-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒီအချက်တွေက သင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ဟန့်တားနေတာပါ

ဒီအချက်တွေက သင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ဟန့်တားနေတာပါ google.com

သင်လုပ်ငန်းရှင်တစ်ဦးဖြစ်လို ပါသလား။ ဒါပေမယ့် ဒီအချက်တွေကို လက်ဝယ် ပိုင်ဆိုင်ထားမယ်ဆိုရင် သင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ အလှမ်းဝေးနေဦးနေမှာ။ သင့်ကို အဟန့်အတား ဖြစ်နေတာတွေက ဘာတွေလဲ???

ဆုံးဖြတ်ချက် မချနိုင်ခြင်း

ဆုံးဖြတ်ချက်ချတယ်ဆိုတာ ကိုယ်က အရာတိုင်းကို ဆုံးဖြတ်သင့်တယ်လို့ ဆိုလိုတာမဟုတ်ဘဲ၊ ကိစ္စတစ်ခုအတွက် အချိန်ယူပြီး ဆုံးဖြတ်ခြင်းကို ဆိုလိုတာပါ။ ကိစ္စတစ်ခုကို ဆုံးဖြတ်ပြီး၊ ဒီဆုံးဖြတ်ချက်ကို တကယ်အကောင် အထည်ဖော်ကာ ဖြစ်လာတဲ့ အကောင်း၊ အဆိုးတဲ့အချက်တွေကို ဆက်လက် ကိုင်တွယ် ဖြေရှင်းရမှာပါ။

ဆုံးဖြတ်ချက်မပြတ်သားတဲ့ ခေါင်းဆောင်များသည် သူတို့ရဲ့အချိန်တော်တော်များများကို အကျိုးမရှိတာတွေနဲ့ ကုန်လွန်စေပါသည်။ စီးပွားရေးလောကတွင် ဆုံးဖြတ်ချက်ချရန် ကြန့်ကြာခြင်းသည် အခွင့်အရေးဆုံးရူံးခြင်းနဲ့ အတူတူပါပဲ။

တာဝန်မယူလိုခြင်း

သူငယ်ချင်းနဲ့ မိသားစုကြားထဲတွင် ဆင်ခြေအပေးဆုံးလူအဖြစ်သိကြပြီး၊ တာဝန်မယူလိုသူအဖြစ်နာမည်ကြီးသူ ပါ။ လုပ်ငန်းရှင်တစ်ဦးဖြစ်လာရင် ထင်ရှားတဲ့အချက်က တာဝန်အားလုံးယူရတာဖြစ်ပြီး၊ အဆိုးဝါးဆုံးအချက်က လည်း အားလုံးကို တာဝန်ယူရတာပါ။

ဘယ်သူတွေ ဘယ်လိုအမှားမျိုးတွေပဲလုပ်လုပ်၊ လုပ်ငန်းခေါင်းဆောင်ဖြစ်သူဟာ တာဝန်ခံရတာပဲ ဖြစ်ပါသည်။ လူတွေတော်တော်များများသည် ကိုယ်ပိုင်အလုပ်ကို ထူထောင်ပြီး၊ လုပ်ငန်းလည်ပတ်အောင်ဆောင်ရွက် ကြပါသည်။ ၀ယ်ယူသူတွေကော၊ ရင်းနှီးမြုပ်နှံသူများကပါ ကိုယ့်အပြစ်လို့ ပြောကြမှာပါ။ ဒီတော့ လုပ်ငန်းတစ်ခု မတည်ထောင်ခင် တာဝန်ယူနိုင်အောင် ကြိုးစားပါ။

မင်းရဲ့ လုပ်ချင်စိတ်နဲ့ တွန်းအားက ပိုက်ဆံပဲဖြစ်ပါတယ်

လုပ်ငန်းရှင်တစ်ယောက်ဖြစ်ရင် ချမ်းသာမှာပါပဲ။ လူတော်တ်ေများများကလည်း ပိုက်ဆံရှိရင် လုပ်ငန်းလည်ပတ် လိုကြပါသည်။ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင် အချိန်တွေလိုအပ်သလို၊ အကြာကြီးလည်း ဆောင်ရွက်ရပါသည်။ ရူံးနှိမ့်ခြင်းကလည်း ဖြစ်နိုင်ချေတစ်ခုပါ။ ကိုယ်တိုင်လည်း အောင်မြင်လိုစိတ် ပြင်းထန်ပြီး၊ ကိုယ့်ကို ရှေ့သို့တွန်းပို့မယ့် ရည်မှန်းချက်တစ်ခုရှိဖို့ လိုအပ်ပါသည်။

Read-သင့်အိပ်မက်တွေကို ဈေးပေါပေါနဲ့ မရောင်းလိုက်ပါနဲ့

Source: Open Forum

Read times
Rate this item
(2 votes)