-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဈေးကွက်ထဲမှာ စားသုံးသူကို ဆွဲဆောင်နိုင်တဲ့ ဆိုင်ကောင်းတစ်ခု ရနိုင်ဖို့

ဈေးကွက်ထဲမှာ စားသုံးသူကို ဆွဲဆောင်နိုင်သော ဆိုင်ကောင်းတစ်ခု ရနိုင်ဖို့

(၁) ဆိုင်နေရာ ကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးပါတယ်။

(၂)ရောင်းကုန်ရဲ့ အရည်အသွေးဟာလည်း

ဆိုင်နေရာထက် ပိုအရေးကြီးနေတတ်ပြန်ရော။

(၃)စကားကိုချိုသာစွာပြောဆိုပြီး ဈေးရောင်းတတ်ခြင်း ဟာလည်း အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ်။

(၄)အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။

(၅)ဆိုင်ကို လှပစွာ ခင်းကျင်းတတ်ခြင်း ဟာလည်း အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပိုရောင်းကောင်းနေတတ်ပါတယ်။

ဈေးချိုတယ်ဆိုတာ ၀ယ်သူများက ထင်မြင်သွားစေချင်လို့ပါ။ ဒီအချက်လေးကိုလဲ သတိထားသင့်ပါတယ်။

(၆)၀ယ်သူကို တောက်လျှောက် လိုက်ကပ်နေတာမျိုး၊ မ၀ယ်မချင်း တိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ။ ဒီလိုလုပ်ရင် ၀ယ်သူကို စိတ်ရှုပ်စေတယ် ဆိုတာလည်း သိသင့်ပါတယ်။

(၇)ပိုက်ဆံ တစ်ကျပ် သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူတတ်ပါတယ်။ တန်ဖိုးပိုရှိတယ်။

(၈)ငွေလည်ပတ်မှု မြန်ဆန်ပါစေ။

(၉)စားသုံးသူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို အော်ငေါက်တာမျိုး ၊ အပြစ်တင်တာမျိုး လုပ်ခြင်းဟာ စားသုံးသူကို မောင်းထုတ်တာပါ။ တတ်နိုင်သမျှ ရှောင်ပါ။

(၁၀)နည်းနည်း ၊ များများ လက်ကားဖောက်သည်ကို အမျိုးလို သဘောထားပါ။ တတ်နိုင်သမျှ သူတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ။

ဒီအချက်ကလည်း စားသုံးသူနဲ့ ကိုယ်နဲ့ကြား နွေးထွေးစေပါတယ်။

(၁၁)ရောင်းကုန် ပြတ်သွားတယ်ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာနဲ့ အတူတူပါပဲ။ ဒါလေးတွေလည်း သတိထားစေချင်ပါတယ်။

(၁၂)ကုန်ဈေးနှုန်း တစ်ခုတည်း ဖြစ်ပါစေ၊ တစ်ခုခုကြောင့် ဈေးလျှော့ရောင်းခြင်း ဟာ ၀ယ်သူရဲ့ထင်မြင်ချက်ကို ရှုပ်ထွေးမှု ဖြစ်စေတတ်ပါတယ်။

(၁၃)ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုလုပ်ပါနှင့်၊ စားသုံးသူ ကြိုက်နှစ်သက်သော အရာများကို ရောင်းချနေခြင်း မဟုတ်ပါ။

စားသုံးသူအတွက် အကျိုးရှိသောအရာများကို ရောင်းချနေတာပါ။

(၁၄)စာရွက်လေး တစ်ရွက်ပဲ ဖြစ်ဖြစ် ၊ လက်ဆောင်ကို လူတိုင်း နှစ်သက်တတ်ကြပါတယ်။

(၁၅)စားသုံးသူများက ကလေးများကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ် ၊ ကလေးဈေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ။

(ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်းမလုပ်ဘူး)ဆိုတာ လူတွေသိပါစေ။

(၁၆)အသစ်ထွင်ပါ။ ၀ယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲ ကြိုးစားပါ။

(၁၇)အရောင်းအ၀ယ် ကြီးကြီး သေးသေး အစွမ်းကုန် ကြိုးစားပါ။ ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။

ဒီအချက်လေးတွေနဲ့ ဆိုင်ကောင်းလေးတစ်ခုဖြစ်ဖို့ Plan လေးတွေ ဆွဲပြီး ဈေးကွက်ထဲ မှာဆွဲဆောင်မှုရအောင် ဒီနေ့ပဲ စတင်လိုက်ပါ။

Read-ကုန်အမှတ်တံဆိပ်ကို ပြသနိုင်တဲ့ကြော်ငြာ

 

Credit;B-jack

 

Read times
Rate this item
(3 votes)