-->
×

Warning

JUser: :_load: Unable to load user with ID: 29


Facebook ကိုသုံးပြီး ကြော်ငြာမယ့် လုပ်ငန်းရှင်တိုင်းအတွက်

Facebook ကိုသုံးပြီး ကြော်ငြာမယ့် လုပ်ငန်းရှင်တိုင်းအတွက် google.com

သင့်ရဲ့ဈေးကွက်ရှာဖွေခြင်း အစီအစဉ်အတွက် Facebook က အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်လား??? Facebook ကြော်ငြာတွေက အခုထိအကျိုးရှိသေးလားဆိုတာ သိချင်နေတယ်ဆိုရင်တော့ ယခု ဆောင်းပါးမှာ

မကြာသေးခင်ကပြုလုပ်ထားတဲ့ Facebookကြော်ငြာသုတေသနနဲ့ ပတ်သတ်ပြီး ကိန်းဂဏန်းဆိုင်ရာ အချက်အလက်တွေကို ဖော်ပြထားပါတယ်။ ဒီကြော်ငြာစစ်တမ်းက facebook ကိုသုံးပြီး ကြော်ငြာမယ့် လုပ်ငန်းရှင်တွေအတွက် များစွာ အထောက်အပံပေးနိုင်မှာပါ။

Facebookရဲ့ဝင်ငွေနဲ့ ကိန်းဂဏန်းဆိုင်ရာတိုးတက်မှုနှုန်း

ပရိတ်သတ် ကျဆင်းပြီး ဆုံးရှုံးနေတဲ့ platform တွေမှာ သယ်သူကမှ ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ကြပါဘူး။ Platform တစ်ခုရဲ့သက်တမ်းကိုခန့်မှန်းဖို့ဆိုရင် ဝင်ငွေနဲ့ ကိန်းဂဏန်းဆိုင်ရာတိုးတက်မှုနှုန်းကိုကြည့်ရပါမယ်။ ၂၀၁၈ခုနှစ်ဇန်နဝါရီလ နှစ်ကုန်ပိုင်းမှာ facebook က ၄င်းရဲ့ သုံးလတစ်ကြိမ် ဝင်ငွေကို ထုတ်ပြန်ထားပါတယ်။

ဒါကြောင့်နောက်ဆုံး ထုတ်ပြန်ထားတဲ့ အချက်အလက်တွေနဲ့ ခန့်မှန်းချက်တွေကို သိရှိရမှာပါ။ Facebook ရဲ့၂၀၁၇ခုနှစ် သုံးလတစ်ကြိမ်ဝင်ငွေဟာ ရှယ်ယာတစ်စောင်ရဲ့ အခွန်ပမာဏ ၁.၄၄ ဒေါ်လာ လျော့ချပြီး ၁၃ ဘီလီယံ ရှိပါတယ်။

အမြတ်ငွေရဲ့တစ်ဝက်လောက်ကို အမေရိကန် ကရရှိပြီး ဥရောပနိုင်ငံတွေဆီက ဒုတိယအများဆုံး ရရှိတာဖြစ်ပါတယ်။ GAAP (Generally Accepted Accounting Principle) ဝင်ငွေကတော့ ယခင်နှစ်နဲ့ နှိုင်းယှဉ်လျှင် ၄၇% ပြောင်းလဲသွားပါတယ်။

Photo 1

၂၀၀၉ မှ ၂၀၁၇ ထိ Facebook ရဲ့ကမ္ဘာတစ်ဝှမ်းလုံး ကြော်ငြာရငွေပါ

၂၀၁၇ခုနှစ် Facebook ရဲ့သုံးလတစ်ကြိမ်ရလဒ်မှာ facebookက တစ်ကမ္ဘာလုံး အသုံးပြုသူ တစ်ဦး အတွက်(ARPU) ရငွေဟာ ၆.၁၈ ဒေါ်လာဖြစ်ပြီး အမေရိကန်နဲ့ ကနေဒါအတွက်ဆိုရင်၂၆.၇၆ ဒေါ်လာ ဖြစ်ပါတယ်။ ၄င်းပေးချေမှုမှာ အခြားဝန်ဆောင်ခတွေလည်းပါဝင်ပြီး ဝန်ဆောင်ခရဲ့အများစုကတော့ ကြော်ငြာအတွက်ပေးချေမှုပါ။

၂၀၁၇ခုနှစ်စက်တင်ဘာလ အတွက်နေ့စဉ် facebookအသုံးပြုသူတွေကြော်ငြာကို မြင်စေဖို့ပျှမ်းမျှ ၁.၃၇ဘီလီယံ ရရှိနေပါတယ် ။ ဒါကြောင့် Facebook ဟာဝင်ငွေကောင်းကောင်းရှာနိုင်နေပါတယ်။

