-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေအတွက် မဖြစ်မနေသိသင့်တဲ့ အချက်များ

လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေအတွက် မဖြစ်မနေသိသင့်တဲ့ အချက်များ Google

စီးပွားရေးလုပ်ငန်း တစ်ခုကို မလုပ်ကိုင်ခင်မှာ ကြိုတင်စဉ်းစားရမယ့် အချက်တွေရှိပါတယ်။

ဘာတွေစဉ်းစားရမလဲ မသိသေးသူတွေအတွက် မဖြစ်မနေစဉ်းစားသင့်တဲ့ အချက်လေးချက်ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။


၁။ Types of Business

ကုန်ထုတ် လုပ်မှု၊ ၀န်ဆောင်မှု ၊ ရောင်းဝယ်ရေး စတဲ့ ကိုယ်လုပ်ချင်တဲ့ စီးပွားရေးလုပ်ငန်းအမျိုးအစားကို စတင်စဉ်းစားပါ။ ဒီလို စဉ်းစားတဲ့အခါ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းအမျိုးအစားကို ရွေးချယ်ပါ။ သူများတွေ ဟိုတယ်ဖွင့်လို့ လိုက်ဖွင့်တာမျိုး၊ ငွေလွဲကောင်တာ ၊ခရီးသွားလုပ်ငန်း စတာတွေ လိုက်ဖွင့်တာမျိုး မလုပ်ဖို့ပြောချင်ပါတယ်။ ခေတ်ကာလအရ Market Requiements ကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပေမယ့် ကိုယ်မလုပ်ချင်တဲ့ လုပ်ငန်းခွင်ဆို Creative Thinking တွေ၊ Creative Idea တွေ အားနည်းတတ်တဲ့အတွက် ကိုယ့်ရဲ့ Coustomers တွေကို ကျေနပ်အောင် လုပ်ဆောင်တဲ့နေရာမှာ အားနည်းတတ်ပါတယ်။


၂။ Market Area

အိမ်ဆိုင်လေးလောက် ဖွင့်မယ့်သူက ကိုယ့် ရဲ့ Market Area က ကိုယ့်ရပ်ကွက်လောက် ပဲဖြစ်ရပါမယ်။ ဟိုတယ် လုပ်ငန်းဆိုရင်တော့ ကိုယ့်နိုင်ငံတွင်သာမက နိင်ငံတကာအထိ ဆက်သွယ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ Market Area ကို စဉ်းစားပြီးရင်တော့ ကိုယ့်ရဲ့လုပ်ငန်းက ဈေးကွက်အသစ်လား၊ အဟောင်းလား ဒါကိုစဉ်းစားဖို့လိုပါတယ်။ ဈေးကွက်အသစ် တစ်ခုဆိုရင်လည်း ကိုယ့်လုပ်ငန်းရဲ့ ကုန်ပစ္စည်းကို Customer နဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ပေးရမှာဖြစ်သလို ဈေးကွက်ဟောင်းဆိုရင်လည်း လက်ရှိဈေးကွက်ထဲမှာ မားကက်ရှယ်ယာ အများဆုံး ရထားတဲ့ လုပ်ငန်းတွေကို ရာခိုင်နှုန်းဘယ်လောက်အထိ ရထားလဲ၊ ကိုယ်က ဘယ်လောက်ရနိုင်လဲ ဆိုတာကို စဉ်းစားတွက် ချက်ဖို့လိုပါတယ်။


၃။ Investments Types

ဒါကတော့ကိုယ့်မှာရှိတဲ့ အရင်းအနှီးနဲ့ပဲ လုပ်မလား၊ လိုချင်တာကိုသူများဆီက ချေးပြီးလုပ်မှာလား ဒါမှမဟုတ် သူများနဲ့စပ်တူလုပ်မလား ဒါကိုစဉ်းစားဖို့ပါတယ်။ ဒီအချက်ဟာလည်း လုပ်ငန်းအမျိုးအစားနဲ့ သက်ဆိုင်ပါတယ်။ ငွေကိုချေးပြီး လုပ်မယ်ဆိုရင်တော့ ကိုယ်ရင်နှီးမြှုပ်နှံရမယ့် ငွေကြေးနဲ့အကျိုးမြတ်ကို သေချာရေးဆွဲပြီးမှ လုပ်သင့်ပါတယ်။ စပ်တူလုပ်ငန်းလုပ်မယ်ဆိုရင် မိမိအနေနဲ့ လုပ်ကိုင်မယ့်လုပ်ငန်းကို ကျွမ်းကျင်စွာ လုပ်ကိုင်တတ်ပြီး မိမိ နဲ့လုပ်ငန်းအကျိုးတူလုပ်ကိုင်မယ့်သူနဲ့သာ လုပ်ကိုင်သင့်ပါတယ်။ လုပ်ငန်းကို လုံးဝနားမလည်တဲ့သူဆိုရင်တော့ ကိုယ်ကဦးဆောင်ပြီး လုပ်ရမှာဖြစ်တာကြောင့် လုံးဝစပ်တူမလုပ်သင့်ပါဘူး။ နောက်တစ်ခု က Risk အတွက် အရံငွေချန်ထားဖို့လဲ လိုပါတယ်။ သိန်းတစ်ရာရှိရင် အားလုံးကိုတစ်ပြိုင်တည်း ရင်းနှီးမြှုပ်နှံလိုက်လို့မဖြစ်ပါဘူး။


၎။ Break Even Point

ကိုယ်က Investment Types က ကိုယ်ပိုင်ငွေတစ်ခုတည်းနဲ့ လုပ်တာဆိုရင်တော့ အရင်းကျေကာလကို အရမ်းကြီးထည့်မစဉ်းစားရင်လည်း နောက်နှစ်မျိုးကို ရွေးချယ်ထားသူတွေအတွက်ကတော့ အရင်းကျေအမှတ်ကို အထူးထည့်သွင်းတွက်ချက်ရပါမယ်။ အဲဒီအခါ သူများဆီက ဖြစ်ဖြစ်၊ ဘဏ်ကပဲဖြစ်ဖြစ် ငွေယူပြီးတော့လုပ်တယ်ဆိုရင် သူ့အတွက်ထပ်တက်လာမယ့် အတိုးနှုန်းတွေက ကိုယ့်ရဲ့ Profit & Loss ကို လာပတ်သက်နေတဲ့ အတွက် အဲဒါကို အမြန်ဆုံးရှင်းနိုင် ဖို့စဉ်းစားရပါမယ်။ One Unit မှာ အမြတ်ဘယ်လောက်ရအောင်လုပ်ပြီး တစ်နှစ်မှာဘယ်လောက်ရရင် ဘယ်နှနှစ်အတွင်း အရင်းကျေမယ်ဆိုတာကို မဖြစ်မနေထည့်သွင်း တွက်ချက်ရပါမယ်။

အခုပြောပြ ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုမစတင်ခင် မဖြစ်မနေစဉ်းစားရမယ့် အခြေခံအချက်တွေဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်ချင်တဲ့ လူငယ်တွေအတွက် အကျိုးရှိစေနိုင်မယ့် အချက်တွေပဲဖြစ်ပါတယ်။


Crd : Shwe O Latt
Myanmar Advertising Directory

Read times
Rate this item
(4 votes)