-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဖြစ်တတ်ပါတယ်

ဖြစ်တတ်ပါတယ် Google

လူအများစုက မျက်နှာသစ်ရင် မျက်နှာကိုပဲသစ်ကြတယ်။

နားရွက်နောက်ကချေးကို မတွန်းဖြစ်ကြဘူး။
တကယ်လို့များ အဲဒီလူအများစုကို နားရွက်နောက်က ချေးကိုတွန်းဖြစ်အောင် ခင်ဗျားလုပ်နိုင်ခဲ့ရင်ကြွယ်ဝမှုကို တည်ဆောက်နိုင်မယ်လို့ ဆိုပါတယ်။
ဆိုချင်တာက လူတွေ ပြုမူနေကျရှိတဲ့ သုံးစွဲမှု အလေ့အထကို ပြောင်းလဲပေးခြင်းဖြင့် စီးပွားရှာလို့ရတယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။
ရီလ်လို့ခေါ်တဲ့ တိတ်ခွေကြီးတွေနဲ့ သီချင်းနားထောင်တဲ့ အလေ့အထကနေ ကက်ဆက်ခွေနဲ့ နားထောင်တဲ့အလေ့အထကို ပြောင်းလဲပေးခြင်းဖြင့် အီလက်ထရွန်းနစ်လုပ်ငန်းတွေ ကြွယ်ဝမှုကို တည်ဆောက်နိုင်ခဲ့ကြတယ်။
ဆိုနီက ဝေါ့ခ်မင်းဖြင့် ကက်ဆက်ခွေနားထောင်နိုင်အောင်လုပ်ပေးပြီး အလေ့အထပြောင်းလဲပေးလိုက်ခြင်းဖြင့် ကြွယ်ဝမှုကို ကြီးကြီးမားမား တည်ဆောက်နိုင်ခဲ့တယ်။
အက်ပဲက အိုင်ပေါ့ဖြင့် သီချင်းနားဆင်နိုင်အောင် လုပ်ပေးခြင်းဖြင့်အလေ့အထပြောင်းလဲစေကာကြွယ်ဝမှုကိုတည်ဆောက်ခဲ့ပြန်ပါတယ်။
ကော်ဖီကို ကော်ဖီမှုန့်က တစ်ပုလင်း၊ သကြားက တစ်ပုလင်းနဲ့ နို့ဆီဘူးတစ်ဘူးထားပြီး ဖျော်သောက်ကြရတဲ့ အလေ့အထကို သုံးမျိုးပေါင်းစုထည့်ပေးထားတဲ့ အသင့်ဖျော်ကော်ဖီထုတ်ဖြင့် ကော်ဖီဖျော်ပုံဖျော်နည်း အလေ့အထ
ကို ပြောင်းလဲပစ်လိုက်ပြီးြွကယ်ဝမှုကို တည်ဆောက်ပါတယ်။
အလေ့အထပြောင်းလဲပေးခြင်းဖြင့် စီးပွားရှာတဲ့ ပုံသေနည်းကို သုံးခဲ့ကြတာသာဓကတစ်ခုက၀ီလျံလီဗာ(၁၈၅၁-၁၉၂၅) ဆပ်ပြာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
သူက မိဘလက်ငုတ်လက်ရင်းဖြစ်တဲ့ ကုန်စုံဆိုင်မှာ လုပ်ကိုင်စဉ် ဆပ်ပြာကို ၀ယ်သူလာမှ အတုံးတုံးပြီး လက်လီရောင်းနေကြတဲ့ အလေ့အထကို ပြောင်းပစ်ဖို့ အကြံရခဲ့သူ ဖြစ်ပါတယ်။
အဲဒီတုန်းက ဆပ်ပြာစက်က ဆပ်ပြာကိုအတုံးအရှည်လိုက်ကြီး လက်ကားရောင်းချတာကို လက်လီဆိုင်တွေက၀ယ်ယူ
ပြီးရောင်းချကြရတယ်။
