-->
×

Warning

JUser: :_load: Unable to load user with ID: 29


စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် အဆင်မပြေမှုတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းများ

စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် အဆင်မပြေမှုတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းများ Google

စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ လုပ်ငန်းတစ်ခုကို စတင်တည်ထောင်တော့မယ်ဆိုရင် အခက်အခဲတွေကိုတော့ ရင်ဆိုင်ကြမှာပါ။

စတင်တည်ထောင်ခါစမှာတော့ သူငယ်ချင်း မိတ်ဆွေတွေကလည်း အားကျ ၊ Facebook ပေါ်မှာလည်း Founder တပ်လို့ရနဲ့ အစပိုင်းတော့ အဆင်ပြေနေပါမယ်လိမ့်မယ်။ နောက်ပိုင်းမှာတော့ အခက်အခဲတွေ၊ မသေချာမှုနဲ့ ကြုံလာတဲ့အခါ ဘယ်ကဘယ်လို ကောက်ကိုင်ရမလဲမသိအောင် ပျာသွားတတ်ပါတယ်။ ဒါကြောင့် လုပ်ငန်းတစ်ခု မသေချာမှုနဲ့ ကြုံတဲ့အခါ လုပ်ဆောင်သင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ စာအုပ်တွေ ဖတ်ဖို့ အချိန်ပေးပါ

စွန့်ဦးတီထွင်သူတွေအနေနဲ့ Motivation ရမယ့် အသံထွက်စာအုပ်တွေ ဖတ်တာတို့၊ စီးပွားရေးလောက ဦးဆောင်ဦးရွက်ပြုသူတို့ရဲ့ စာအုပ်တွေ ဖတ်တာတို့ လုပ်သင့်ပါတယ်။ အောင်မြင်နေတဲ့ Entrepreneurs သမားတွေ ဖြတ်သန်းခဲ့တဲ့ လမ်းကြမ်းခရီးအကြောင်းဟာ ကိုယ့်ကို ခွန်အားသစ်နဲ့ စိတ်ကူးသစ်တွေ ရရှိစေမှာပါ။


၂။ တစ်ပတ်စာ အချိန်ဇယားဆွဲ

ပုံမှန်အလုပ်အချိန်ဇယား ပြက္ခဒိန်တစ်ခု ထားတာဟာ အလုပ်တွင်စေမယ့် အချက်ဖြစ်ပါတယ်။ အချိန်ဇယားအတိုင်း အကုန်လုံး အလုပ်ဖြစ်မယ် မဖြစ်ဘူးဆိုတာ မသေချာပေမယ့် အချိန်ဇယားရှိထားတော့ အလုပ်က ပိုပြီး စနစ်တကျ ဖြစ်လာပါတယ်။ အနီးဆုံး တစ်ပတ်စာ ပြက္ခဒိန်ရှိထားမယ်ဆိုရင် ဘယ်သူ့ကို ဘယ်အချိန်မှာ တွေ့ရမယ် ၊ လာမယ့်အပတ် ဘာတွေ လုပ်ရမယ်ဆိုတာကို သိလာပြီး အချိန်အလကား ကုန်မယ့် အဖြစ်ကို ရှောင်ရှားနိုင်မှာပါ။

Google Map က သင့်ရဲ့စီးပွားရေးပ်ငန်းအတွက် ဘယ်လိုအထောက်အကူပြုလဲ

၃။ အားကစားပြုလုပ်ပါ

ခေတ်သစ်လူနေမှုဘဝမှာ အားကစားလုပ်ခြင်းဟာ ကိုယ်လက် ကြံ့ခိုင်ရေးအတွက်တင် မဟုတ်တော့ပါဘူး။ စိတ်ရှုပ်ထွေးမှုနဲ့ ဖိအားတွေကို ရှင်းဖို့အတွက်ပါ အရေးပါလာပြီ ဖြစ်ပါတယ်။ စီးပွားရေးမှာ ခေါင်းရှုပ်စရာတွေပဲ ကြုံလာလို့ ဘာလုပ်ရမယ်မှန်း မသိသေးချိန်မှာ Workout လုပ်လိုက်တာဟာ ကိုယ်ရောစိတ်ပါ အနားရပြီး ဖိအားတွေ လျော့သွားပါလိမ့်မယ်။


၅။ ကျေးဇူးပြုတတ် ၊ ကျေးဇူးတင်တတ်ပါစေ

စီးပွားရေးလုပ်ရာမှာ ရေရှည်ထိရောက်တဲ့ နည်းလမ်းတစ်ခုက စိတ်ကောင်းစေတနာကောင်းထားဖို့ပါ။ ချမ်းသာဖို့နည်းလမ်း အများကြီးရှိပေမယ့် သမ္မာအာဇီဝနဲ့ စိတ်ကောင်းစေတနာကောင်းကို ရှေ့တန်းထားတဲ့ အလုပ်ရှင်တွေက ရလဒ်ပိုကောင်းပါတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်သလို ကိုယ့်ပတ်ဝန်းကျင်ကိုလည်း မြှင့်တင်ပေးပါ။ ကျေးဇူးပြုတတ်သူအတွက် အခက်အခဲ ရှိချိန်မှာ ကူညီမယ့်သူတွေ ပေါ်လာပါလိမ့်မယ်။


Source; Kwee
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)