-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒေတာ အရှုပ်အရှင်းတွေ ရှိခဲ့ပေမယ့်လည်း အကျိုးအမြတ်ပိုရသွားတဲ့ Facebook

ဒေတာ အရှုပ်အရှင်းတွေ ရှိခဲ့ပေမယ့်လည်း အကျိုးအမြတ်ပိုရသွားတဲ့ Facebook google.com

အရှက်ရစရာ ဒေတာအရှုပ်တော်ပုံတစ်ရပ် ပေါ်ပေါက်ထားခဲ့သော်လည်း အမေရိကန်က Facebook users

အများစုကတော့ အဆိုပါ လူမှုကွန်ရက်ဆိုဒ်ကို

အရင်အတိုင်း ဆက်ပြီး သစ္စာရှိရှိ ယုံကြည် အသုံးပြုနေဆဲ

ဖြစ်တယ်လို့ Reuters/Ipsos က ပြုလုပ်တဲ့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့အကြီးဆုံး ဆိုရှယ်မီဒီယာကုမ္ပဏီကြီးဖြစ်တဲ့ Facebookကတော့ ပြီးခဲ့တဲ့ကာလအတွင်း ကြီးမားတဲ့ ဒေတာ

မျှဝေအသုံးပြုစေမှု အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်နေခဲ့တာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့

ရွေးကောက်ပွဲမဲဆွယ်အဖွဲ့နဲ့ အချိတ်အဆက်ရှိတဲ့ နိုင်ငံရေး အတိုင်ပင်ခံလုပ်ငန်း CambridgeAnalytica ကို

Facebook users ပေါင်း သန်းပေါင်းများစွာတို့ရဲ့ အချက်အလက်တွေကို ရယူအသုံးပြုခွင့် ရသွားခဲ့တာ ဖြစ်လို့

Facebook တာဝန်ရှိသူ Zuckerberg အနေနဲ့ စုံစမ်းစစ်မေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ယူကေ အခြေစိုက် ကုမ္ပဏီဆီကို users ပေါင်း ၈၇ သန်းရဲ့ ဒေတာတွေ မလျော်ကန်စွာ မျှဝေပေးခဲ့ကြောင်း

ပြီးခဲ့တဲ့လက Facebook ဘက်က ၀န်ခံခဲ့ပြီးနောက်ပိုင်းမှာတော့ လူမှုမီဒီယာကုမ္ပဏီအနေနဲ့ သိသာထင်ရှားတဲ့

ဆုံးရှုံးမှု သို့မဟုတ် အသာရမှုတို့ မရှိခဲ့ဘူးလို့ ယခု စစ်တမ်းမှာ တွေ့ရှိရပါတယ်။

ယင်းအရှုပ်တော်ပုံ အထွတ်အထိပ်ရောက်ပြီး သီတင်းပတ်တွေအကြာမှာ Facebook ဘက်က ယခုနှစ်

ပထမသုံးလပတ် စာရင်းရှင်းတမ်း ထုတ်ပြန်ရာမှာတော့ ယင်းရဲ့ ရောင်းအားပိုင်းမှာ ၅၀ ရာခိုင်နှုန်း

နီးပါးထိတောင် တက်လာခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ကုမ္ပဏီရဲ့ အကျိုးအမြတ် ရရှိမှုကတော့ ယမန်နှစ်က ဒေါ်လာ၃ ဘီလီယံနဲ့ ယှဉ်ရင် ယခုနှစ်မှာ ၄ ဒသမ ၉

ဘီလီယံထိတောင် တက်လာခဲ့တယ်လို့ သိရပါတယ်။

Read-Facebook ကြော်ငြာတွေက ထိရောက်မှုရှိရဲ့လား???

Source; Strategy First Journal

Read times
Rate this item
(1 Vote)