ဝယ်သူလိုချင်သလောက်ပိုင်းပြီး ရောင်းချပေးကြတာကို သူက အတုံးကလေးတွေတုံးပြီး တစ်တုံးချင်း ကျကျနန ထုပ်ပိုးကာ ရောင်းချရင်အလုပ်ဖြစ်မယ်လို့ စိတ်ကူးရမိတာကြောင့် သူများထုတ်ထားတဲ့ ဆပ်ပြာတောင့်တွေကို အသင့်ပိုင်းပြီး ထုပ်ပိုးကာ ဖြန့်ချိရောင်းချခဲ့ပါတယ်။
ဆပ်ပြာဝယ်ယူသုံးစွဲပုံ အလေ့အထကို ပြောင်းလဲပေးနိုင်တာကြောင့်သူ အောင်မြင်ခဲ့ပါတယ်။
ဒီအခါမှာ သူက ညီဖြစ်သူနဲ့အတူ လီဗာဘရားသားစ်ဆိုပြီး ကုမ္ပဏီထူထောင်ကာအရည်အသွေး ပိုကောင်းတဲ့ ဆပ်ပြာတွေထုတ်လုပ်ရောင်းချခဲ့ပါတယ်။
ဟင်းသီးဟင်းရွက်ဆီဖြင့် ထုတ်လုပ်ခဲ့ပြီး 'ဆန်းလိုက်လို့ အမည်ပေးခဲ့ပါတယ်။
မြန်မာပြည်မှာ ထုတ်လုပ်တဲ့ ဆန်းလိုက်ဟာ လီဗာရဲ့ ဆန်းလိုက်မှ ဆင်းသက်လာတဲ့ အဆက်အနွယ်ဖြစ်ပါတယ်။
ဆန်းလိုက်အောင်မြင်ခဲ့တာကြောင့် လီဗာဘရားသားဟာ ကမ္ဘာ့အကြီးဆုံးဆပ်ပြာထုတ်လုပ်သည့်ကုမ္ပဏီအဖြစ်သို့ ကြီးထွားသွားခဲ့ပါတယ်။
လီဗာဟာ ဆပ်ပြာသုံးစွဲပုံကို ပြောင်းလဲပေးနိုင်ခဲ့တယ်။
တခြား လူသုံးကုန်အမျိုးမျိုးကိုလည်း တိုးချဲ့ထုတ်လုပ်နိုင်ခဲ့ပါတယ်။
လီဗာကွယ်လွန်ပြီးတဲ့အခါ သူ့ လုပ်ငန်းခွဲတွေကို စုစည်းပြီး ယူနီလီဗာအဖြစ် ဖွဲ့တည်ပုံ ပြောင်းလဲခဲ့ပါတယ်။
ဆပ်ပြာသုံးစွဲပုံ ဓလေ့ကို အထူးဂရုပြုတဲ့ လုပ်ငန်းကြီးအဖြစ် ဆက်လက်ရပ်တည်ခဲ့ပါတယ်။
အိန္ဒိယမှာ မြစ်ကမ်းနဘေး ဆောင့်ကြောင့်ထိုင်ပြီး အ၀တ်လျှော်ကြဖွပ်ကြတဲ့အခါ အ၀တ်လျှော် ဆပ်ပြာမှုန့်ကို ရေနဲ့ဖျော်ပြီး လျှော်ရတာ အဆင်မပြေတာကို သတိပြုမိတဲ့ အခါ ယူနီလီဗာက အ၀တ်လျှော် ဆပ်ပြာတောင့်ကို ထုတ်လုပ်ပြီး ဈေးကွက်နယ်ပယ်သစ်ကို ချဲ့ထွင်ပြီးသုံးစွဲသူတွေ အဆင်ပြေအောင် လုပ်ပေးရင်းကြွယ်ဝမှုကို တည်ဆောက်ခဲ့ပါတယ်။
ဒီသာဓကတွေက သုံးစွဲသူတွေရဲ့ သုံးစွဲပုံနဲ့ နေပုံထိုင်ဟန်ကို ပြောင်းလဲပေးခြင်းဖြင့်ကြွယ်ဝမှုကို တည်ဆောက်ပေးနိုင်သလို သူတို့ရဲ့ သုံးစွဲပုံနဲ့ အပ်စပ်မယ့် ပုံစံဖြင့် ထုတ်လုပ်ကာ ရောင်းချခြင်းဖြင့်လည်းကြွယ်ဝမှုကို တည်ဆောက်နိုင်ကြောင်း သက်သေသာဓကတွေဖြစ်ပါတယ်။

WMA

Read times
Rate this item
(2 votes)