-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဈေးကွက်ချဲ့ထွင်ရာမှာ မဖြစ်မနေ စဉ်းစားသင့်တဲ့ " Seven P Formula "

ဈေးကွက်ချဲ့ထွင်ရာမှာ မဖြစ်မနေ စဉ်းစားသင့်တဲ့ " Seven P Formula " Google

စီးပွားရေးလုပ်ငန်းတိုင်းဟာ မိမိရဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို ရှိပြီးသား ဈေးကွက်ထဲမှာ ရောင်းချနေရုံနဲ့ မလုံလောက်တော့ပါဘူး။

အသစ်အသစ်သော ဈေးကွက်တွေကို ချဲ့ထွင် ဖော်ဆောင်ဖို့ လိုလာပါပြီ။ အဓိကကတော့ မိမိ Customer တွေရဲ့ လိုအပ်ချက်တွေနဲ့ လိုချင်တာတွေကို သိရှိအောင် ကြိုးစားပြီး သူတို့စိတ်ကျေနပ်မှု ရရှိအောင် ဖြည့်ဆည်းပေးနိုင်ဖို့ပါပဲ။

ဒါကြောင့် ဈေးကွက်ချဲ့ထွင်ရာမှာ Marketer တွေ စဉ်းစားသင့်တဲ့ Seven P Formula ဟာ ဘာလဲဆိုတာကို ရှင်းလင်း ပြောပြပေးသွားပါမယ်။ ဒီဖော်မြူလာကို Google, eBay, Apple, Starbucks, Coca-Cola, Pepsi, Sony, Buger King နဲ့ Yahoo စတဲ့ နာမည်ကြီး ကုမ္ပဏီ တော်တော်များများ အသုံးပြုကြပါတယ်။ 7Ps လို့ လူသိများကြသလို အဲဒီထဲက အပေါ် P လေးခုကို 4Ps ဆိုပြီးလည်း ခွဲခြား သိကြပါတယ်။ ၁၉၆၀ ခုနှစ်မှာ အမေရိကန် ဈေးကွက်ဖော်ဆောင်ရေး ပါမောက္ခ Edmund Jerome McCarthy ဆိုသူက စတင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

၁။ Product ( ကုန်ပစ္စည်း )

ပထမဦးဆုံး မိမိထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်း သို့ ဝန်ဆောင်မှုဟာ Customer တွေအတွက် တကယ်လိုရဲ့လား အရည်အသွေးရော ပြည့်မီရဲ့လား ဆိုတာကို ဆန်းစစ်ပါ။ လူတွေက မသုံးချင်တဲ့ ကုန်ပစ္စည်းမျိုး သို့ ဝန်ဆောင်မှုမျိုးကို " ငါတို့ အကောင်းဆုံး လုပ်ထားတာပဲ၊ လူတွေ သုံးကြမှာပါ " ဆိုတဲ့ အတွေးနဲ့ ဈေးကွက်ထဲကို ပို့မိမယ်ဆိုရင်တော့ ပွဲဦးထွက်မှာတင် အနှုတ်လက္ခဏာ ပြနေပါပြီ။ လူတွေ တကယ်လိုအပ်မယ့်၊ လိုချင်တဲ့ အရာမျိုး ဖြစ်ရဲ့လားဆိုတာ သေချာ လေ့လာပါ၊ Market Research တွေ လုပ်ပါ။

၂။ Price ( ဈေးနှုန်း )

