-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပွားရေးလောကမှာ ကုမ္ပဏီတစ်ခုတည်ထောင်ဖို့ ခံနိုင်ရည်ရှိရမယ်ဆိုတဲ့ Jack Ma

စီးပွားရေးလောကမှာ ကုမ္ပဏီတစ်ခုတည်ထောင်ဖို့ ခံနိုင်ရည်ရှိရမယ်ဆိုတဲ့ Jack Ma Google

တရုတ်နိုင်ငံ အခြေပြုရင်းနှီးမြှုပ်နှံမှုအကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Duncan Clark ၂၀၁၆ ခုနှစ်က ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်မှာ စီးပွားရေးနဲ့ပတ်သက်တဲ့ သင်တန်းကျောင်းတွေမှာ အောင်မြင်လာသူများအပေါ်Jack Ma ရဲ့ခိုင်မာတဲ့ အယူအဆကိုဖော်ပြခဲ့ပါတယ်။

Jack Ma က" MBA တက်ရောက်သင်ကြားခဲ့ဖို့ မလိုအပ်ပါဘူး။ MBA အောင်မြင်ထားပြီးသူအများစုဟာ အသုံးမ၀င်လှပါဘူး။ MBA သင်ကြားမှုကနေပြန်လာခဲ့ပြီးတော့ သင်ကြားရခဲ့သမျတွေကို မေ့ပျောက်နိုင်တယ်ဆိုရင်တော့ အသုံးဝင်တဲ့သူတွေ ဖြစ်လာပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးစတင်လုပ်ကိုင်တဲ့နေရာမှာ ''လိမ္မာပါးနပ်ဖို့'' လိုအပ်နေတဲ့အချိန်မှာ ကျောင်းက ''အသိပညာဗဟုသုတတွေ'' သင်ကြားပေးနေလို့ပါပဲ။ လိမ္မာပါးနပ်မှု၊ ဉာဏ်ပညာဆိုတာ အတွေ့အကြုံကနေသာ ရနိုင်ပါတယ်။ အသိပညာဗဟုသုတကတော့ ကြိုးပမ်းအားထုတ်မှုကနေ စုဆောင်းရရှိနိုင်ပါတယ်" လို့ပြောပါတယ်။

Jack Ma ပြောသလိုပဲ " ကောလိပ်ကျောင်းဆင်း အကျော်အမော်' တို့ဟာ လက်တွေ့ဘ၀အခက်အခဲများနဲ့ ရင်ဆိုင်ကြုံတွေ့ရကြတဲ့အခါမှာ တုန်လှုပ်ယိမ်းယိုင်သွားလေ့ရှိပါတယ်။ Mr. Ma က သူရဲ့မိန့်ခွန်းတစ်ခုတွင် အသင်းအဖွဲ့ကောင်းတစ်ခုဆိုတာ၊ Harvard University က လူတော်တွေ၊ ဒါမှမဟုတ် နိုင်ငံတကာ၊ ဒါမှမဟုတ် Fortune ၅၀၀ ကုမ္ပဏီတွေက လူတွေခေါ်ယူခန့်ထားဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပထမဆုံးဒေါ်လာငါးသန်းစပြီး စုဆောင်းရရှိနိုင်ခဲ့တုန်းက၊ ဟေးတို့မှာ ငွေတွေအများ ကြီးရှိပြီ ဒေါ်လာငါးသောင်းကနေ ဒေါ်လာငါးသန်းဖြစ်လာပြီ။

ဒါကြောင့် တို့ကြီးကျယ်တဲ့လူတွေခေါ်ခန့်နိုင်ကြပြီလို့ တွေးခဲ့ကြတယ်။ နိုင်ငံတကာကုမ္ပဏီများစွာက အကောင်းဆုံး Fortune ၅၀၀ ကုမ္ပဏီတွေက လူဆယ်ယောက်နီးပါးခေါ်ပြီး ခန့်ထားခဲ့ကြတယ်။ အဲဒီလူတွေထဲက ကုမ္ပဏီကြီးတစ်ခုမှာ ဈေးကွက်စီးပွားရေးကျွမ်းကျင်တဲ့ Vice President လုပ်ခဲ့သူတစ်ယောက်က ကျွန်တော့်ကို ဒေါ်လာ ၁၂ သန်း ကုန်ကျမယ့် လုပ်ငန်းအစီအစဉ်တစ်ခုချပြခဲ့ပါတယ်။

