-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ဖို့ သင့်ကိုဘယ်အရာတွေက နှောင့်နှေးစေတာလဲ...?

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ဖို့ သင့်ကိုဘယ်အရာတွေက နှောင့်နှေးစေတာလဲ...? Google


သင်ကလက်ရှိဝန်ထမ်းအလုပ်လုပ်ကိုင်နေပေမယ့် ကိုယ်ပိုင်လုပ်ငန်းကိုစတင်လုပ်ကိုင်ချင်တယ်။ အခုမှစတင်မှာဆိုတော့ ကြောက်ရွံနေတာမျိုး၊ ဘယ်ကနေစလုပ်ရမှန်းမသိ မဝံမရဲဖြစ်နေတက်ပါတယ်။ ဒီလို မဝံ့မရဲဖြစ်နေရခြင်းရဲ့အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ ထောင်မြင် ရာစွန့် မလုပ်နိုင်ခြင်း

တချို့ အရာတွေက တိုးပွားနိုင်ဖို့အတွက် အနည်းငယ်စွန့်လွှတ်ရပါတယ်။ အဲ့ဒီလိုစွန့်လွှတ်နိုင်ဖို့အတွက်လည်း ခွန်အားရှိရပါမယ်။ ဒါကို လုပ်ရင်ရှုံးသွားမှာပဲဆိုပြီး ကိုယ်လုပ်ချင်တာတောင်မလုပ်တဲ့ လူတွေအတော်များပါတယ်။ ဘယ်အရာကမှချက်ချင်း မဖြစ်လာပါဘူး။ ပထမဦးဆုံး ကိုယ့်မှာရှိတာကို ပေးဆပ်နိုင်ဖို့ လိုပါတယ်။


၂။ သက်တောင့်သက်သာ နေထိုင်ခြင်း

သက်တောင့်သက်သာနေချင်တဲ့စိတ်က အလွန်ဆိုးပါတယ်။ အဲ့ဒီစိတ်ကပဲ ကြိုးစားချင်စိတ်၊ တိုးတက်မှုကို ကန့်သတ်ထားတယ်ဆိုတာ သင်တို့သတိမမူမိကြလို့ပါ။ မနက် ၈နာရီ မှ အိပ်ရာထတဲ့ လူတစ်ယောက်အတွက် မနက် ၆ နာရီ ထပြီး စာဖတ်ဖို့ဆိုတာ မသက်သာလှပါဘူး။

ဝယ်သူတွေကို စိတ်မပျက်စေဖို့ ဖြေရှင်းနည်းများ
၃။ လက်တွေ့ အကောင်အထည် ဖော်ချင်စိတ်ကို ကိုယ်တိုင်ကန့်သတ် နေခြင်း

တချို့က idea ကောင်းရှိတယ်၊ ငွေကြေးမရှိဘူး။ ငွေကြေးမရှိဘူးဆိုရင် အဲ့ဒီ idea ကောင်းတွေ ဖော်နိုင်ဖို့ ကိုယ်လုပ်နိုင်မယ့် အရာတွေကနေ စတင်ပါ။ တကယ်လို့တခြားသူတွေနဲ့ ကိုယ့် idea က တူနေတယ်ဆိုရင်လည်း ကိုယ်ကသူတို့ထက် ဘယ်အပိုင်းမှာ ပိုကောင်းအောင်လုပ်နိုင်မလဲဆိုတဲ့ အတွေးမျိုးနဲ့ ရှေ့ဆက်ပါ။


၎။ အပြစ်တင်ခံရမှာ ကြောက်ခြင်း

လုပ်ငန်းတစ်ခု စလုပ်တော့မယ်ဆိုရင် အားပေးမဲ့သူထက် ဘေးကနေဘုထိုင်ပြောမယ့် သူတွေက ပိုများပါတယ်။ လုပ်မနေနဲ့ ရှုံးမှာပဲ ဆိုပြီး ပြောတဲ့သူက ဒု နဲ့ဒေးပါ။ အဲ့ဒီ အရာတွေကို ဂရုမစိုက်ဘဲ ကိုယ်လုပ်စရာ ရှိတာကိုသာ အာရုံစိုက်ပါ။


၆။ ခါးသီးတဲ့ အတွေ့အကြုံ ရှိခဲ့ဖူးခြင်း

အဲ့ဒါကတော့ မအောင်မြင်ခဲ့တဲ့ အတိတ်ကို တသသတွေးပြီး ရှေ့ကိုမဆက်ချင်တဲ့ သိမ်ငယ်တဲ့စိတ်ပါ။ ဘယ်လိုပဲကျဆုံးခဲ့ပါစေ အဲ့ဒီဆုံးရှုံးမှုကို သင်ခန်းစာတစ်ခုအဖြစ် သင်ယူရင်းရှေ့တစ်လှမ်းတိုးနိုင်ဖို့ အားမွေးပါ။


ဒီအချက်တွေကို သင်ကိုယ်တိုင် ကြုံတွေ့နေရတယ်ဆိုရင်လည်း စိတ်မပူပါနဲ့။ ဒါဟာ လူတိုင်း ကြုံတွေ့ကြရတဲ့ သဘာဝပါပဲ။ ဒီအချက်လေးတွေကို သတိပြုမိပြီး ကျော်လွှားနိုင်မယ်ဆိုရင် အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင် ဘ၀ကို ပိုင်ဆိုင်နိုင်မှာပါ။ စွန့်လွှတ်ကြိုးစားချင်တဲ့ စိတ်လေးတစ်ခုတော့ လိုတာပေါ့။

Source; Entrepreneurs
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)