-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့် Brand ရဲ့ အောင်မြင်မှုရေရှည်ရပ်တည်နိုင်ဖို့ အချက် ၃ချက်

သင့် Brand ရဲ့ အောင်မြင်မှုရေရှည်ရပ်တည်နိုင်ဖို့ အချက် ၃ချက် Google

သင့်ရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ်ကို Customer တွေအများကြီးဆီ ပြသဖို့အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ သင့် Brand ရဲ့အောင်မြင်မှုကို အရှိန်မြှင့်ဖို့ Social Media မှာ Promotion တွေလုပ်ဖို့လိုလာပါပြီ။

ဒါကြောင့် အခုပြောချင်တဲ့ အကြောင်းအရာကတော့ သင့် Brand ရဲ့ အောင်မြင်မှုကိုရေရှည်ရပ်တည်နိုင်မယ့် အချက် ၃ချက်ပဲဖြစ်ပါတယ်။


၁။ Plan သေချာချပါ

သင့်ရဲ့ Brand ကို အောင်မြင်အောင်ဘယ်လို မြှင့်တင်မလဲဆိုရင် အရင်ဆုံး Plan တစ်ခုဆွဲပါ။ သင့်ရဲ့ အတူမရှိတဲ့ Brand၊ တခြား Brand တွေမှာ မရနိုင်တဲ့အရာတွေ၊ Customer တွေကို အကြိုက်တွေ့သွားစေမယ့် အရာတွေကို အခြေခံစဉ်းစားပြီးတော့ Plan ချပါ။ သင့်ရဲ့ Promotion ကို Plan ဆွဲပြီးတာနဲ့ ချက်ချင်း ချပြပြီး အဆင်ပြေပါစေလို့ ထိုင်ဆုတောင်းနေတာထက် အစမ်းသဘောမျိုးကို အရင်ပြုလုပ်ပြီး အဆင်ပြေနိုင်တယ်ဆိုမှ ဆက်လုပ်သင့်ပါတယ်။

စီးပွားရေးလုပ်ငန်းသေးသေးလေးကနေ အကြီးစားလုပ်ငန်းဖြစ်လာဖို့ဆိုရင်

၂။ ခေတ်စားနေတာတွေကို အသုံးချပါ

Promotion လုပ်ဖို့အတွက် အရည်အသွေးပြည့်မှီတဲ့ ပစ္စည်းတွေကိုပဲ သုံးဖြစ်အောင်ဂရုစိုက်ပါ။ လောလောလတ်လတ် ခေတ်စားနေတဲ့ အကြောင်းအရာတွေကို အသုံးချတတ်ပါစေ။ ဒါပေမယ့် သင့် Promotion အတွက် Share ထားတာတွေကိုတော့ အရမ်းကြီးမများပါစေနဲ့။ တစ်ချိန်ထဲမှာ ပြည့်ကြပ်သွားပြီးတော့ နောက်ထပ်အကြောင်းအရာတွေနဲ့ ဝေးကွာမသွားမိစေဖို့ သတိထားပါ။ ဘယ် Social Media ပေါ်မှာ ကြော်ငြာတာဟာ သင့် Product အတွက် ပိုပြီးအဆင်ပြေနိုင်မယ်မလဲဆိုတာ ပိုအရေးကြီးပါတယ်။ အဆင်အပြေဆုံးတစ်ခုမှာ အာရုံစိုက်လုပ်ပြီးမှ တခြားအပိုင်းတွေကို တဖြည်းဖြည်းညှိယူသွားပါ။


၃။ စိတ်ဝင်စားစေမယ့်ခေါင်းစဉ်မျိုးပေးပါ

သင့်ရဲ့ Profile နဲ့ လုပ်ဆောင်ချက်တွေကလည်း သင့် Brand ပေါ်မှာ ထင်ဟပ်နေပါစေ။ သင့် Page က Post တွေမှာ သင့် Brand ကို စိတ်ဝင်စားမယ့်သူတွေ အကြိုက်တွေ့စေမယ့် ခေါင်းစဉ်မျိုးကို သေချာစဉ်းစားပြီး နာမည်ပေးပါ။ စာလုံးပုံစံ စာလုံးအရောင်တွေကို ထူးခြားအောင်ပြုလုပ်ပြီးလည်း ဆွဲဆောင်နိုင်ပါသေးတယ်။ သင် Share ထားတာတွေက စိတ်ဝင်စားစရာကောင်းပြီး အကျိုးရှိစေမယ့် အရာတွေဖြစ်နေမယ်ဆိုရင် သင့် Brand ကို စိတ်ဝင်စားသူတွေများလာမှာပါ။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအကြောင်းကိုလည်း ဖွင့်ချပြပြီး သင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဆက်သွယ်နိုင်အောင် ဖန်တီးပေးပါ။


Source; M0E
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)