-->
×

Warning

JUser: :_load: Unable to load user with ID: 29


အမျိုးသမီးများနေ့ကို ဂုဏ်ပြုလိုက်တဲ့ McDonald's ရဲ့ကြော်ငြာစိတ်ကူး

အမျိုးသမီးများနေ့ကို ဂုဏ်ပြုလိုက်တဲ့ McDonald's ရဲ့ကြော်ငြာစိတ်ကူး google.com

McDonald က မတ်လ ၈ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် သူ့ရဲ့ M လိုဂိုကို ဇောက်ထိုးလုပ်ပြီး W ဖြစ်စေခဲ့တယ်။

M က McDonald's ကို ဆိုလိုပြီး ဇောက်ထိုးလုပ်လိုက်လို့ W ဖြစ်သွားတော့ Women ကို ဆိုလိုပါတယ်တဲ့။ အင်မတန်ကောင်းတဲ့ အချိန်ကိုက် ခါတော်မီ ကြော်ငြာစိတ်ကူးကို လူအများတို့ သဘောကျကြတယ်။

ဆိုရှယ်မီဒီယာတွေမှာ W ဖြစ်နေတဲ့ ဇောက်ထိုး M ဓာတ်ပုံကို လက်ဆင့်ကမ်းကြတယ်။ မိနစ်ပိုင်းအတွင်း လူသိများတဲ့ ကြော်ငြာတစ်ခု အဖြစ်သို့ ရောက်ရှိသွားတဲ့အထိ အောင်မြင်သွားပါတယ်။

သူတို့ရဲ့ ဆိုင်းဘုတ်ကြီးမှာသာ M က W ဖြစ်သွားတာ မဟုတ်ဘူး။ မက်ဒေါနယ် လိုဂို သုံးစွဲထားတဲ့နေရာတွေမှာ လည်း ဇောက်ထိုး M တွေနဲ့ W လုပ်ပေးထားလို့ စားသောက်ကြသူတွေ အံသြသဘောကျကုန်ကြတယ်။ စားစရာထည့်တဲ့ စက္ကူအိတ်ညိုပေါ်မှာလည်း ဒဗလျူ၊ ၀န်ထမ်းတွေ ၀တ်တဲ့ တီရှပ်မှာလည်း ဒဗလျူ၊ ဦးထုပ်မှာလည်း ဒဗလျူတွေ လုပ်ပေးထားတယ်။

မက်ဒေါနယ်က အမျိုးသမီးများကို ဂုဏ်ပြုတဲ့ ဗီဒီယိုကားတိုကိုလည်း စီစဉ်ထုတ်လုပ်ခဲ့ပါတယ်။

နေရာအနှံ့မှ အမျိုးသမီးတွေအတွက် အထိမ်းအမှတ်ပြုပေးတာဖြစ်ပြီး မက်ဒေါနယ် အမှတ်တံဆိပ်ရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အခုလို M ကို ဇောက်ထိုးလုပ်ပြီး နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတာ ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ထူးထူးကဲကဲ အောင်မြင်ထမြောက်မှုတွေ ရရှိကြတဲ့ နေရာအနှံ့မှ အမျိုးသမီးတွေနဲ့ အထူးသဖြင့် ကျွန်တော်တို့ရဲ့ စားသောက်ဆိုင်များမှ အမျိုးသမီးများအတွက် အခုလို W ကို ဖန်တီးပေးခဲ့တာဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

အမေရိကန်မှာ ရှိတ့ မက်ဒေါနယ် ၀န်ထမ်းတွေထဲမှာ ၆၂% ဟာ အမျိုးသမီးများ ဖြစ်ကြပြီး မန်နေဂျာ ၁၀ ဦးမှာ ၆ ဦးက အမျိုးသမီး ဖြစ်ပါတယ်။

 

Read times
Rate this item
(2 votes)