-->
×

Warning

JUser: :_load: Unable to load user with ID: 29


Amazon ရဲ့ CEO Jeff က ဘာလို့ သူများထက် ပိုအောင်မြင်နေတာလဲ...?

Amazon ရဲ့ CEO Jeff က ဘာလို့ သူများထက် ပိုအောင်မြင်နေတာလဲ...? Google

ကမ္ဘာကျော် Amazon Online Store ကြီးရဲ့ပိုင်ရှင် Jeff Bezos ဟာ ဒေါ်လာဘီလီယံတစ်ရာကျော်ချမ်းသာပေမယ့်လည်း ကျွန်တော်တို့အားလုံးအတိုင်းပဲ သူ့မှာလဲတစ်ရက်ကို ၂၄ နာရီပဲ အချိန်ရှိတာပါ။

ဒါဆိုရင် စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေထဲမှာမှ Jeff က ဘာလို့ အခြားသာမန်လူတွေအများစုထက် အောင်မြင်နေရတာလဲ။

ကိုယ့်ရဲ့ပြိုင်ဘက်လုပ်ငန်းတွေထက် နှာတစ်ဖျားမက ခေါင်းတစ်လုံးသာချင်တယ်ဆိုရင်တော့ အခုဖော်ပြမယ့် အချက် (၃) ချက်က စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအတွက် အများကြီးအကျိုးရှိစေမှာဖြစ်ပါတယ်။


၁။ ကိုယ်တစ်ယောက်တည်း အရာရာကိုလိုက်လုပ်မနေနိုင်ဘူးဆိုတာကို နားလည်ထားပါ

အကယ်၍ အရာအားလုံးကို ကိုယ်တစ်ယောက်တည်း လုပ်ဆောင်ဖို့ ကြိုးစားနေပါက ကိုယ့်လုပ်ငန်းရဲ့ ပန်းတိုင်တွေအားလုံးကို ဘယ်လိုမှမရောက်နိုင်ပါဘူး။ ကိုယ့်လုပ်ငန်းကို ကိုယ့်လက်ကိုယ့်ခြေနဲ့ အစအဆုံးလုပ်ကိုင်ချင်တာက ကိုယ်ပိုင်လုပ်ငန်းရှင်တိုင်းမှာရှိတတ်တဲ့ စိတ်ထားတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုလုပ်ဖို့ဆိုတာက ပထမအချက်အနေနဲ့ ကိုယ်တိုင်အားလုံးလိုက်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒုတိယအချက်အနေနဲ့ ကိုယ်တစ်ယောက်တည်း အရာအားလုံးကို လိုက်လုပ်ဖို့ကြိုးစားရင်း ဗျာများနေတဲ့အချိန်မှာ ကိုယ့်ပြိုင်ဘက်က ကိုယ့်ကိုအသာလေးကျော်တက်သွားပါလိမ့်မယ်။

ဒီအချက်ကို အဖြေရှာဖို့ဆိုရင် Jeff Bezos ရဲ့နမူနာကိုပဲ ပြန်ကြည့်ရအောင်။ သူ့ရဲ့ Amazon ကုမ္ပဏီကြီးက ခုလိုအောင်မြင်မှုတွေရနေတာက သူ့မှာ ထူးချွန်ထက်မြက်တဲ့ team members တွေကို မှန်ကန်တဲ့နေရာတွေမှာ တာဝန်ပေးထားနိုင်လို့ပဲဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်ပြောခဲ့သလို Jeff တစ်ယောက်တည်း အကုန်လုံးလိုက်လုပ်ဖို့ကြိုးစားနေရင်တော့ Amazon ဟာလည်း ဒီနေ့ကမ္ဘာပေါ်မှာ နံပတ် (၁) Online Store ကြီးဖြစ်လာမှာမဟုတ်ပါဘူး။


၂။ ကောင်းမွန်တဲ့အဖွဲ့သားတွေကို အချိန်ပေးရှာဖွေပြီး သူတို့နဲ့လိုက်ဖက်ညီတဲ့တာဝန်တွေ ပေးတတ်ပါစေ

အပေါ်ကအချက်မှာဖော်ပြထားသလိုပဲ ကိုယ်တစ်ယောက်တည်း အရာရာမလုပ်နိုင်တာကြောင့် ကိုယ်တတ်နိုင်သမျှအကောင်းဆုံးအဖွဲ့သားတွေကို အချိန်ပေးရှာဖွေပြီး သူတို့နဲ့ကိုက်ညီမယ့်၊ သူတို့လုပ်ဆောင်နိုင်မယ့် လုပ်ငန်းတာဝန်တွေကို ခွဲဝေပေးရပါမယ်။ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ဖို့ဆိုတာ ထူးချွန်ထက်မြက်တဲ့အဖွဲ့သားတွေကို မှန်ကန်တဲ့လုပ်ငန်းရဲ့ဌာနတွေမှာ အသီးသီးခွဲဝေတာဝန်ပေးထားနိုင်ဖို့ အလွန်လိုအပ်ပါတယ်။

