-->
×

Warning

JUser: :_load: Unable to load user with ID: 29


စတော့ဈေးကွက်မှာ ကဝေလို့တင်စားခံရတဲ့ ၀ါရင့်ဘန့်ဖတ်(Warren Buffett)ရဲ့ လမ်းညွှန်ချက်

စတော့ဈေးကွက်မှာ ကဝေလို့တင်စားခံရတဲ့ ၀ါရင့်ဘန့်ဖတ်(Warren Buffett)ရဲ့ လမ်းညွှန်ချက် google.com

ချမ်းသာဖို့ အခြေခံအကျဆုံး လျှို့ဝှက်ချက်ကတော့ မချမ်းသာသေးခင်မှာ စိတ်ဆန္ဒလိုအပ်ချက်တွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားပဲ ဖြစ်ပါတယ်။

ကမ္ဘာ့စတုတ္ထ အချမ်းသာဆုံးသူဌေးကြီး ၀ါရင့်ဘန့်ဖတ် ဆိုရင်ပုဂ္ဂလိကဂျက်လေယာဉ်ကုမ္ပဏီ Netjets ကိုတည်ထောင်ထားပေမဲ့ ခရီးသွားတဲ့ အခါမှာတော့ အပိုငွေမကုန်အောင်လို့

ကိုယ်ပိုင်ကားလေးနဲ့ပဲ သွားပါတယ်။

အဲ့ဒီတော့ ငွေကြေးကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း ၀ါရင့်ဘန့်ဖတ်ဆီကနေ ဘာတွေသင်ခန်းစာယူရမလဲ ဆိုတာကို ပြောပြချင်ပါတယ်။

(၁)စွန့်ဦးတီထွင်တစ်ယောက်လို တွေးခေါ်ပါ

ဝါရင့်ဘန့်ဖတ်ဟာ ၁၃ နှစ်ကတည်းက အခွန်ဆောင်လာတဲ့သူပါ။ ကလေးအရွယ်မှာတုန်းမှာ ဘာတွေလုပ်ရသလဲဆိုရင် တစ်အိမ်ဆင်းတစ်အိမ်တက် သတင်းစာလိုက်ပို့တယ်။

ဆိုဒါလိုက်ရောင်းတယ်။ ပီကေလိုက်ရောင်းတယ် အဲ့လိုအလုပ်တွေကို လုပ်ကိုင်ခဲ့သူပါ။ရောင်းလို့ရတဲ့အမြတ်ငွေကို စုဆောင်းပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ပဲ စဉ်းစားတယ်။

ငယ်စဉ်ကတည်းက ကိုယ့်ခြေထောက်ပေါ် ရပ်တည်ခဲ့တဲ့သူဟာ အောင်မြင်ဖို့ အထောက်အပံ့ကောင်းပါပဲ။

၁၃နှစ်သားတုန်းက သူများတွေ ကိုယ်ထူကိုယ်ထ အလုပ်လုပ်နေတုန်းမှာ ကျွန်တော်တို့တွေ မိဘဆီက လက်ဖြန့်တောင်းနေတုန်းပဲရှိပါသေးတယ်။

(၂)ရှာနိုင်တာထက် လျှော့သုံးပါ

ဝါရင့်ဘန့်ဖတ်ဆိုရင် အခုချိန်ထိ McDonald's ကနေ ၂.၉၅ ဒေါ်လာပဲ ကုန်ကျမဲ့ မနက်စာကို စားနေဆဲပါ။

မလိုအပ်တာတွေကို ၀ယ်ယူနေမယ်ဆိုရင် လိုအပ်တာတွေကို ထုတ်ရောင်းရမယ်ဆိုတဲ့ သူ့ရဲ့ဒဿနအတိုင်းပါပဲ။ ၁ ထောင်တန်ထမင်းဆိုင်မှာ စားနေရာကနေ ၀င်ငွေလေးကောင်းလာတော့ မစားချင်တော့ဘူး။

၂၀၀၀တန်ဆိုင်ကို ပြောင်းစားချင်လာတယ် ဆိုတဲ့လူတွေ အတုယူစရာပါ။

(၃)တစ်စတစ်စ တိုးပွားပါစေ

စီးပွားရေးလုပ်တဲ့နေရာမှာ ဆိုရင်လည်း ချွေချွေတာတာ စုဆောင်းပြီးတော့ ဆပွားတိုးတက်အောင် စွမ်းဆောင်သင့်ပါတယ်။

မသေချာတဲ့ အလုပ်မျိုးကို မလုပ်ပဲနဲ့ ကိုယ့်အတွက် အမြတ်သေချာတဲ့ အလုပ်တွေကိုသာ သေချာလုပ်မယ်ဆိုရင် တစ်စတစ်စ တိုးပွားလာမှာပါ။ ကိုယ့်အတွက် အခြေမခိုင်သေးတဲ့ အချိန်မှာ အရမ်းကြီးစွန့်စားတာမျိုး မလုပ်သင့်ပါဘူး။

(၄)အချိန်ရှိသလောက် လေ့လာပါ

ဝါရင့်ဘန့်ဖတ်ဟာ အားလပ်ချိန်တိုင်းမှာ စာဖတ်တာတွေ၊ ရင်းနှီးမယ့်ကုမ္ပဏီတွေအကြောင်း လေ့လာတာတွေ လုပ်လေ့ရှိပါတယ်။

