-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာ့အကောင်းဆုံး ကြော်ငြာကုမ္ပဏီ (၁၀) ခု

ကမ္ဘာ့အကောင်းဆုံး ကြော်ငြာကုမ္ပဏီ (၁၀) ခု google.com

2018 ခုနှစ်ရဲ့ အကောင်းဆုံး ကြော်ငြာ ကုမ္ပဏီ ၁၀ခုရဲ့ စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။ ဘယ်ကုမ္ပဏီက ထိပ်ဆုံးမှာ ရပ်တည်နေလဲဆိုတာကတော့..........

10. Dentsu- “Good Innovation”

Dentsu ကတော့ ဂျပန်နိုင်ငံ တိုကျို အခြေစိုက် ကြော်ငြာကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ နိုင်ငံပေါင်း 120လောက်အထိ ကြော်ငြာဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဓိက ပေးတဲ့ ၀န်ဆောင်မှုတွေကတော့ National Advertisement Market, New Market, Foreign Market နဲ့ Advertisement Related Market တို့ဖြစ်ပါတယ်။

9. Interpublic Group of Companies- “Diversity & Inclusion”

Interpublic Group ကတော့ နယူးယောက်မြို့မှာ ရှိပြီးတော့ ကမ္ဘာမှာအကြီးဆုံး ကြော်ငြာအေဂျင်စီဆိုလည်း မမှားပါဘူး။ နိုင်ငံပေါင်း ၁၀၀မှာ ရုံးခွဲတွေ ထားရှိပြီးတော့ digital Marketing, media buying, communications planning, consumer advertising နဲ့ specialty marketing နှဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတာပါ။

8. CP+B- ‘ Culture Tweakers’

CP+B ကိုတော့ အမေရိကန် ကုမ္ပဏီလို့ လူသိများပြီး 1988 ခုနှစ်ကတည်းက အကောင်းဆုံး ကြော်ငြာတွေကို ၀န်ဆောင်မှုပေးနေတာပါ။ ရုံးချုပ်ကတော့ အမေရိကန် ကိုလိုရာဒိုမှာရှိပြီး ဘရာဇီး၊ ဒိန်းမတ်၊ ဟောင်ကောင်၊ အင်္ဂလန် နဲ့ တရုတ်နိုင်ငံတွေမှာ ရုံးခွဲများ ထားရှိပါတယ်။ ကမ္ဘာကျော် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Paypal, Burger King နဲ့ American Airlines တို့အတွက် ကြော်ငြာလုပ်ငန်းတွေကို ဆောက်ရွက်ပေးနေတာပါ။

7. BSSP- “Combining Creativity with sound strategy”

BSSP ကတော့ အမေရိကန်နိုင်ငံ west coast မှာ နာမည်ကြီးတဲ့ ကြော်ငြာ အေဂျင်စီတစ်ခုပါ။ ၀န်ဆောင်မှု ပေးတာတွေကတော့ integrated communications planning, design & strategic brand consulting, data analytics, advertising, online marketing နဲ့ strategic brand consulting တို့ပါ။

6. Droga5- “Digitally Native”

Droga 5 ကတော့ printing, digital နဲ့ broadcasting နယ်ပယ်မှာ အကောင်းဆုံး ကြော်ငြာအေဂျင်စီတစ်ခုလို့ ဆိုနိုင်ပါတယ်။ နယူးယောက်မှာ အခြေစိုက်ပြီး award of Independent Agency of the Year ကို 2015 နဲ့ 2016 ဆက်တိုက် ရယူထားနိုင်ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကျော်ကြားနေတဲ့ Toyota, Coca-Cola , Unilever တို့ကလည်း သူရဲ့ ဖောက်သည်တွေပါပဲ။

5. BBDO- “The Work”

ကမ္ဘာ့အကောင်းဆုံး ကြော်ငြာအေဂျင်စီတွေထဲမှာ BBDO ကလည်း မပါမဖြစ်ပါပဲ။ 1891ခုနှစ်ကတည်းက ကြော်ငြာလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပြီး နိုင်ငံပေါင်း ၈၀မှာ ရုံးခွဲ၂၈၉ ခုဖွင့်လှစ်ထားပါတယ်။ Aerial, AT & T ,General Electric နဲ့အခြားသော ကုမ္ပဏီတွေ့ရဲ့ ကြော်ငြာတွေကိုလည်း ပြုလုပ်ပေးနေပါတယ်။

4. Grey Global- “Famously Effective”

Grey Global ကတော့ နယူးယောက်မှာ ရုံးစိုက်ပြီး နိုင်ငံပေါင်း ၉၆ နိုင်ငံမှာ ရုံးခွဲပေါင်း ၄၃၂ခုနဲ့ digital marketing, creative development, direct management နဲ့အခြားသော ၀န်ဆောင်မှုတွေကို ပြုလုပ်နေပါတယ်။ Nokia, British American Tobacco , Canon အစရှိတဲ့ နိုင်ငံတကာ brands တွေကိုလည်း ၀န်ဆောင်မှုပေးနေပါတယ်။

3. Publics Groupe-“ Creativity & Technology ”

သူတို့ရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို ၁၉၂၆ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ ဒီနှစ်မှာတော့ အကောင်းဆုံး အေဂျင်စီထဲကမှ နံပါတ် (၃)နေရာမှာ ရပ်တည်နေပါတယ်။ ရုံးချုပ်ကတော့ ပြင်သစ်နိုင်ငံ ပဲရစ်မှာ အခြေစိုက်ပြီး sales promotion, customer relationship management, ethic communications, interactive services, events marketing, pre-press နဲ့media sales စတဲ့လုပ်ငန်းတွေကို ၀န်ဆောင်မှု ပေးနေတယ်။

2. Omnicom Group- “Talent, Collaboration, Creativity”

ကမ္ဘာတစ်ဝန်းမှာ ကုန်ပစ္စည်းပေါင်း ၅၀၀၀ လောက်ကို ၀န်ဆောင်မှုပေးနေတဲ့ ကြော်ငြာအေဂျင်စီကို ပြပါဆိုလျှင် Omnicom Group ကိုပြရမှာပါ။ ဒါကြောင့် ကမ္ဘာ့အကောင်းဆုံး အေဂျင်စီရဲ့ နံပါတ်(၂) နေရာမှာ ရပ်တည်နေနိုင်တယ် ဆိုတာ ငြင်းဖွယ်ရာ မရှိပါဘူး။ နယူးယောက်မှာ ရုံးစိုက်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀တွင် ၀န်ထမ်းပေါင်း ၇၄၀၀၀ နဲ့ customer relationship management, brand advertising, media planning, specialty communication အစရှိတဲ့လုပ်ငန်းတွေကို ၀န်ဆောင်မှုပေးနေပါတယ်။

1. WPP Group-“A world leader in marketing communication”

WPP ကတော့ ကမ္ဘာ့အကြီးဆုံး ကြော်ငြာအေဂျင်စီဖြစ်တဲ့အပြင် အကောင်းဆုံး အေဂျင်စီဇယားရဲ့ နံပါတ်(၁)နေရာမှာ ရပ်တည်နေတာပါ။ WPPရဲ့ ၀န်ဆောင်မှ တွေကတော့ consumer insights, relationship marketing, public relations, branding & identity, digital marketing , market research နဲ့ media planning တို့ဖြစ်ပါတယ်။ ရုံးချုပ်ကတော့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မှာပါ။

 

Read-ကုန်အမှတ်တံဆိပ်ရဲ့ ပုံရိပ်ကို ပြသနိုင်တဲ့ကြော်ငြာ

Read times
Rate this item
(2 votes)