လုပ်ငန်းရှင်တော်တော်များများဟာ ကိုယ့်ရဲ့လုပ်ငန်းစတင်ထူထောင်ချိန်မှာ ဒီလိုမျိုးမှန်ကန်ကောင်းမွန်တဲ့ အဖွဲ့သားတွေရှာဖွေဖို့ကို အချိန်သီးသန့်မပေးတတ်ပဲ ကိုယ်ကိုယ်တိုင် အရာအားလုံးလုပ်ဖို့ကြိုးစားတတ်ကြပါတယ်။ ဒီလိုလုပ်တာဟာ ကိုယ်တိုင်လည်း အလုပ်တာဝန်အရမ်းပိစေသလို ကိုယ့်ဘဝအတွက်အရေးပါတဲ့ မိသားစု၊ ကျန်းမာရေး စတာတွေကိုလည်း လစ်လျူရှုမိစေတတ်ပါတယ်။

ဒါတင်မကသေးပါဘူး။ ကိုယ်က မှန်ကန်သင့်တော်တဲ့အဖွဲ့သားတွေရှာဖွေဖို့အချိန်မပေးပဲ တွေ့ရာလူတွေကိုဆွဲခန့်ထားမယ်ဆိုရင် လုပ်ငန်းကြီးထွားလာတဲ့အမျှ တစ်ဖြေးဖြေး ပျက်စီးလာနိုင်ခြေ အလွန်များပါတယ်။ ကိုယ့်လုပ်ငန်းက လက်တစ်လောမှာ ဘယ်လောက်အကျိုးအမြတ်ရ ရှိနေသလဲဆိုတာ အရေးကြီးတာမှန်ပေမယ့်လည်း ကိုယ့်လုပ်ငန်းမှာ လက်တစ်လော မှန်ကန်သင့်တော်တဲ့အဖွဲ့သားတွေ ဘယ်လောက်ရှိနေသလဲဆိုတဲ့အချက်က အများကြီးပိုအရေးကြီးပါတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းကို အလျှင်အမြန်တိုးတက်စေချင်ရင်တော့ ကိုယ်နဲ့စိတ်တူကိုယ်တူ အားကိုးရလောက်တဲ့ အဖွဲ့သားတွေကို အချိန်ပေးရှာဖွေတတ်ဖို့ အများကြီးလိုအပ်ပါတယ်။

SEO အတွက် Long-Tail Keywords တွေရဲ့အားသာချက်များ
၃။ အခြားသော စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ထားပါ

စီးပွားရေးလုပ်ငန်းတစ်ခုအတွက် “ကောင်းမွန်တဲ့လုပ်ငန်းအဆက်အသွယ်” ရှိဖို့ဆိုတာက အများကြီးအရေးကြီးပါတယ်။ ကိုယ်နဲ့လုပ်ငန်းချင်းတူမှ ဆက်သွယ်လို့ရတာမဟုတ်ပါဘူး။ မတူညီတဲ့လုပ်ငန်းနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ သိကျွမ်းခင်မင်ထားခြင်းက နောက်အနာဂတ်မှာ ကိုယ့်လုပ်ငန်းအတွက် အများကြီးအထောက်အကူဖြစ်စေမှာပါ။

ဥပမာ ကိုယ်က Online Shop သီးသန့်လုပ်ကိုင်တာကြောင့် သယ်ယူပို့ဆောင်ရေး (Logistics) လုပ်ငန်းနယ်ပယ်ထဲက သူတစ်ယောက်ကို ကိုယ်နဲ့လုပ်ငန်းမတူလို့ ဘာမှအဆက်အသွယ် လုပ်စရာမလိုဘူးလို့ ထင်ကောင်းထင်မိပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့် Online Shop မှာ အိမ်အရောက် ပို့ဝန်ဆောင်မှုတွေ ထပ်ထည့်ချင်တယ်၊ နယ်တွေကို ပစ္စည်းတွေပို့ချင်တယ်၊ ဒါမှမဟုတ် နိုင်ငံခြားက အခြားသောပစ္စည်းအသစ်တွေကို import လုပ်ပြီးရောင်းချချင်တယ် ဆိုရင်တော့ Logistics လုပ်ငန်းနယ်ပယ်ထဲက သူတွေနဲ့ အဆက်အသွယ်ရှိထားခြင်းဟာ ကိုယ့်လုပ်ငန်းအတွက် အမျာကြီးအထောက်အကူရှိစေမှာ မလွဲပါဘူး။ ဒါကြောင့် ကိုယ်က စီးပွားရေးလုပ်နေပြီဆိုရင်တော့ ကိုယ်နဲ့လုပ်ငန်းနယ်ပယ်ချင်း မတူပေမယ့်လည်း တစ်ခြားသူတွေနဲ့ ကောင်းမွန်တဲ့အဆက်အသွယ်ေ တွရှိထားဖို့ အများကြီးလိုအပ်ပါတယ်။


Credit; MyanmarOnlineEntrepreneur
Myanamar Advertising Dircetory

 

Read times
Rate this item
(1 Vote)