-->
×

Warning

JUser: :_load: Unable to load user with ID: 29


စွန့်ဦးတီထွင်လုပ်ငန်းရှင်များ လုပ်ငန်းစတင်ဖို့ အခက်အခဲတွေရှိနေတယ်ဆိုရင်

စွန့်ဦးတီထွင်လုပ်ငန်းရှင်များ လုပ်ငန်းစတင်ဖို့ အခက်အခဲတွေရှိနေတယ်ဆိုရင် Google

စွန့်ဦးတီထွင်လုပ်ငန်းရှင်တော်တော်များများက မိမိရဲ့လုပ်ငန်းအောင်မြင်ဖို့နဲ့ အမြတ်ရရှိဖို့ကို နေ့စဉ်ကြိုးစား အားထုတ်နေကြပါတယ်။

အောင်မြင်မှုကိုရယူနိုင်ဖို့အတွက် အောင်မြင်ပြီးသားလူတွေဆီက လေ့လာသင်ယူခြင်းကလည်း အရေးပါပါတယ်။

အတုယူရမယ့်သူတစ်ယောက်ရှိတာဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် အရမ်းအကျိုးရှိပါတယ်။ ကိုယ့်ရဲ့အနီးအနားမှာ အတုယူရမယ့်သူတစ်ယောက်ရှာတွေ့ဖို့ဆိုတာတော့ ခဲယဉ်းတတ်ပါတယ်။

ဒါပေမယ့် ၉၀ ရာခိုင်နှုန်းသော startup တွေဟာ ကျရှုံးနေကြပြီး ၄၂ ရာခိုင်နှုန်းသော startup တွေဟာ ဈေးကွက်လိုအပ်ချက်ကို ဂရုမစိုက်ကြလို့ ကျဆုံးနေကြရတာပဲ ဖြစ်ပါတယ်။

ဒီလို ကျဆုံးတာမျိုးမဖြစ်ရအောင် ကိုယ့်ရဲ့ဈေးကွက်ကိုနားလည်ဖို့က အဓိကကျကြောင်းဖော်ပြနေပြီး product မဆောက်ခင်မှာလည်း စမ်းသပ်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။

ကမ္ဘာကျော် Toyota ကားကုမ္ပဏီ အောင်မြင်လာရခြင်းရဲ့ နည်းဗျူဟာများ

ကိုယ့်ရဲ့ဝယ်သူတွေကို ပိုမိုနားလည်ဖို့နဲ့ Landing Page ကိုတည်ဆောက်ပြီး ကိုယ့်ရဲ့ လုပ်ငန်းစတင်ဖို့ အဆင်သင့်ဖြစ်မဖြစ် ဘယ်လိုစမ်းသပ် လေ့လာနိုင်မလဲဆိုတာကို ပြောပြသွားမယ့်ပွဲလေးကို ဖော်ပြပေးလိုက်ပါတယ်။

Know your market before building the product ဆိုတဲ့ ပွဲလေးကို ဧပြီလ ၇ရက် ( တနင်္ဂနွေနေ့ )၊ ညနေ ၃နာရီကနေ ၅နာရီထိ Royal River View Condo (10 Floor ) မှာ ဖန်တီးရာကကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီပွဲလေးကို မြန်မာဘာသာဖြင့်ပြောကြားသွားမှာ ဖြစ်လို့ လုပ်ငန်းစတင်ချင်သူ ဒါမှမဟုတ် လုပ်ကိုင်နေတဲ့ မည်သူမဆို အခမဲ့တက်ရောက်နိုင်ပါတယ်။

Know your market before building the product ပွဲကို တက်ရောက်ချင်သူတွေ အနေနက် ဖုန်းနံပါတ် 09 260 072 463 နဲ့ http://bit.ly/WEM5-6 တို့မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

Source; Phandeeyar
Myanmar Advertising Directory

Read times
Rate this item
(2 votes)