ကျွန်တော်က " တို့မှာ ဒေါ်လာငါးသန်းပဲရှိနေတာ၊ မင်းကဘယ်လိုလုပ်ဒေါ်လာ ၁၂ သန်းကုန်ကျမယ့် လုပ်ငန်းအစီအစဉ်ကို နောက်နှစ်ဘတ်ဂျက်အတွက် လာပေးနေရတာလဲ'' လို့ မေးလိုက်တော့၊ သူကဂျက်ရေ ငါဒေါ်လာသန်း ၂၀ အောက်လုပ်ငန်းအစီအစဉ် တစ်ခါမှမဆွဲခဲ့သေးဘူးလို့ ပြန်ဖြေပါတယ်။ ဒါကြောင့် လုပ်ငန်းနဲ့သင့်တော်မယ့် လူကိုခန့်ပါ၊ အကောင်းဆုံးလူဖြစ်ဖို့ မလိုပါဘူး။ အကောင်းဆုံးလူဆိုတာ ကိုယ်ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးခဲ့တဲ့သူပါ။

Google မှာ ထိပ်ဆုံးရောက်နေတဲ့ မြန်မာနိုင်ငံက ကြော်ငြာအေဂျင်စီ(၁၀)ခု

ဈေးကွက်ထဲမှာ အကောင်းဆုံးလူဆိုတာ မရှိပါဘူး။ ကိုယ့်အတွက် အကောင်းဆုံးလူကတော့ ကိုယ်ကိုယ်တိုင် လေ့ကျင့်သင်ကြား ပေးခဲ့တဲ့သူပဲ အမြဲတမ်း ဖြစ်နေမှာပါပဲ'' ဟု ပြောကြားခဲ့ပါတယ်။ ခေတ်နှင့် ရင်ပေါင်တန်းနေသည့် စီးပွားရေးလောကတွင် ခြေကုပ်တစ်နေရာရှာနေဆဲဖြစ်တဲ့ ကုမ္ပဏီ တစ်ခုအနေနဲ့ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် အရေခွံထူ၊ ခံနိုင်ရည်ရှိရမယ်ဆိုတာကို Ma တစ်ယောက် နားလည် သဘောပေါက်ခဲ့ပါတယ်။

" ဒီနေ့ကတော့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ရင်ဆိုင်ရမှာပဲ၊ မနက်ဖြန်ဆိုရင် ပိုပြီးရက်စက်ကြမ်းကြုတ်လိမ့်မယ်။ ဒါပေမဲ့ မနက်ဖြန်ပြီး နောက်တစ်နေ့နေ့ကတော့ သာယာလှပတဲ့ နေ့လေးတစ်နေ့ဖြစ်လာလိမ့်မယ်။ မင်းတို့ဟာ နေသာတဲ့နေ့ကို မနက်ဖြန်ရဲ့နောက်တစ်နေ့ လောက်နဲ့တော့ တွေ့နိုင်ကြလိမ့်မှာမဟုတ်ဘူး'' ဟု ၀န်ထမ်းသစ်များအား Ma က ပြောလေ့ရှိပါတယ်။

