထောက်အကူပေးတဲ့ Websites ( ၃ ) ခု

Logo ကောင်းတစ်ခုရဖို့ အထောက်အကူပေးတဲ့ Websites ( ၃ ) ခု google

Business အသေးစားတွေအတွက် logo ဖန်တီးဖို့ကို အချိန်သပ်သပ်ပေးပြီး အစည်းအဝေးတွေထိုင် plan တွေချဖို့ မဖြစ်နိုင်သလို design studio တစ်ခုငှားဖို့လည်း တတ်နိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် ကနဦးပိုင်းမှာ Logo ကောင်းကောင်း ဖန်တီးနိုင်မယ့် tools တွေရှိတဲ့ website တချို့ကို ဖော်ပြလိုက်ပါတယ်။ logo ကို အမြဲတသမတ်တည်း သုံးစရာမလိုဘဲ နောက်ပိုင်းမှာ အကြံရရင် ရသလို ပြင်ဆင်ဖန်တီး သင့်တယ်ဆိုတာပါပဲ။ Website တော်တော်များများဟာ design tools အများစုကို အခမဲ့ပေးသုံးတယ်ဆိုပေမယ့် တကယ့် high resolution အတွက်တော့ အခကြေးငွေယူပါလိမ့်မယ်။

Logo ကောင်းတစ်ခုရဖို့အတွက် တမူထူးခြား ကွဲထွက်နေတဲ့ image တစ်ခုအပြင် သိသာမြင်သာပြီး ဆွဲဆောင်မှုရှိမယ့် နာမည်လည်း လိုအပ်ပါတယ်။ တခြား brand တွေရဲ့ idea ကို ပုံတူကူးထားတာမျိုးကိုတော့ တတ်နိုင်သမျှ ရှောင်ပါလို့ပြောချင်ပါတယ်။ ဒီတော့ Logo ကောင်းကောင်းဖန်တီးဖို့ အထောက်အကူ ပေးမယ့် website တွေကို လေ့လာကြည့်ကြရအောင်။

 


၁။ Free Logo Design

Company နာမည်နဲ့ လုပ်ငန်းနယ်ပယ်ကို ထည့်လိုက်တာနဲ့ သင့်အတွက် ကိုယ်တိုင်ပြင်ဆင် ဖန်တီးလို့ရမယ့် design example တွေကို ဒီ website က ပြပေးပါလိမ့်မယ်။ ကိုယ်ကြိုက်တဲ့ ပုံစံတစ်ခုကို ကောက်ရွေးပြီး အရွယ်အစား၊ အရောင်နဲ့ font design စတာတွေကို လိုသလို ပုံဖော်လို့ရမှာပါ။ စိတ်ကြိုက်ရပြီဆိုတာနဲ့ သုံးပျော်တဲ့ အနိမ့်ဆုံး version ကို အခမဲ့ download လုပ်လို့ရသလို high resolution လိုချင်ရင်တော့ ပိုက်ဆံပေးရပါလိမ့်မယ်။

 

၂။ Tailor Brands

Tailor Brands ကတော့ ပိုအသေးစိတ်ကျသလို ရွေးချယ်စရာလည်းများပြီး ဈေးနည်းနည်းပိုကြီးပါလိမ့်မယ်။ Company နာမည်၊ လုပ်ငန်းနယ်ပယ်၊ Company ရဲ့ ဆောင်ပုဒ်၊ ရည်မှန်းချက် စတာတွေကို ထည့်ရပါမယ်။ Logo အတွက် icon တစ်ခုခု ဒါမှမဟုတ် ကိုယ့်ရဲ့ brand နာမည် ဒါမှမဟုတ် Company နာမည်ရဲ့ အစစာလုံး စတဲ့အထဲက တစ်ခုကို ရွေးချယ်ရမှာပါ။ ပြီးရင်တော့ ကိုယ့်စိတ်ကြိုက် design ပြန်ဆင်ဖို့ register လုပ်ရပါမယ်။ ဒီ website ဟာ logo အပြင် တခြား website feature တွေကိုပါ ဖန်တီးပြင်ဆင်ပေးပြီး ကုန်ကျစရိတ်ကို လစဉ်ကောက်ခံတာပါ။

 

၃။ Logojoy

Logojoy ကတော့ business logo တွေဖန်တီးဖို့ AI နည်းပညာကိုသုံးပါတယ်။ Company နာမည်နဲ့ လုပ်ငန်းအမျိုးအစားကို ရိုက်ထည့်ပြီး Logojoy က ဖန်တီးထားတဲ့ design (5) မျိုးလောက်ကို ရွေးချယ်ပါ။ ပြီးရင်တော့ Logojoy က သူရဲ့ AI ကိုသုံးပြီး သင့်အတွက် သင့်တော်မယ့် Logo တွေကို ထုတ်ပြပါလိမ့်မယ်။ Logojoy ဟာ တခြား service တွေနဲ့ သိပ်မတူပေမယ့် သင့်အတွက်တော့ ကိုယ့်စိတ်ကြိုက်ပုံ မတွေ့မချင်း အေးအေးဆေးဆေး ထိုင်ရွေးနေရုံပါပဲ။

ဒီ website တွေအားလုံးဟာ သင့်အတွက်ရော Customer အတွက်ပါ တကယ်ကြိုက်နှစ်သက်စေမယ့် logo တွေကို ဖန်တီးပေးနိုင်မှာပါ။ ဒါ့အပြင် ios၊ Androd application တွေကနေလည်း Logo ခပ်လန်းလန်းတွေကို ဖန်တီးလို့ရပါသေးတယ်။ နောက်ပိုင်းမှာတော့ Company ပိုအောင်မြင်လာတာနဲ့အမျှ လက်ရှိ logo ကို အခြေခံပြီး design သစ် ပုံစံသစ်တွေရအောင် ကြိုးစားကြည့်ဖို့လည်း တိုက်တွန်းပါရစေ။

 

Source; Moe

Myanmar Advertising Directory

Read times
Rate this item
(1 Vote)