-->
×

Warning

JUser: :_load: Unable to load user with ID: 29


၂၁ရာစုတွင် သင့်မှာရှိသင့်တဲ့ အရည်အချင်း (၃)ခု

၂၁ရာစုတွင် သင့်မှာရှိသင့်တဲ့ အရည်အချင်း (၃)ခု google.com

အခုဖော်ပြပေးမယ့် အရည်အချင်း(၃)ခု ကတော့ ဒီကနေ့ ၂၁ရာစုမှာ အလွန်တရာ အရေးပါလာပါပြီ။ သင့်မှာရော ဒီအရည်အချင်းတွေပိုင်ဆိုင်ထားပြီးပြီလား။ ဒါတွေကတော့

သတိ

ယနေ့ခေတ်မှာ ကျွန်တော်တို့ရဲ့ စိတ်အာရုံကို ဖမ်းစားအောင်လုပ်နိုင်တဲ့ အရာတွေအများအပြား ထွက်ပေါ်လာပါပြီ။ ဒါကြောင့် ဒီအရာတွေကို အမြဲတမ်းထိတွေ့နေရတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ဦးနှောက် autopilot ထဲကိုရောက်သွားပါလိမ့်မယ်။ (မသိစိတ်က အလုပ်လုပ်သွားခြင်းပါ)

အဲ့အချိန်ကျရင် အကြောင်းကိစ္စတစ်ခုကို ဆုံးဖြတ်တဲ့အချိန်မှာ ကိုယ်က ဦးနှောက်နဲ့ ဆုံးဖြတ်တယ်လို့ ထင်ရပေမယ့် အမှန်တကယ်တော့ ကိုယ့်ရဲ့ မသိစိတ်က ဆုံးဖြတ်လိုက်တာပါ။

တခါတလေ ကိုယ်က အလုပ်မှာ ဖြစ်နေပေမယ့် စိတ်က အိမ်ရောက်နေတာမျိုးပေါ့။ အဲ့ဒါကြောင့် ဒီနေ့ခေတ်မှာ “ ကိုယ်ဘာလုပ်နေလဲ ” ဆိုတဲ့ စကားကအရမ်းအရေးကြီးတဲ့ မေးခွန်းပါ။ ဒါ့ကြောင့် ဘယ်အလုပ်ကိုပဲလုပ်လုပ် သတိလေးကပ်ကာ စဉ်းစားဆင်ခြင်လုပ်ကိုင်ပါ။

ခွင့်လွှတ်ခြင်း

တစ်ခါတလေ အကြောင်းအရာသေးလေးတစ်ခုကို အစပြုပြီး စိတ်ဆိုးကြ၊ စကားမပြောနိုင် ၊ မခေါ်နိုင်တွေ ဖြစ်တာတွေကို ကြုံဖူးမှာပါ။ ဒီလိုတွေ ဖြစ်လာရခြင်းက အကြောင်းအရာတိုင်းကို ကိုယ့်အမြင်နဲ့ပဲ မြင်တတ်လို့ပါ။ မျက်လုံးတစ်လုံးဆုံးရင် မျက်လုံးတစ်လုံးကြေးဆိုတဲ့ စိတ်တွေ ကြောင့်ပါ။

ဒါ့ကြောင့် အကြောင်းအရာ တစ်ခုကို သေချာစဉ်းစား ဆုံးဖြတ်ပြီး ခွင့်လွှတ်တတ်တဲ့ စိတ်ကလေးတွေကို မွေးမြူခြင်းဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အရည်အချင်းတစ်ရပ်ပါ။

သူများနေရာကို ၀င်ကြည့်နိုင်အောင်လုပ်ပါ

ယနေ့ခေတ်မှာ လူတွေက သက်ရောက်မှုကို ကောင်းကောင်းမမြင်နိုင်ကြဘူး။ ကိုယ်ဒါကိုလုပ်လိုက်လို့ သူများအတွက် ဘယ်လိုသက်ရောက်သွားမလဲဆိုတာ သတိမထားတော့ မသိနိုင်ကြပါဘူး။

သတိမထားတော့ မသိ။ မသိတော့အချိန်ကြတော့ တစ်ယောက်နဲ့တစ်ယောက် လုပ်ချင်တာလုပ်ပြီး တစ်ယောက်နဲ့ တစ်ယောက်ထိခိုက်နိုင်တဲ့ လုပ်ရပ်တွေကိုပါ လုပ်လာကြပါတယ်။

ဒါကြောင့် လူတိုင်းက ဒီကမ္ဘာပေါ်မှာလူတွေဖြစ်ပြီးတော့ သေရင်လဲဒီမြေကြီးမှာပဲပြန်ရောက်မယ့် လူတွေလို့သဘောပေါက်နိုင်ပြီး ကိုယ်အရာတစ်ခုလုပ်လိုက်ရင် ဒီအကြောင်းအရာက သူများကို ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်လဲဆိုတာကို ကောင်းကောင်းနားလည်ပြီး သတိထားနိုင်တဲ့အချက်က အရမ်းအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

Read-အခွင့်အရေးတွေ ဘယ်သူကြောင့် ဆုံးရှုံးတာလဲ???

Source; Black Bin Myanmar

Read times
Rate this item
(1 Vote)