တစ်နေ့ကို စာမျက်နှာ ၅၀၀ လောက်ဖတ်လေ့ရှိတယ်။ အားလပ်ချိန်ရဲ့ ၈၀% ကို စာဖတ်လေ့ရှိတယ်။ သူ့ရဲ့လက်သုံးစကားက "ပိုသိလေ ပိုရွေးချယ်နိုင်လေ"လို့ ဆိုပါတယ်။

ကျွန်တော်တို့တွေမှာတော့ အချိန်ရတုန်း မလေ့လာပဲနဲ့ ငါသိငါတတ် ထင်နေတတ်ပါတယ်။

(၄)ပေါချောင်ကောင်း ရှာတတ်ပါစေ

ဝါရင့်ဘန့်ဖတ်ဆိုရင် ဈေးကွက်မှာ ဈေးပေါပေါနဲ့ ကုမ္ပဏီတွေကို ၀ယ်ယူရင်းကနေ တဖြည်းဖြည်းချမ်းသာလာတာလေ။

သတ်မှတ်တန်ကြေးထက် ပိုနည်းတဲ့ အရာတွေကို စုဆောင်းတတ်တာကလည်း ချမ်းသာဖို့ နည်းလမ်းပါပဲ။ အဲ့ဒီတော့ ကျွန်တော်တို့တွေ အ၀တ်အစားဝယ်မယ်ဆိုရင်လည်း တစ်ထည် ၅၀၀၀ တန်ဆိုင်ကို ပြေးသင့်ပါတယ်။

(၅) ရေရှည်အတွက် လုပ်ကိုင်ပါ

ဝါရင့်ဘတ်ဖန့်ဟာ ၁၉၆၀ ကတည်းက America Express မှာ ၀ယ်ထားတဲ့ ရှယ်ယာတွေကို အခုချိန်ထိ ဘယ်သူ့ကိုမှ မရာင်းချသေးပါဘူး။

ပုံမှန်အမြတ်အစွန်းထွက်နေတဲ့ အရာတွေကို လက်မလွှတ်တတ်တဲ့ သဘောပါ။ သေချာတဲ့ အလုပ်ကို လက်မလွှတ်တာပါ။

အဲ့ဒီတော့ ကျွန်တော် တို့လည်း အမြီးရ အမြီးစား ခေါင်းရ ခေါင်းစားအကျင့်တွေ ပယ်ဖျောက်ပြီးတော့ ရေရှည်အတွက်ပဲ စဉ်းစားကြရအောင်။

(၇)မသေချာရင် မလုပ်ပါနဲ့

စီးပွားရေး လုပ်မယ်ဆိုရင် တစ်လ၀င်ငွေ ဘယ်လောက်၊ တစ်နှစ်ဝင်ငွေ ဘယ်လောက်ဆိုပြီး သေချာမသတ်မှတ်နိုင်သေးတဲ့ အလုပ်မျိုးကို မလုပ်မိပါစေနဲ့။

အမြတ်ငွေ သေချာသတ်မှတ်နိုင်မယ့် အလုပ်မျိုးကို ရွေးချယ်နိုင်မှသာ အောင်မြင်မယ်လို့ ဆိုပါတယ်။

(၈)လမ်းရိုးအတိုင်း မလိုက်နဲ့

သူများလုပ်ရင် သူများရသလောက်ပဲ ရမှာပါ။ အဲ့ဒီတော့ သူများလောဘကြီးနေတဲ့ အချိန်မှာ ဘာမှမလုပ်နဲ့၊ သူများ မလုပ်သေးတဲ့ အချိန်မှာ တီထွင်ကြံဆတတ်ပါစေ၊လို့ ၀ါရင့်ဘန့်ဖတ်က

ရင်းနှီးမြှုပ်နှံသူတွေကို သင်ကြားလေ့ရှိပါတယ်။ ဒီအချက်လေးကလည်းမှတ်သားစရာပါပဲ။

(၉)Safety First ပါပဲ

ကျွန်တော့မှာ စည်းကမ်းချက် နှစ်ခုပဲရှိပါတယ်။ ပထမ စည်းကမ်းချက်က ရှယ်ယာတွေကို လုံးဝမဆုံးရှုံးပါစေနဲ့။ ဒုတိယအချက်ကတော့ ပထမစည်းကမ်းကို မမေ့ပါနဲ့။

ငါးစာနောက်လိုက်ပြီးတော့ ငါးမျှားချိတ် မမြင်တာမျိုး မဖြစ်ပါစေနဲ့၊ အမြတ်သေချာတဲ့ အလုပ်ကို ရေရှည်လုပ်ပါ။ အဲဒီနည်းနဲ့ ကျွန်တော် ချမ်းသာလာတာ လို့ဝါရင့်ဖန့်ဘတ်က ဆိုပါတယ်။

ဒါတွေကတော့ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီးတော့ စတော့ဈေးကွက်မှာ ကဝေလို့တောင် တင်စားခံရတဲ့ ၀ါရင့်ဘန့်ဖတ်ရဲ့ လမ်းညွှန်ချက်တွေပဲဖြစ်ပါတယ်။

Read-အသက်၄၀မှ စာအုပ်လက်ပွေ့ရောင်းကာ အချမ်းသာဆုံး လုပ်ငန်းရှင်ဖြစ်လာသူ

Source; Akhayar

Read times
Rate this item
(3 votes)