Facebookရဲ့ဝင်ငွေတိုးတက်မှုနှုန်းကို အာရုံစိုက်ထားတဲ့ ဈေးကွက်ရှာဖွေသူတွေရဲ့ခန်းမှန်းချက်မှာတော့ ၂၀၁၆ခုနှစ်(၅၇.၄%)ရရှိနေရာမှ ၂၀၁၈ခုနှစ် မှာ ၂၆.၅% လျော့နည်းသွားပါတယ်။ တတိယမြောက် သုံးလတစ်ကြိမ်ရဲ့ ကြော်ငြာဝင်ငွေဟာ ၁၀.၁ဘီလီယံဒေါ်လာရှိနေရာကနေ စတုတ္ထမြောက်သုံးလ တစ်ကြိမ်တွင် ၀င်ငွေ ၁၂.၈ဘီလီယံဒေါ်လာ မြင့်တက်လာပါတယ်။

ယခုအခါမှာတော့ ကြော်ငြာတိုးတက်မှုနှုန်းကို ဦးတည်လာပြီး   ၂၀၁၈မှာကြော်ငြာစရိတ်က မြင့်တက်လာပါတယ်။ Facebook ရဲ့ အဓိက၀င်ငွေအရင်းအမြစ်က အခပေး ကြော်ငြာတွေက ရရှိနေတာဖြစ်တယ်။

ဖော်ပြထားတဲ့ ဇယားကတော့ desktop advertising နဲ့ mobile advertising မှရငွေကို နှိုင်းယှဉ် ပြသထားတာပါ။ mobile advertising မှရငွေဟာ သိသိသာသာ တိုးတက်လာတာကို တွေ့မြင်ရမှာပါ။

Photo 2

Facebook ရဲ့ ဈေးကွက်ဝေစု ကိန်းဂဏန်းဆိုင်ရာ အချက်အလက်

အမေရိကန်နိုင်ငံမှာ Digital advertising ကဏ္ဍအတွက် ဈေးကွက်ရှယ်ယာ အများဆုံး ရရှိနေတဲ့ platform တွေကတော့ facebook နဲ့ google တို့ဖြစ်ပါတယ်။

2017ခုနှစ် မေလ ကမ္ဘာကျော်forbes မဂ္ဂဇင်းမှာဆိုရင် facebook ကမ္ပဏီဟာ ဆဌမမြောက် အကောင်းဆုံး အဖြစ် ရပ်တည်နေတယ်။ ၄င်းရဲ့ လက်ရှိဈေးကွက် တန်ဖိုးကတော့ အမေရိကန် ဒေါ်လာ 519 ဘီလီယံ ဒေါ်လာ ၀န်းကျင်ခန့် ရှိပါတယ်။ တကမ္ဘာလုံးမှာ အသုံးပြုနေတဲ့ ကြော်ငြာဝင်ငွေရဲ့ 25%ကို facebook နဲ့ google ကရရှိနေတာဖြစ်တယ်။

photo3

Digital Advertising မှာအသုံးပြုမှုတွင်ကျယ်လာမယ့် Instagram

Advertiding ကို instagram မှာ Facebook လောက်တွင်တွင်ကျယ်မသုံးပင်မဲ့လည်း instagram ကို facebookက ပိုင်တယ်ဆိုတာမမေ့ပါနဲ့။ instagarm ရဲ့ mobile advertising မှရငွေဟာ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင်၉၀.၇% တိုးတက်လာပြီး ၂၀၁၇ခုနှစ်ဝင်ငွေဟာ ၃.၀၈ ဘီလီယံဒေါ်လာဖြစ်ပါတယ်။

၂၀၁၈ခုနှစ် mobile advertising ရငွေခန့်မှန်းချက်မှာ ၆.၈၄ဘီလီယံဒေါ်လာနီးပါးဖြစ်ပြီး ၂၀၁၉ခုနှစ်အတွက် ၁၀ဘီလီယံဒေါ်လာကျော် ခန့်မှန်းထားပါတယ်။mobile advertising အတွက် facbook တစ်ခုတည်းကိုပဲထည့်သွင်းစဉ်းစားရမှာ မဟုတ်ပါဘူး။

နောက်တစ်ပိုင်းမှာတော့ Facebook အသုံပြုသူများနဲ့ ကြော်ငြာသူတွေ အကြောင်းကို ဆက်လက်ဖော်ပြပေးသွားမှာပါ။

ကြော်ငြာလုပ်ငန်းကိစ္စများကို ဆောင်ရွက်ပေးနေသည့် ဆိုင်လိပ်စာများကို Myanmar Advertising Directory page တွင် အလွယ်တကူ ၀င်ရောက်ရှာဖွေလိုက်ပါ။

Source; Social Media Examiner

Read times
Rate this item
(1 Vote)