ခန့်ထားခြင်းခံရသော လူသစ်များဟာ တစ်ပတ်မှာ ခုနစ်ရက် တစ်ရက် ၁၆ နာရီ ပင်ပင်ပန်းပန်း လုပ်ကြရပြီး၊ တစ်လကို ဒေါ်လာ ၅၀ နဲ့တင်းတိမ်ရောင့်ရဲကြရပါတယ်။ Alibaba ကုမ္ပဏီဝန်ထမ်းများဟာလည်း ခရီးသွားချိန်လျော့နည်းစေရေးအတွက်၊ သူတို့ရဲ့လုပ်ငန်းခွင်နဲ့ ဆယ်မိနစ်ခရီးထက် မပိုသောနေရာတွင် နေထိုင်ကြရပါတယ်။ Alibaba ကုမ္ပဏီက တရုတ်နိုင်ငံတွင်းမှာရှိတဲ့ အခြားကုမ္ပဏီများနဲ့ ကွာခြားစေတဲ့အချက်မှာ ကုမ္ပဏီ စတင်တည်ထောင်တည်းက Silicon Valley ရှိ အဆင့်မြင့်နည်းပညာကုမ္ပဏီတွေကို စနစ်တကျစီမံအုပ်ချုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

မိမိတွေ ၀န်ထမ်းတစ်ဦးစီကို၊ လေးနှစ်နဲ့အထက် မြှုပ်နှံရမယ့် ကုမ္ပဏီရှယ်ယာအမျိုးအစားလိုက် ထုတ်ဝေရောင်းချပေးတဲ့ တရုတ်ကုမ္ပဏီအနည်းငယ်ထဲမှာ တစ်ခုအပါအ၀င်အဖြစ် ဆက်လက်ရပ်တည်ခဲ့ပါတယ်။ Alibaba ရဲ့ ဖောက်သည်တွေ တိုးပွားလာတဲ့အခါမှာ ၀န်ဆောင်မှုကဏ္ဍအတွက် လိုအပ်ချက်တွေလည်း များပြားလာခဲ့ပါတယ်။ ဒီအခက်အခဲများအပေါ် တုံ့ပြန်မှုအနေနဲ့ Ma ရဲ့ဝန်ထမ်းများက မိမိတို့ဆန္ဒအတိုင်း ဖောက်သည်တွေကို နည်းပညာဆိုင်ရာ အထောက်အကူများ အခမဲ့ဝန်ဆောင်မှုပေးခဲ့ကြပါတယ်။

ကွန်ပျူတာနှင့်သက်ဆိုင်တဲ့ အခြေခံပြဿနာများအတွက် အကြံပေးချက်များမှအစ၊ ဖြန့်ချိရေးကိစ္စရပ်များနဲ့ ပတ်သက်တဲ့အခက်အခဲတွေကို ကိုင်တွယ်ခြင်းများ၊ ဖောက်သည်များကို ကူညီပေးမယ့် လျှပ်တစ်ပြက်စီမံခန့်ခွဲမှုအဖွဲ့များက ၀င်ရောက်လာတဲ့ Email အားလုံးကို နှစ်နာရီအတွင်း ပြန်လည်တုံ့ပြန် အရေးယူဆောင်ရွက်ပေးပါတယ်။ ကုမ္ပဏီစားသုံးသူသာ ပထမဦးစားပေးဖြစ်တယ်ဆိုတဲ့ အခြေခံသဘောတရား ကို ထပ်မံတိုးချဲ့လုပ်ဆောင်လိုက်ခြင်းဖြစ်ပါတယ်။

မှန်ကန်သင့်လျော်တဲ့ ပုဂ္ဂိုလ်များရဲ့နောက်ခံ အင်အားနဲ့ Ma ရဲ့ Alibaba ကုမ္ပဏီကို နိုင်ငံတကာ E-commerce ၊ လက်လီဖြန့်ချိရေး၊ အင်တာနက်၊ AI နှင့် နည်းပညာလုပ်ငန်းများစွာ စုစည်းထားတဲ့ ကမ္ဘာ့ အကြီးဆုံးကုမ္ပဏီများထဲမှတစ်ခုဆိုပြီး သတ်မှတ်ခံနေရပြီဖြစ်ပါတယ်။


Source; CEO_Myanmar
Myanmar Advertising Directory

 

Read times
Rate this item
(0 votes)