လူတွေဟာ ဈေးကြီးတဲ့ ပစ္စည်းအသုံးအဆောင်တွေကို ဝယ်ယူဖို့ စဉ်းစားတတ်ကြသလို ဈေးပေါတိုင်းလည်း ဝယ်ကြတာ မဟုတ်ပါဘူး။ ဈေးသင့်ပြီး ကောင်းမွန်တဲ့ ပစ္စည်းတွေကို ရွေးချယ် ဝယ်ယူကြတာ ဖြစ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းတွေ ဘယ်ဈေးနှုန်းနဲ့ ရောင်းနေသလဲဆိုတာ လေ့လာပါ။ မိမိက ဈေးနည်းနည်းပိုများနေတယ်ဆိုရင် ဘာတွေ ပိုကောင်းတယ်ဆိုတဲ့အကြောင်း လူတွေ မြင်သာအောင် ပြပါ။ ကုမ္ပဏီတွေအနေနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ အမြတ်ရရှိငွေကို တွက်ချက်ပြီးမှ ဈေးနှုန်းသတ်မှတ်တာမျိုးတော့ မလုပ်သင့်ပါဘူး။ ကုန်ကျစရိတ်များလေ ဈေးနှုန်း ပိုမြင့်သွားလေ ဖြစ်သွားပါလိမ့်မယ်။

၃။ Place ( နေရာ )

ဈေးကွက်ထဲ ပို့မယ့် ကုန်ပစ္စည်းလည်း အဆင်သင့် ဖြစ်နေပြီ။ ဈေးနှုန်းလည်း သတ်မှတ်ပြီးပြီ ဆိုရင် ဘယ်လိုချန်နယ်တွေကနေ Customer တွေဆီ ရောက်အောင် ပို့မလဲ၊ ဘယ်နေရာတွေမှာ သူတို့ ဝယ်ယူလို့ ရနိုင်မလဲဆိုတာတွေ စဉ်းစားပေးဖို့ လိုလာပါပြီ။ တချို့ကုန်ပစ္စည်းတွေ ကြော်ငြာအားကောင်းတော့ လူတွေက သိနေပြီ။ ဒါပေမဲ့ ဘယ်မှာရောင်းမှန်း မသိတော့ ဝယ်မရဘူး ဖြစ်တတ်ပါတယ်။ ဒါကြောင့် မိမိကုန်ပစ္စည်း သို့ ဝန်ဆောင်မှုက ဘယ်မှာရနိုင်ပါတယ်၊ ဘယ်ကနေ မှာလို့ ရပါတယ်၊ ဘယ်ကို ဆက်သွယ်လို့ ရပါတယ်ဆိုတာမျိုး အားလုံးသိအောင် ပြောပြထားသင့်ပါတယ်။

၎။ Promotion ( အရောင်းမြှင့်တင်ခြင်း )

ဘာကြောင့် စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီတွေ အရောင်းမြှင့်တင်ကြတာလဲဆိုတော့ Customer တွေနဲ့ အဆက်အသွယ် မပြတ်သွားစေဖို့ပါ။ ပရိုမိုးရှင်း ( ၄ ) မျိုး ရှိပါတယ်။ ဒီလေးမျိုးထဲက တစ်ခုမဟုတ်တစ်ခု လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ Advertising - မိမိ ကုန်ပစ္စည်း သို့ ၀န်ဆောင်မှုအကြောင်းကို မိမိ Target ထားသည့် Potential Customer များ သိရှိအောင် ကြော်ငြာခြင်း၊ Personal Selling - ရောင်းသူနဲ့ ဝယ်သူ တိုက်ရိုက် ထိတွေ့ ရောင်းချခြင်း၊ Sales Promotions - ကုန်ပစ္စည်း နမူနာများ ပေးဝေခြင်း၊ ကူပွန်များ ပေးခြင်း၊ ဒစ်စကောင့်များ ပေးခြင်း Direct Marketing - ကုန်ပစ္စည်း မိတ်ဆက်ပွဲများ ကျင်းပခြင်း၊

၅။ People ( ဝန်ဆောင်မှု ပေးနေသူများ/ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသူများ )

လုပ်ငန်းတိုင်းမှာ ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ ရောင်းချသူတွေ ရှိကြသလို အစအဆုံးကို ကိုယ်တိုင် လုပ်ဆောင်တဲ့သူတွေလည်း ရှိကြပါတယ်။ များသောအားဖြင့်တော့ Producer ( ထုတ်လုပ်သူ ) တွေကနေတစ်ဆင့် Distributor ( ဖြန့်ဖြူးသူ ) သူတွေဆီ၊ သူတို့ဆီက တစ်ဆင့်မှ Retailer ( လက်လီရောင်းချသူ ) တွေဆီ ရောက်တယ်။ နောက်ဆုံးမှ Consumer ( စားသုံးသူ ) တွေဆီ ရောက်ပါတယ်။ ဒီလူတွေအားလုံးကို အဆက်အသွယ်မပြတ်စေဖို့အတွက် ကြားထဲမှာ Intermediaries ( ကြားခံလူ ) တွေ ထားရပြီး သေချာ စီမံ ခန့်ခွဲနိုင်ဖို့ အရေးကြီးပါတယ်။ ( ဥပမာ - ငွေပေးချေရာမှာ အဆင်ပြေဖို့အတွက် ဘဏ်များ၊ သယ်ယူပို့ဆောင်ရေး အဆင်စေပြေဖို့ Logistics ကုမ္ပဏီများ၊ အေဂျင်စီများနဲ့ Marketing Intermediaries များ )

စွန့်ဦးတီထွင်တဲ့ လူငယ်လုပ်ငန်းရှင်တွေ မလုပ်သင့်တဲ့အမှား (၇)မျိုး

၆။ Process ( လုပ်ငန်းစဉ်များ )

ကုန်ပစ္စည်း သို့ ဝန်ဆောင်မှုတစ်ခု စတင် လုပ်ဆောင်ချိန်က စပြီး Customer တွေဆီ ရောက်တဲ့အထိ လုပ်ငန်းစဉ်အားလုံး ပါဝင်ပါတယ်။ ကုမ္ပဏီတွေမှာ သက်ဆိုင်ရာ ရာထူးအလိုက် ပေးအပ်ထားတဲ့ တာဝန်တွေ အောင်မြင်ရဲ့လား၊ အလုပ်ဖြစ်မြောက်ရဲ့လား၊ တကယ်လို့ အလုပ်မပြီးမြောက်ဘူးဆိုရင် ဘာကြောင့်လဲ၊ ဘာတွေလိုအပ်လဲ၊ဘာတွေ ပြင်ဆင်ရမလဲ စတာတွေကို အားလုံး ဆွေးနွေး အဖြေရှာပြီး တည့်မတ် လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။

၇။ Physical Evidence ( သက်သေပြခြင်း )

မိမိကုမ္ပဏီက ထုတ်လုပ်တဲ့ ကုန်ပစ္စည်း သို့ ဝန်ဆောင်မှုဟာ မှန်ကန် ကောင်းမွန်ကြောင်း ( Guarantee ) ပေးခြင်းနဲ့ သတ်မှတ်ထားတဲ့ ကာလအတွင်း ယိုယွင်းပျက်စီးခဲ့ရင် ပြန်လည် ပြုပြင်ပေးမယ် ဆိုတဲ့အကြောင်း ( Warrantee ) ပေးခြင်းဟာ Physical Evidence တွေ ဖြစ်ပါတယ်။ အထူးသဖြင့် Online Shop တွေမှာ ရောင်းတဲ့အခါ ဓာတ်ပုံရိုက်ပြထားတဲ့ ပုံနဲ့ အပြင်ကပုံ တူကြောင်း၊ ဓာတ်ပုံထဲက အရောင်နဲ့ အပြင်က အရောင် တူကြောင်း ပြောပြတာမျိုး၊ ဘယ်နိုင်ငံကထုတ်တဲ့ ဘာ Made ဖြစ်ကြောင်း အာမခံရောင်းတာမျိုးတွေဟာ Customer တွေရဲ့ ယုံကြည်မှုကို ပိုရစေပါတယ်။ Company ရဲ့ Reviews တွေကလည်း အရေးပါပါတယ်။

အခုဆိုရင် Seven P Formula ဆိုတာ ဘာလဲ သိသွားကြပါပြီ။ အရမ်းခက်ခဲတဲ့ အရာတွေ မဟုတ်တာကြောင့် မိမိရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လေ့လာ စမ်းသပ်
လုပ်ဆောင်လို့ ရပါတယ်။


Su Mon Oo
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)